Laptops, News, Review

HP Zbook 15 (World 1st Mobile Work Station)

HP Zbook 15 (World 1st Mobile Work Station)

Royal Smart Tradingမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ကျော်ကြားလှတဲ့ HP Workstation တွေကို Notebook အဖြစ် အသုံးပြုနိုင်ဖို့ သင်တောင့်တမိဖူးပါသလား?? သင်တို့ရဲ့ စိတ်ကူးတွေကို HP မှ အကောင်အထည်ဖော်နိုင်ဖို့ HP Workstation တွေကို Mobile Workstation အဖြစ် တီထွင်ဆန်းသစ်ထားတဲ့ HP ရဲ့ ZBook Mobile Workstation များကို သင်ခံစားထိတွေ့နိုင်ဖို့အတွက် Royal Smart Trading မှ တင်သွင်းဖြန့်ချီလိုက်ပါပြီ။

ခိုင်ခန့်တဲ့ Aluminium နှင့် ဖွဲ့စည်းထားသော သတ္ထုကိုယ်ထည် အေးမြမှုနှင့်အတူ ရိုးရှင်းတဲ့ အစင်းပြောင်သား ကာဘာဒီဇိုင်းလေးက ဆွဲဆောင်မှုရှိတဲ့အပြင် ခိုင်မာတဲ့ Chiclet Keyboard, Dual Pointing Device 3 button, Image Sensor Touchpad, Num pad ပါ ပါဝင်ထားတဲ့ ခန့်ညားတဲ့ မဟူရာ အရောင်နဲ့HP Zbook ဖြစ်ပါသည်။
Screen ဆိုဒ်ကြီးကြီးကို နှစ်သက်သူများအတွက် (15.6”) အမျိုးအစားဖြစ်ပြီး Full HD ကို ကောင်းမွန်ပြည့်ဝစွာ ခံစားနိုင်မှာ ဖြစ်ပါသည်။ High Performance ကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မည့် Intel 4Gen Core i7 4900MQ ကို ဆင်ယင်ထားပြီး Intel HD Graphic 4600 ပါသည့်အပြင် NVIDIA Quadro K110M 2GB ပါရှိသည့်အတွက် Design, Photoshop, 3D Max, Game,  Auto Card, Video Editing စသည်များကို ရုပ်ပုံထွက် ပိုမိုကောင်းမွန်စေနိုင်ပြီး အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်သည့်အပြင် NVIDIA Optimus14 Technology Supported ကလည်း ပါဝါစားကို သက်သာစေပါသည်။ Dream Color Technology ကို အသုံးပြုထားသည့် အတွက် အနုပညာ လုပ်ငန်းပိုင်းဆိုင်ရာနှင့် Design လုပ်ငန်းများတွင် အသုံးပြုသူများအတွက် စစ်မှန်တဲ့ အရောင်အသွေးနှင့် စစ်မှန်တဲ့ ရုပ်ပုံထွက်ကို ရရှိစေနိုင်ပြီး ကျေနပ်နှစ်သက်စေမည်ဖြစ်ပါသည်။ အခြား IO Device များနှင့် ချိတ်ဆက်အသုံးပြုရန်အတွက် USB – 3.0 ထက် ၂ဆ ပိုမြန်စေသည့် Thunderbolt™,2 Technology ကို အသုံးပြုထားသည့်အတွက် လူကြီးမင်းတို့၏ Dada Transfer များပြုလုပ်သည့်အခါ ပိုမိုလျှင်မြန်စွာ အသုံးပြုနိုင်မည်ပါသည်။

Memory 16GB ပါရှိပြီး Memory Slot (4) ခုပါသည့်အတွက် Memory 32 GB ထိလိုအပ်သလို တိုး၍ အသုံးပြုလို့ရပါသည်။ အချက်အလက်မြောက်မြားစွာ သိမ်းဆည်းနိုင်မည့် Data Storage 1000GB HDD သည် 7200RPM ဖြစ်သည့် အတွက် ပုံမှန် Notebook များထက် လုပ်ဆောင်ချက်များကို ပိုမိုလျှင် မြန်စေပါသည်။ Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန် 8 Cell Battery က အမြင့်ဆုံးအသုံးပြုချိန် ၁၄ နာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်ပိတ်ထားစဉ်မှာပဲ သင်ရဲ့ Mobile Device များကိုပြန်လည်အားသွင်းနိုင်မဲ့ USB 3.0 Charging နည်းပညာပါဝင်ပါသည်။

ဝယ်ယူသုံးစွဲသူအတွက် မိမိကိုယ်မိမိ ယုံကြည်မှုပိုမိုရရှိစေပြီး အဆင့်အတန်းတစ်ခုအထိ ပို့ဆောင်ပေးနိုင်မည့် HP ၏ Product Series အသစ်ဖြစ်သည့်အပြင် ဝယ်ယူသူအနေနှင့်လည်း တန်ဖိုးနှင့်ညီမျှသော စွမ်းဆောင်ရည်ကို ထိတွေ့ခံစားနိုင်မည်ဖြစ်ပါသည်။

အာမခံသက်တမ်း ( ၃ ) နှစ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ….
ဈေးနှုန်း-2555$

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *