News

Chrome OS သုံး LG ရဲ့ All-In-One Desktop

LG Company ဟာလည်း Chrome OS ဈေးကွက်ထဲကို တရား၀င် ၀င်ရောက်လာပြီဖြစ်ပါတယ် ။ LG က သူတို့ရဲ့ Chrome OS သုံး All-In-One Desktop ကိုလာမဲ့ ၂၀၁၄ Customer Electronics Show မှာ စတင်ရောင်းချမယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က တရား၀င်ကြေညာသွားခဲ့ပါတယ် ။ LG ရဲ့ Chrome OS သုံး Desktop တွေဟာ စွမ်းဆောင်ရည် မြင့်မားပြီးတော့ ဒီဇိုင်းပိုင်းမှာလည်း လှပသေသပ်မှုရှိပါတယ် ။ LG ရဲ့ Chrome OS သုံး Desktop တွေဟာ အနာဂတ်မှာဖြစ်တည်လာမဲ့ Desktop တွေရဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပြီး ဒီ Desktop တွေကို အိမ်တွေမှာ ပဲ အသုံးပြုဖို့ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ မဟုတ်ဘဲနဲ့ ကျောင်းတွေ ၊ ဟိုတယ်တွေ ၊ Call Center တွေ နဲ့ တစ်ခြားသောလုပ်ငန်းပေါင်းစုံမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ကြောင်း LG ကပြောကြားသွားခဲ့ပါတယ် ။

Chromebase ရဲ့ Screen အကျယ်ဟာ 21.5 လက်မရှိပြီး HD IPS Screen ကိုအသုံးပြုထားတာဖြစ်ပါတယ် ။ သူ့ရဲ့ Resolution ကတော့ 1080P ဖြစ်ပါတယ် ။ သူ့ရဲ့ Memory က 2GB ဖြစ်ပြီး Intel Celeron Processor ကို အသုံးပြုထားတာဖြစ်ပါတယ် ။ Chromebase ရဲ့ Storage ကတော့ 16GB ရှိပါတယ် ။ သူ့မှာ Video Calling တွေကို ပြုလုပ်နိုင်ဖို့ 1.3 Megapixel ရှိတဲ့ Webcam တစ်ခု နဲ့ Microphone တစ်ခု ပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 5-Watt Speaker , Keyboard နဲ့ Mouse တစ်ခုစီ ပါရှိမှာဖြစ်ပါတယ် ။ Chromebase တွေဟာ ဈေးကွက်ထဲကို ဈေးနှုန်းဘယ်လောက်နဲ့ ရောက်ရှိလာမလဲဆိုတာကို တော့ တိတိကျကျ မသိရသေးပါဘူး။ Chrome OS သုံး Device တွေဟာ ဈေကွက်ထဲမှာ ဈေးနှုန်းမြင့်မားမှုမရှိတဲ့ အတွက် Chromebase ဟာလည်း ဈေးနှုန်းမြင့်မားနိုင်ချေ မရှိဘူးလို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *