Review

A Certain Magical Index – Miracle of Endymion

Genre –  Fantasy, Action

Studio – J.C.Staff, Warner Bros.

Distributor – Warner Bros.

Score – 3.5 out of 5

A Certain Magical Index Movie – Miracle of Endymion ရုပ်ရှင်ဇာတ်ကားသစ်ဟာ နာမည်ကြီး Light Novel Series နှင့်အတူ A Certain Magical Index နှင့်သူ့ရဲ့ Spin-Off ဇာတ်လမ်း A Certain Scientific Railgun Animation Series တို့ရဲ့ ဇာတ်ကောင်တွေပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ သီးသန့်ရုပ်ရှင်ဇာတ်ကားအနေနှင့် ကြည့်တာထက်စာရင် မူလဇာတ်ကောင်တွေ အကြောင်းကြိုသိထားရင် ကြည့်လို့ပိုကောင်းမည့် ဇာတ်လမ်းတစ်ခုဆိုပေမည့် ဇာတ်ကောင်တွေအကြောင်း အနည်းငယ်ပြန်လည် မိတ်ဆက်ပေးထားသလို ရုပ်ရှင်အတွင်းသီးသန့်ဇာတ်ကောင်သစ်တွေလည်း ပါဝင်လို့ မူလစီးရီးနှင့် မရင်းနှီးသူတွေ အနေနှင့်လည်း ကြည့်လို့အဆင်ပြေမည့် Animation Movie တစ်ခုဖြစ်တာ တွေ့ရမှာပါ။ မူရင်းဇာတ်လမ်းရဲ့ Timeline မှာ ကြည့်မယ်ဆိုရင်တော့ A Certain Magical Index Series Season 2 ရဲ့ ဇာတ်လမ်းတစ်ဝက်ကျော်ကျော်နားမှာ နေရာယူထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

A Certain Magical Index ဇာတ်လမ်းတွေဟာ မှော်အစွမ်းအသုံးပြုသူ Magic User များနှင့် အဆင့်မြင့် နည်းပညာများနှင့် ထူးခြားစွမ်းအင်များအသုံးပြုတဲ့ Science နှင့် Ability User များကြားမှ တိုက်ပွဲများနှင့် ဇာတ်လမ်းနေရာယူထားတဲ့ Ability User  များကို စွမ်းအင်မြင့်တင်ရန်နှင့် နည်းပညာလေ့လာမှုများ ပြုလုပ်ရန်တည်ဆောက်ထားတဲ့ Academy City မြို့တွင်းမှ စွန့်စားခန်းများကို အဓိကဇာတ်လမ်းဆင်ထားလေ့ရှိပြီး ယခု Miracle of Endymion ရုပ်ရှင်မှာလည်း ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Kamijou Touma နှင့် Index တို့ဟာ Arisa အမည်ရ Ability user Level.0 အဆင့်သာရှိတဲ့ အဆိုတော် ကောင်မလေးတစ်ယောက်နှင့် တွေ့စုံပြီးနောက် Magic User များနှင့်ကော Science User များနှင့်ပါ ရင်ဆိုင်တိုက်ခိုက်ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။

Touma အနေနှင့်ကလည်း Level.0 ဖြစ်ပေမည့် ဘယ်စွမ်းအားကိုမဆို ပြန်လည်ဖျက်ဆီးနိုင်တဲ့ Imagine Breaker အစွမ်းပိုင်ဆိုင်ထားလို့ ဘယ်လောက်အဆင့်မြင့်တဲ့ ရန်သူကိုမဆို ပြန်လည်ခုခံနိုင်မှာဖြစ်သလို Index ကတော့ Magic Spell အချက်အလက်ပေါင်းများစွာကို သိမ်းစည်းထားနိုင်တဲ့ Human Library တစ်ယောက်ဖြစ်ပါတယ်။ Arisa အနေနှင့် အသစ်တည်ဆောက်ပြီးဆီးထားတဲ့ အာကာသအတွင်းသွားရောက်နိုင်မည့် Speace Elevator – Endymion ဖွင့်ပွဲအခမ်းအနားအတွက် ဖိတ်ကြားခံရပြီး နောက်မှာတော့ Magic User များဖြစ်တဲ့ Stiyl Magnus နှင့် Kanzaki Kaori တို့ရဲ့ တိုက်ခိုက်မှုနှင့်အတူ  Arisa ကို မတားဆီးပါက Magic User နှင့် Ability User များကြား စစ်ပွဲဖြစ်နိုင်ခြေရှိကြောင်း သိရှိလိုက်ရပြီးနောက်မှာတော့ Arisa ၏သီချင်းများနှင့် Speace Elevator – Endymion ကြားမှ ဆက်စပ်မှုကို Touma နှင့် Index တို့ပူးပေါင်းပြီး ဖော်တုတ်ရပုံကို Animation Quality ကောင်းတဲ့ Action ခန်းများစွာနှင့် ဇာတ်လမ်းဆင်ထားနိုင်တာ တွေ့ရပါတယ်။

Miracle of Endymion ရုပ်ရှင်မှာ မူရင်း ဇာတ်လမ်းတွဲအတွင်းမှ ဇာတ်ကောင်အများစုကို ထည့်သွင်းပေးထားပေမည့် Electromaster level 5  ဖြစ်တဲ့ Misaka Mikoto နှင့် level 5 ဖြစ်တဲ့ Accelerator  တို့ရဲ့ ဇာတ်ဝင်ခန်းနှင့် စကားပြောခန်းတွေက ထင်သလောက်မများပေမည့် ဇာတ်ကောင်သစ်တွေဖြစ်တဲ့ Shutaura၊ Arisa နှင့် Ladylee တို့ရဲ့ ဇာတ်ဝင်ခန်းတွေနှင့်အတူ ကြည့်ကောင်းတဲ့ Action ခန်းအများစုလည်း ပါဝင်တာဖြစ်လို့ ရုပ်ရှင်ပဲ သီးသန့်ကြည့်ဖူးသူတွေအတွက် အဆင်ပြေမှာပါ။ A Certain Magical Index Movie – Miracle of Endymion ဟာ မူရင်းဇာတ်လမ်းနှင့် တိုက်ရိုက်ဆက်စက်မှုမရှိပေမည့် စိတ်ဝင်စားဖို့ကောင်းတဲ့ Fantasy Action Movie တစ်ခုအဖြစ် ကြည့်နိုင်သလို ရုပ်ရှင်သီးသန့် ဇာတ်ကောင်တွေရဲ့ ဇာတ်ကောင်ဒီဇိုင်းနှင့် ဇာတ်ကောင်စရိုက်တွေကလည်း သဘောကျဖို့ကောင်းတဲ့အတွက် Index Series ပရိသတ်ကော၊ quality ကောင်းတဲ့ Anime ရုပ်ရှင်ကြည့်လိုသူ ပရိသတ်အတွက်ပါ သင့်တော်တဲ့ ဇာတ်ကားတစ်ခုဖြစ်တာ တွေ့ရပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *