News

“Xbox One”နှင့် သူ့ရဲ့ Acessoriesများ

Microsoftက ထုတ်တဲ့ Xbox ဂိမ်းစက်တွေ အောင်မြင်ချက်ကတော့ ပြောဖို့တောင် မလိုတော့ဘူး ထင်ပါတယ်။ အခုလည်း Xbox မျိုးဆက်သစ် Xbox Oneနဲ့ သူ့ရဲ့ Acessoriesတွေ အကြောင်းတင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။ Xbox One ဟာ ရှစ်ဆက်မြောက် မျိုးဆက်ဖြစ်ပြီး Xbox OSနဲ့ CPU ကတော့ AMD 8 Core APU (2 Quad-Core Jaguar Modules) သုံးထားပါတယ်။

Memory 8GB သုံးထားပြီး အဲဒီထဲကမှ 5GBကို ဂိမ်းတွေ ထည့်သွင်းထားနိုင်ပါတယ်။ Graphics ကို AMD Radeon နဲ့ 7.1 Surround Sound အသံစနစ်တွေ သာမက 1080p Kinect ကင်မရာလည်း တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဂိမ်းဆော့နေရင်း အင်တာနက်သုံးခြင်း၊ ဂိမ်းဆော့နေရင်း Skype ပြောခြင်းစသည်တို့ကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ပါတယ်။ Online Services အနေနဲ့ Xbox Liveရဲ့ Update သတင်းတွေ၊ ဂိမ်းတွေ အချိန်နဲ့ တစ်ပြေးညီ ရယူနိုင်ပါတယ်။ ပေးထားနဲ့ Memory နဲ့ မလောက်ရင် External, DVD, Blu-ray Disc စတာတွေနဲ့ ဆော့နိုင်ပါတယ်။


Amazon.com မှာတော့ Xbox Oneကို ဒေါ်လာငါးရာနဲ့ သငေ်္ဘာတင်ပို့ခ အပြီးအစီး ၀ယ်ယူရှိနိုင်ပါတယ်။ Xbox Oneရဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းကိုတော့ ထုတ်ပြန်လိုက်ပြီပဲ ဖြစ်ပါတယ်။ Rechargeable လက်ကိုင်ကိုတော့ ၅၉.၉၉ ဒေါ်လာ၊ Battery Kitကို ၂၄.၉၉ ဒေါ်လာ၊ ဂိမ်းစက်တစ်ခုလုံးနဲ့ Controller တစ်ခုကိုတော့ သြစတြေးလျဒေါ်လာ ၅၉၉ နဲ့ ၀ယ်ယူနိုင်ပါတယ်။ သြစတြေးလျရှိ Microsoft ဆိုင်တွေမှာ Xbox One ရဲ့ Acessoriesတွေ ၀ယ်ယူရရှိ နိုင်ပြီပဲဖြစ်ပါတယ်။ Xbox Oneရဲ့ ဂိမ်းတွေကို Microsoft Companyရဲ့ Websiteမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ဂိမ်းတစ်ခုကို သြစတြေးလျ ဒေါ်လာ ၉၀ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သြစတြေးလျမှာ SONYရဲ့ PS4 က Xboxထက် ဈေးသက်သာနေကြောင်း သိရှိရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *