Gaming

Strike Witches

strike-witches-the-movie

Anime Movie အများစုဟာ ရုပ်ရှင်ရုံတွေမှာ ပြသပြီး အတော်ကြာတော့မှ DVD နှင့် Blu Rayတွေ ထွက်လာလေ့ရှိပေမည့် Online Video Stream Websites တွေနှင့် TV Series Version တွေကို Subtitle ထိုးပြီး ပြန်လည် ဖြန့်ချိတတ်တဲ့ Fansub Groups တွေကြောင့် Animation TV Show အများစုကို TV Channel တွေနှင့် တစ်ပြိုင်တည်းနီးပါး ကြည့်ရှုရလေ့ရှိပါတယ်။ ဒါပေမဲ့ Anime ရုပ်ရှင်တွေ ရုံတင်ပြီးရင်တော့ Hollywood ရုပ်ရှင်တွေထက်ကို ပိုပြီး လပေါင်း များစွာ စောင့်ရလေ့ ရှိပါတယ်။ Strike Witches Season 2 ရဲ့ အဆက်ဖြစ်တဲ့ Strike Witches: the Movieဟာလည်း 2012 Marchလကတည်းက ရုံတင်ထားတာ ဖြစ်ပေမည့် မကြာခင်ကမှ DVD နှင့် Blu Ray Version ထွက်ရှိလာတာ ဖြစ်ပါတယ်။ Strike Witches Series ဟာ မူလဖန်တီးရှင် Humikane Shimadaရဲ့ Strike Witches အမည်ရ အမျိုးသမီး လေတပ်စစ်သည်လေးတွေရဲ့ ဇာတ်ကောင်ဒီဇိုင်းကို အခြေခံထားပြီး Light Novel နှင့် Manga စီးရီးများမှတဆင့် Animation Serie နှင့် Movieများ ထွက်ရှိသည်အထိ အောင်မြင်ခဲ့တဲ့ Franchise တစ်ခု ဖြစ်ပါတယ်။

Strike Witchesရဲ့ အဓိက ထူးခြားချက်ကတော့ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် စုန်းမလေးတွေနှင့် သူတို့ရဲ့ ရန်သူတွေကို တိုက်ခိုက်ပုံပါပဲ၊ Yoshika Miyafuji, Mio Sakamoto နှင့် Lynette Bishop တို့လို 501st Joint Fighter Wing တပ်ဖွဲ့က အဖွဲ့ဝင် စစ်သည်တွေဟာ မှော်အစွမ်း ပိုင်ဆိုင်ထားတဲ့ စုန်းမလေးတွေဖြစ်ပြီး Neuroiလို့ ခေါ်တဲ့ ရန်သူစစ်တပ်တွေနှင့် တိုက်ခိုက်ရာမှာ မိမိတို့ရဲ့ ဝေဟင်ပျံသန်းနိုင်တဲ့ အစွမ်းကို မြင့်တင်ပေးမည့် Propeller Engine တွေကို ခြေထောက်မှာ တပ်ပြီး မောင်းနှင်ရမှာပါ။ အဲဒီတော့ အဝေးက ကြည့်ရင် လူသားလေယာဉ် အသေးစားလေးတွေလို ဖြစ်နေပြီး Strike Witches တွေဟာ Machin gun ၊ Rocket Launcher နှင့် Katana အစရှိတဲ့ လက်နက်တွေကို အသုံးပြုပြီး ရန်သူ Neuroi တွေကို တိုက်ခိုက်ရမှာပါ။ Strike Witches: the Movie ဟာ TV Series ရဲ့ အဆက်ဖြစ်ပေမည့် Fan Service နှင့် Action ခန်းတွေ အသားပေး ရေးဆွဲထားတဲ့ဇာတ်လမ်းတစ်ခု ဖြစ်တာကြောင့် TV Series မကြည့်ရသေးတဲ့ ပရိသတ်အတွက်လည်း အဆင်ပြေမှာ ဖြစ်သလို Movie version ကြည့်ပြီးလို့ ဇာတ်လမ်းနှင့် ဇာတ်ကောင်တွေကို သဘောကျသူတွေအနေနှင့်လည်း ဇာတ်လမ်းအရသာ မပျက်ဘဲ ပြန်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ Strike Witches: the Movie အဓိက အဖွဲ့ဝင် ၁၁ ယောက်ပါဝင်တဲ့ 501st Division နှင့် ရန်သူ Neuroiများ တိုက်ခိုက်ပုံနှင့်အတူ ဟာသဇာတ်လမ်းနှင့် Slice of Life Series ပုံစံ Drama ဇာတ်ဝင်ခန်းများ ရောစပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ အခေါ်အဝေါ်တွေနှင့် ဇာတ်ကောင်အများစုရဲ့ နောက်ခံဇာတ်လမ်းတွေကို ပြန်လည် မရှင်းပြထားတာက လွဲပြီး TV Series တုန်းကလို ကောင်းမွန်တဲ့ Action ခန်းတွေနှင့် ပျော်စရာ Fan Service အခန်းတွေ ရောစပ်ထားတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။

အရင်ကတည်းက Animation Quality ကောင်းပြီးသားဖြစ်တဲ့ တိုက်ခိုက်ခန်းတွေကို စိတ်ဝင်စားဖွယ် တိုက်ခိုက်ပုံ နည်းဗျူဟာတွေနှင့် ရောစပ်ထားတဲ့အတွက် Action scene တွေကြည့်ကောင်းပေမည့် အရင် ဇာတ်လမ်းတွေလိုပဲ စက်ရုပ်ဆန်တဲ့ အမျိုးအမည်မသိ Neuroi တွေအကြောင်းကို အခု Movie Version အထိ ရှင်းမပြထားသေးတာကိုတော့ ပရိသတ်တစ်ချို့က စိတ်ရှည်မှာ မဟုတ်ပါဘူး။ Strike Witches Series အနေနှင့် ဇာတ်ကောင်စရိုက်နဲ့ Action ပိုင်းက အဓိကဆိုပေမည့် Season 1 အဆုံးမှာ Neuroi တွေရဲ့ စိတ်ဝင်စားဖွယ် အပြုအမူတွေကို ပြသခဲ့ပေမည့် Season 2 မှာကော Movie version မှာပါ ပရိသတ် စိတ်ဝင်စားတဲ့ Neuroi အကြောင်းကို သိပ်မရှင်းပြထားပါဘူး။ ဒါပေမယ့်် Movie မှာ အခြား Division တွေက Strike Witches ဇာတ်ကောင်တွေနှင့် ထပ်မံ မိတ်ဆက်ပေးထားတာ တွေ့ရမှာပါ။ Strike Witches: the Movie ဟာ မူလ Strike Witches Anime Series ပရိသတ်များကော Animation Quality ကောင်းမွန်တဲ့ တိုက်ခိုက်ခန်းတွေ နှစ်သက်တဲ့ ပရိသတ်များအတွက်ပါ သင့်တော်တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *