How-to

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ

android-really

ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိူးစုံ၊ Model မျိူးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချိူ့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။

Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချိူ့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချိူ့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါ၀င်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်း၀င်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံး၀ကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကို၀င်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။ နောက်တနည်းကတော့ လုံး၀အစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကို၀င်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။ စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်နိုင်ပါဘူး။ ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *