How-to

Chrome Browser မှာ Website တစ်ခုထဲကို Account အမျိုးမျိုးနဲ့ တစ်ပြိုင်နက် Log In လုပ်မယ်

အကယ်၍များ သင်ဟာ Google, Twitter နဲ့ Facebook လို Website တွေမှာ သင့်ပြုလုပ်ထားတဲ့ Account တွေဟာ တစ်ခုထက်ပိုရှိနေပြီး သင့့်အနေနဲ့ တစ်ပြိုင်နက် Log In ပြုလုပ်အသုံးပြုချင်နေပါသလား ? သင်ဟာ Google Chrome Browser ကို Primary Browser အနေနဲ့ အသုံးပြုသူ ဆိုရင်တော့ ဒီပြဿနာကို အလွယ်တကူ ဖြေရှင်းလို့ရပါပြီ ။ Identity Mask ဆိုတဲ့ ရိုးရှင်းတဲ့ Chrome Extension လေးကိုသုံးကြည့်လိုက်ပါ ။ Identity Mask ဟာ Browser Window တစ်ခုထဲမှာပဲ Website တစ်ခုရဲ့ Multiple Accounts တွေကို တစ်ပြိုင်နက် ၀င်ရောက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ် ။ ဥပမာအားဖြင့် ပြောရရင် သင့်မှာ သင့်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ထိတွေ့ဆက်ဆံဖို့ Gmail Account တစ်ခုနဲ့ သင့်ရဲ့ အလုပ်အတွက် Gmail Account နောက်ထပ် တစ်ခုသက်သက်ရှိတယ်ဆိုရင် ဒီ Identity Mask ဟာ Chrome Browser ရဲ့ Window တစ်ခုထဲမှာပဲ Gmail Accounts နှစ်ခုလုံးကို ၀င်ရောက် အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာဖြစ်ပါတယ် ။

Identity-Mask_New

ပုံမှန်လုပ်ဆောင်နေကြအတိုင်း သင့်ရဲ့ Browser ကိုဖွင့်ပြီး သင်သုံးချင်တဲ့ Website တစ်ခုကို သင့်ရဲ့ Account တစ်ခုနဲ့ Sing In လုပ်လိုက်ပါ ။ ဒီနေရာမှာ Browser ဟာ သင့်ရဲ့ Sign In ပြုလုပ်မှုကို Cookie တွေကို အသုံးပြုပြီး မှတ်သားထားမှာ ဖြစ်တဲ့ အတွက် သင့်အနေနဲ့ စောစောက၀င်ရောက်ခဲ့တဲ့ Website ကို New Tab ဖွင့်ပြီးထပ်မံ၀င်ရောက်တိုင်းမှာ Login ထပ်ပြီးပြုလုပ်စရာမလိုတော့ပါဘူး ။ ဒီလို လုပ်ဆောင်ချက်ဟာ နေရာတော်တော်များများ မှာ အသုံး၀င်ပေမဲ့ သင့်အနေနဲ့ အထက်က ပြောခဲ့တဲ့အတိုင်း Domain တစ်ခုထဲကို Account တစ်ခုထက်ပိုပြီး Sign In လုပ်လို့မရတော့ပါဘူး ။ ဒီလိုမျိုး ပြဿနာတွေကို Identity Mask က ဖြေရှင်းပေးပါလိမ့်မယ် ။ Identity Mask ကိုအသုံးပြုရတာကလည်း လွယ်ကူပါတယ် ။ သင့်အနေနဲ့ လုပ်စရာဆိုလို့ Identity Mask ကိုကလစ်လုပ်ပြီး ပေါ်လာတဲ့ New Tab မှာ သင် Sign in လုပ်ချင်တဲ့ Website ကို နောက်ထပ် Account တစ်ခုနဲ့ Sign in လုပ်လိုက်ရုံပါပဲ။

Browser မှာရှိတဲ့ New Identity Button ကိုနှိပ်လိုက်တာနဲ့ ပေါ်လာတဲ့ New Tab ဟာ Browser မှာရှိတဲ့ Tab တွေနဲ့ အလုပ်လုပ်ပုံချင်း မတူတော့ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ New Identity Button ကို ကလစ်နှိပ်လိုက်လို့ ပေါ်လာတဲ့ New Tab ဟာ Browser မှာရှိတဲ့ Normal Tab တွေလို အထက်မှာဖော်ပြထားတဲ့ Cookies Information တွေကို မမှတ်ထားတော့ဘဲ Different Profile အနေနဲ့ တည်ရှိနေမှာ ဖြစ်လို့ပါပဲ ။

Identity-Mask_Tabs

အကျဉ်းချုပ်ရရင်တော့ Identity Mask ဟာ သင့်ရဲ့ Chrome Browser မှာ Multiple Account တွေကို တစ်ပြိုင်နက်အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်တဲ့ အလွန်အသုံး၀င်တဲ့ Browser Extension ပဲဖြစ်ပါတယ် ။

Install Identity Mark From Chrome Web Store

Firefox ကို အသုံးပြုတဲ့ သူတွေအတွက်ကတော့ Multifox ဆိုတဲ့ Extension ကိုအသုံးပြုနိုင်ပါတယ် ။

Install Multifox For Firefox

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *