Shwe Lamin Nagar မှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Acer Shwe Lamin Nagar Co,.Ltd မှ အစဉ်တစိုက်ဝယ်ယူအားပေး ကူညီရောင်းချပေးသော Dealer /Reallser ဆိုင်ကြီးများကို ကျေးဇူးတုန့်ပြန်သောအားဖြင့် 4G Shop Decoration Program အစီအစဉ်လေးကို June လမှ August လအထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ June လတွင် ရောင်းအားအကောင်းဆုံးနှင့် ဆိုင်အပြင်အဆင် လှပသေသပ်ဆုံး ဆုရရှိသွားသော Idea Link Computer Shop အား Acer Aspire E3-111 Mini Netbook Prize ကိုပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ၄င်းဆိုင်တွင် ကူညီရောင်းချပေးသော တာဝန်ကျ Acer Sales Promoter မအေးမြမြငြိမ်းကိုလည်းပဲ Acer Iconia Tab B1-740 ချီးမြှင့် ပြီးခဲ့ပါသည်။
July လ တွင်လည်း Top Power Computer Shop က Acer Aspire E5-471G(i3) Prize ကိုထပ်မံဆွတ်ခူးရရှိခဲ့ပြီး ဆိုင်တာဝန်ကျ Acer Sales Promoter မအိအိဖြိုးအား Acer Liquid Z5 Smart Phone တစ်လုံးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
August လတွင် ရရှိမည့်ဆိုင်၊ အရောင်းဝန်ထမ်းနှင့် သုံးလပေါင်း Total Best Performance ဆုကိုလည်း first 1400$, second 700$ & third prize 500$သည် ရောင်းချပေးသော ဆိုင်များအတွက်ဖြစ်ပြီး ရောင်းချပေးသော Sale Promoter များအတွက် first 300$, Second 200$ & third prize 100$ ကို မည့်သည့်ဆိုင်၊ မည့်သည့် အရောင်းဝန်ထမ်း ရရှိသွားသည်ကို ဆက်လက်ဖော်ပြပေးသွားပါဦးမည်။ အဖက်ဖက်မှ ကူညီရောင်းချပေးသော Acer အရောင်းဆိုင်ကြီးများနှင့် ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးပင် တင်ရှိပါသည်။