News

မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုနိုင်သည့် နိုင်ငံပေါင်း ၂၃နိုင်ငံအထိ ရှိလာ

ကမ္ဘာ့နိုင်ငံပေါင်း ၂၃နိုင်ငံရှိ အော်ပရေတာပေါင်း ၄၄ခုမှ မိုဘိုင်းဖုန်း သုံးစွဲသူများသည် မြန်မာနိုင်ငံသို့ ၄င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများကို သယ်ဆောင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းလိုင်းများသည်လည်း အဆိုပါ နိုင်ငံပေါင်း ၂၃နိုင်ငံသို့ သယ်ဆောင် အသုံးပြုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်း မိုဘိုင်းအင်ဂျင်နီယာချူပ်က နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ပြောကြားသည်ဟု သိရသည်။

Bilateral နည်းဖြင့် အပြန်အလှန် ချိတ်ဆက်ထားသော နိုင်ငံများနှင့် အော်ပရေတာများမှာ တရုတ် (China Unicom), ဗီယက်နမ် (Vina Phone & Viettle Corporation), ကိုရီးယားနိုင်ငံ (SK Telecom), ဂျပန် (NTTDOVOMO), စင်ကာပူ (Star Hub Mobil & Aing Tel Mobile), ဟောင်ကောင် (Hutchison HGC & HKT), အင်ဒိုနီးရှား (TELKOSEL), ထိုင်း (True Move)တို့ဖြစ်သည်ဟု ဆိုသည်။

ကြားခံ Roaming Hubကို အသုံးပြု၍ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်းများ သယ်ဆောင်အသုံးပြုနိုင်ရန် ချိတ်ဆက်ထားသည့် နိုင်ငံများနှင့် အော်ပရေတာများမှာ ဘရူနိုင်း (DST Com), မလေးရှား (CELCOM), ဖိလစ်ပိုင် (SMART), စင်ကာပူ (M one), တောင်ကိုရီးယား (Korea Telecom), ဂျပန် (Soft Bank)နှင့် သီရိလင်္ကာ (DIALOG)တို့ဖြစ်ကြောင်း သိရသည်။

အလားတူ Orang Hubကို အသုံးပြု၍ ချိတ်ဆက်ထားသော နိုင်ငံများနှင့် အော်ပရေတာများမှာ ပြင်သစ်၊ ဆွစ်ဇာလန်၊ စပိန်တို့ ဖြစ်ကြပြီး ဟောင်ကောင် (CSL), တရုတ် (တိုင်ပေ) (Taiwan Mobile), မလေးရှား (U Mobile), အိန္ဒိယ (Arical), ကမေ္ဘာဒီးယား (Latelz-Smart), , ဘယ်လ်ဂျီယံ (Mobi Star), လူဇင်ဘတ် (Orange), အိုက်စ်လန် (NOVA), အိန္ဒိယ (Tata), သီရိလင်္ကာ (Barthi), ကာတာ (Ooredoo), အိန္ဒိယ (Barthi Airtel), ပြင်သစ် (Free Mobile), ဘရူနိုင်း (B Mobile)နှင့် လာအို (Loa Tel)တို့ဖြစ်ကြောင်း၊ သြဂုတ် ၄ရက်ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြထားသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုနိုင်သည့် နိုင်ငံပေါင်း ၂၃နိုင်ငံအထိ ရှိလာ

  1. Aung Thu Oo says:

    သယ်သွားဖို့ ဆက်သွယ်ရေး ခွင့်ပြုချက် တောင်းစရာလိုပါသလား ပြီးတော့ Billing ကဘယ်လိုလဲ

Leave a Reply

Your email address will not be published. Required fields are marked *