News

Microsoft က Xbox One ရောင်းချတဲ့ Party ပြုလုပ်ပေး

Xbox One ရောင်းချတဲ့ အထိမ်းအမှတ် Party ပွဲတစ်ခုကို Microsoft က New York မှ Time Square မှာ ကြာသပတေးနေ့ က ပြုလုပ်ပေးခဲ့ပါတယ်။ Best Buy မှ ကြိုတင် ၀ယ်ယူထားသူ ပထမဆုံး အယောက် တစ်ထောင် ကို Best Buy Theater ထဲသို့ ည ကိုးနာရီ ခွဲ အချိန်တွင် ၀င်ခွင့်ပေးခဲ့ပါတယ်။ Xbox One Game Demos တွေ ကစားခွင့် ရမှာဖြစ်ပြီး Developers တွေကလည်း လက်မှတ်ရေးထိုးပေးကြပါတယ်။ Macklemore , Ryan Lewis တို့က လည်း သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

အဲဒီ ပွဲ မှာ Xbox One Game တစ်ခုဖြစ်တဲ့ Ryse: Son of Rome and Dead Rising 3 ထဲမှ Zombies တွေ ၊ ရောမသူရဲကောင်း ၀တ်စုံတွေ ၀တ်ဆင်ထားတဲ့ သူတွေနဲ့လည်း ဖျော်ဖြေခဲ့ပါတယ်။

ညလယ်အချိန်မှာ Xbox ထုတ်လုပ်ရေး ဌာန ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Marc Whitten က တန်းစီ ၀ယ်ယူနေတဲ့ ပရိသတ် ထဲမှ ပထမဆုံး ဆယ်ယောက်ကို ဂိမ်းစက် ကို ရောင်းချပေးခဲ့ပါတယ်။ Party ပွဲ ရဲ့ ပုံရိပ်တွေကို ခံစားကြည့်နိုင်ဖို့ Gallery ပြုလုပ်ပေးလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *