Mobile, Review

ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Singtech SGT-X40 စမတ်ဖုန်း

အခုလက်ရှိ ပြည်တွင်းမိုဘိုင်း ဈေးကွက်ထဲမှာတော့ Singtech မိုဘိုင်းဖုန်းတွေထဲမှာ SAPPHIRE Xtreme SGT-X40 စမတ်ဖုန်းလေးက လူကြိုက်များနေတယ်လို့ သိရပါတယ်။ စကရင် အရွယ်အစားက ၄ လက်မ ရှိပြီး Touchscreen ဖြစ်ပါတယ်။ အနောက်ပိုင်းမှာ 5 Megapixels ရှိတဲ့ ကင်မရာ တစ်လုံးနဲ့ အရှေ့ပိုင်းမှာ 0.3 Megapixels ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အနောက်ပိုင်း ကင်မရာရဲ့ဘေးမှာ အလင်းပေးနိုင်မယ့် Flash နှစ်ခုလည်း ပါ၀င်တာကို တွေ့ရ ပါတယ်။

GSM 850/900/1800/1900 MHz နဲ့ WCDMA 900MHz/ 2100MHz စတဲ့ မိုဘိုင်း Network တွေကို အသုံးပြုနိုင်တဲ့ ဖုန်းအမျိုးအစားပါ။ SIM Slot နှစ်ခု ပါ၀င်တဲ့ အတွက် GSM နဲ့ CDMA ဆင်းမ်ကဒ် နှစ်ကဒ်လုံးကို တစ်ပြိုင်နက်ထည့်သွင်း အသုံးပြုနိုင်ပါသေးတယ်။ Android Version ကတော့ 2.3.6 ကို အသုံးပြုထားပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ 1GB Processor ထည့်သွင်းထားပါတယ်။ Micro-SD card slot ပါ၀င်တာကြောင့် Memoryကို ထပ်တိုးအသုံးပြုနိုင်ပြီး အမြင့်ဆုံး 32GB အထိ တိုးမြှင့်နိုင်ပါတယ်။ အခြား Device များနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်တော့ Bluetooth3.0, USB 2.0, Wi-Fi စသည်တို့ကို အသုံးပြုနိုင်ပြီး ဘတ်ထရီကတော့ Li-ion 1500 mAh အမျိုးအစားပါ။ ဖုန်းပြောဖို့ သီးသန့်အတွက်ဆိုရင်တော့ ဘတ်ထရီက ၃ နာရီခွဲကျော်အထိ အသုံးခံနိုင်ပါတယ်။

ဒီဇိုင်းပုံစံကတော့ အရှေ့ပိုင်းမှာ ရိုးရိုးရှင်းရှင်းပါပဲ။ အနောက်ပိုင်း ဖုန်းရဲ့ ခါးလယ်ပိုင်းမှာ ငွေရောင်အပတ်လေးကို ဒီဇိုင်းဖော်ထားပြီး ၄င်းအပေါ်မှာ Singtech အမှတ် တံဆိပ်ကို ရေးထိုးထားခြင်းက ခေတ်ဆန်မှုကို ဖော်ကျူးနေပါတယ်။ Singtech SGT-X40 ရဲ့ ဈေးနှုန်းကတော့ ကျပ် ၁၅၅,၀၀၀ ၀န်းကျင်ဖြစ်ပြီး စိတ်၀င်စားလို့ ၀ယ်ယူ ချင်တယ်ဆိုရင်တော့ Singtech ဖုန်း ၀၉-၇၃၁၀-၅၄၆၀ နဲ့ ၀၉-၄၄၈၀-၁၆၇၈၀ သို့ ဆက်သွယ် စုံစမ်း၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Full Specifications
GSM 850/ 900/ 1800/ 1900 MHz
» WCDMA 900MHz/ 2100MHz,
» 4.0 Inch Touch Screen,
» Android 2.3.6,
» 1GHz CPU, Camera
» Auto Focus 5MP Camera (Back)/ Dual Flash
» 0.3MP (Front) Camera,
» USB 2.0, Bluetooth 3.0, WiFi 802.11 b/g/n,
» Micro-SD card slot (Cards up to 32GB),

Leave a Reply

Your email address will not be published. Required fields are marked *