အွန်လိုင်းမှာ Device တွေကို စမ်းသပ်အသုံးပြုကြည့်ဖို့ Device Simulator တွေက အသုံး၀င်ပါတယ်။ ဘယ် Device ရဲ့ Interface က ဘယ်လိုရှိတယ်ဆိုတာ နဲ့ စွမ်းဆောင်ချက်တွေက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကို ပြသပေးနိုင်ပါတယ်။ Device တွေနဲ့ ရင်းနှီးကျွမ်း၀င်မှု မရှိသူများအတွက်လည်း လေ့ကျင့်ရေးကိရိယာ တစ်ခုလို အသုံးပြုနိင်ပါတယ်။
Samsung က Galaxy S4 နဲ့ Galaxy Note လို စမတ်ဖုန်းတွေအတွက် Simulators တွေကို အရင်က ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ စမတ်ဖုန်းတွေအတွက်သာမက Digital Camera, TV, Blu-ray Player အပြင် ရေခဲသေတ္တာ တွေကိုပါစမ်းသပ်အသုံးပြုနိုင်အောင် Simulators တွေပြုလုပ်ပေးထားပါတယ်။
Samsung ရဲ့ Online Smart Simulator တွေကို စမ်းသပ်အသုံးပြုဖို့ အတွက် samsungsimulator.com ကို သွားပါ။ Web Page အောက်ဆုံး ကို ဆင်းကြည့်ရင် TV & Videos , Mobile, Camera, Other ကဏ္ဍလေးခုကို တွေ့နိုင်ပါတယ်။ တစ်ခုချင်းစီကို နှိပ်ရင် Products တွေပေါ်လာမှာ ဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုချင်တဲ့ Product ကို နှိပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် နောက် Tab အသစ်တစ်ခုမှာ အဲဒီ Product ကို စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ဘယ်ဘက်အခြမ်းမှာ မော်ဒယ်တွေရွေးချယ်နိုင်ပါတယ်။ သူ့အောက်မှာ Topic ရှိပြီး အသုံးပြုချင်တဲ့ စွမ်းဆောင်ချက်ကို ရွေးချယ် စမ်းသပ်နိုင်ပါတယ်။