Gaming

Vividred Operation

VIVIDRED

Vividred Operationဟာ Strike Witches ဇာတ်လမ်းတွဲများရဲ့ Directorနှင့် ဇာတ်ကောင်ဒီဇိုင်း ဖန်တီး ရှင်ဖြစ်သူ Kazuhiro TAKAMURAရဲ့ ဇာတ်လမ်းတွဲ အသစ်ဖြစ်ပြီး Strike Witches စီးရီးနှင့် ရုပ်ရှင်ထဲကလိုပဲ Directorနှင့် Character Designerအဖြစ် ပြန်လည် ပါဝင်ထားပါတယ်။ Vividred Operationဟာ Strike Witches ဇာတ်လမ်းတုန်းကလိုပဲ စွမ်းအားရှင် ကောင်မလေးတွေနှင့် အမျိုးအမည်မသိ ရန်သူတွေရဲ့ တိုက်ပွဲတွေကို အသားပေး တင်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး ယခုဇာတ်လမ်းမှာတော့ Strike Witches တုန်းကလို မှော်အစွမ်းနှင့် World War II ကာလ လက်နက်တွေကို အသုံးပြုတဲ့ တိုက်ပွဲများအစား အနာဂတ် အချိန်က လက်နက်ဆန်းများ အသုံးပြုတဲ့ တိုက်ပွဲတွေကို မြင်တွေ့ရမှာပါ။

Vividred Operationရဲ့ ဇာတ်လမ်းဟာ အနာဂတ်အချိန်မှာ နေရာယူထားပြီး သဘာဝစွမ်းအင် အရင်းအမြစ် ရှားပါးမှုနှင့် ကြုံတွေ့နေရချိန်မှာ Manifestation Engine အမည်ရတဲ့ Energy Generatorကြောင့် လူသားများအား စွမ်းအင် ရှားပါးမှုရန်မှ ကင်းဝေးခဲ့ကြရပါတယ်။ Manifestation Engineဟာ တစ်ကမ္ဘာလုံးရဲ့ စွမ်းအင်အရင်းအမြစ် အသုံးပြုသူ 95% အတွက် အပြည့်အဝ ထောက်ပံ့ပေးထားနိုင်ပြီး စွမ်းအင်ဖြန့်ဝေပေးရာ ပင်မ Reactorကတော့ Izu Ōshimaလို့ ခေါ်တဲ့ကျွန်းပေါ်မှာ တည်ရှိပါတယ်။ Manifestation Engineကို တီထွင်ထားသူကတော့ Vividred ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Akane Isshikiရဲ့ အဘိုးဖြစ်သူ Kenjirou Isshikဖြစ်ပြီး Akaneဟာ သူမရဲ့ အဘိုးဖြစ်သူနှင့် ညီမဖြစ်သူ Momo Isshikiတို့နှင့် နေထိုင်ပါတယ်။

Akaneတို့ မိသားစုဟာ Manifestation Engine တီထွင်ခြင်းကြောင့် ထောက်ပံ့ငွေ များစွာ ရရှိခဲ့သော်လည်း Kenjirouဟာ ခုနှစ်နှစ် ကျော်က Manifestation Engineမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှ ဆုံးရှုံးမှုများနှင့် သေဆုံးသူများရဲ့ မိသားစုများကို ကူညီရန် အတွက် ငွေကြေးအားလုံးကို အသုံးပြုခဲ့လို့ Akane အနေနှင့် ကျောင်းတက်ရင်း အချိန်ပိုင်း အလုပ်တွေ လုပ်ကိုင်ကာ မိသားစုကို ပြန်လည် ထောက်ပံ့ နေရပါတယ်။ အဘိုးဖြစ်သူ Kenjirouဟာ Manifestation Engine အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားအောင် လုပ်ဆောင်ခဲ့သူဟာ Aloneအမည်ရ အခြားကမ္ဘာမှာ သက်ရှိများ ဖြစ်ကြောင်း သိရှိထားတဲ့ ၎င်းတို့၏ ထပ်မံ လာရောက် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် Vivid Systemနှင့် Pallet Suitများကို တီထွင်ခဲ့ပါတယ်။ ခုနှစ်နှစ်အကြာ Aloneဂြိုဟ်သားများ Manifestation Engineကို ဖျက်ဆီးရန် ပြန်လည် ရောက်ရှိလာချိန်မှာ Akaneနှင့် သူငယ်ချင်းများဟာ Vivid Systemကို အသုံးပြုပြီး စွမ်းအားရှင် အသွင် ပြောင်းလဲကာ ရန်သူ Aloneများကို တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။

Akaneနှင့် သူမရဲ့ သူငယ်ချင်း သုံးယောက်ဖြစ်တဲ့ Aoi၊ Wakabaနှင့် Himawariတို့ဟာ Vivid Systemကို အသုံးပြုပြီး Pallet Suit အမည်ရ တိုက်ပွဲဝင် ဝတ်စုံများဖြင့် ရန်သူ Aloneများကို တိုက်ခိုက်ရမှာဖြစ်ပြီး Fan Service Camera Shotsတွေ ပါဝင်တာကလွဲလို့ Strike Witches တုန်းကထက် Action Sceneများကို ပိုပြီး အသားပေးထားတာ တွေ့ရမှာပါ။ ကောင်မလေးတွေကိုလည်း Rang၊ Hammerနှင့် Sword အစရှိတဲ့ ကိုယ်ပိုင်လက်နက်တွေဖြစ်တဲ့ ပေးထားသလို အနီ၊ အပြာ၊ အစိမ်းနှင့် အဝါ ကိုယ်ပိုင် အရောင်တွေ ပေးထားလို့ Power Rangersနှင့် Magical Girls Fanတွေ သဘောကျကြမှာပါ။

Character ဒီဇိုင်းပိုင်းကတော့ အခုခေတ် Japanese Animation ပရိသတ် အများစု နှစ်သက်တဲ့ Moe’ Design လေးတွေဖြစ်ပြီး ပုံမှန်အချိန်မှာ 2D Animation Styleကိုသာ အဓိထား အသုံးပြုထားပေမည့် တိုက်ပွဲခန်းတွေမှာတော့ စစ်တပ်ဘက်မှ ယာဉ်များနှင့် ရန်သူ Aloneများကို CG Animation Styleနှင့် ရေးဆွဲထားတာ တွေ့ရမှာပါ။ Aloneများရဲ့ ဒီဇိုင်းကိုလည်း တစ်မျိုးနှင့် တစ်မျိုး မထပ်အောင် ဖန်တီးထားသလို သဘောကျဖို့ အကောင်းဆုံး အချက်ကတော့ Akaneနှင့် သူ့အဖော်များဟာလည်း Docking Operationဖြင့် နှစ်ယောက်ပေါင်းကာ စွမ်းအင်အသစ်များ အသုံးပြုနိုင်ခြင်းပါပဲ။ ဇာတ်လမ်း နောက်ပိုင်းမှာတော့ Akaneတို့ဟာ Aloneတို့ရဲ့ အဓိက ဦးတည်ချက်ကို ရှာဖွေရမှာ ဖြစ်သလို Rei Kuroki အမည်ရ Alone များနှင့် ဆက်စပ်မှုရှိသူ ကောင်မလေးကိုလည်း ကယ်တင်ရမှာ ဖြစ်ပါတယ်။ Vividred Operationဟာ Animation Quality ပိုင်း၊ Soundtrackပိုင်းများ ကောင်းမွန်ပြီး ဇာတ်လမ်း အသွားအလာလည်း သွက်လက်တဲ့အတွက် Action ဇာတ်လမ်း နှစ်သက်သူများ သဘောကျမည့် စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။

 

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *