Automobile

Lamborghiniရဲ့ ဒေါ်လာသိန်းချီ တန်တဲ့ ပြိုင်ကား

ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ 2013ကားပြပွဲမှာ ကမ္ဘာအရပ်ရပ်က ကားထုတ်လုပ်သူတွေဟာ ၎င်းတို့ဖန်တီး ထားတဲ့ ကားတွေကို မိတ်ဆက်ပြသလျက် ရှိပါတယ်။ အဲဒီထဲကမှ ပြိုင်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Lamborghiniရဲ့ ကားသစ်တစ်စီးအကြောင်းကို မြန်မာအိုင်စီတီ ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက် ပါတယ်။ အဆိုပါကားဟာ နောက်ဖက်မှာ အိတ်ဇောပိုက် ၄လုံးပါ၀င်တဲ့ လူငယ်ကြိုက်ပုံစံ ပြိုင်ကားဖြစ်ပြီး Gallardoလို့ အမည်ပေးထားပါတယ်။ ကားရဲ့ နာမည်အပြည့်အစုံကတော့ Lamborghini Gallardo LP 570-4 Squadra Corseဖြစ်ပါတယ်။ အဆိုပါ ပြိုင်ကားဟာ Blancpain Super Trofeoပြိုင်ကားကို အနည်းငယ်ပြင်ဆင် ပြောင်းလဲပြီး ထုတ်လုပ်ထားတာပါ။

မူလ Blancpainပြိုင်ကားနဲ့ ယခုကားသစ် Gallardoမှာ တူညီတဲ့ အချက်တစ်ခုကတော့ 5.2လီတာ V10အင်ဂျင် တပ်ဆင်ထားခြင်း ပါပဲ။ အဆိုပါ အင်ဂျင်ဟာ မြင်းကောင်ရေ ၅၇၀စွမ်းအား ရှိပါတယ်။ အဆိုပါ အလန်းစားပြိုင်ကားရဲ့ ပုံတွေကိုလည်း တင်ဆက်ပေးထားပါတယ်။ ဂီယာခြောက်ချက်နဲ့ ထိန်းချုပ် မောင်းနှင်နိုင်ပြီး ကားရဲ့ကိုယ်ထည်ဟာ အလူမီနံနဲ့ ကာဗွန်အမျှင်တွေ ပေါင်းစပ် ဖန်တီးတည်ဆောက် ထားတာပါ။ ပြိုင်ကားမို့လို့ ပေါ့ပါးအောင် လုပ်ဆောင်ထားပြီး အလေးချိန် ပေါင်၃၀၀၀အောက် သာရှိပါတယ်။ Lamborghiniကတော့ ၎င်းတို့ရဲ့ ပြိုင်ကားကို ယူရိုငွေ နှစ်သိန်းနီးပါး(အမေရိကန် ဒေါ်လာ နှစ်သိန်းခွဲခန့်) သတ်မှတ်ထားပါတယ်။ ဒါ့အပြင် အဆိုပါ ပြိုင်ကားဟာ အကန့်အသတ်နဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “Lamborghiniရဲ့ ဒေါ်လာသိန်းချီ တန်တဲ့ ပြိုင်ကား

Leave a Reply

Your email address will not be published. Required fields are marked *