Mobile, Review

Android , iOS ပြီးတော့ Sailfish OS စမတ်ဖုန်း ထွက်ပြီ

Microsoft က ၀င်းဒိုးဖုန်းတွေကို စမတ်ဖုန်းဈေးကွက်မှာ နေရာရအောင်ကြိုးစားနေရတဲ့အချိန်မှာ BlackBerry ဖုန်းတွေရဲ့ ရောင်းအားတွေကလည်း အလွန်ကျဆင်းနေပါတယ်။ ဒီလိုအချိန်မှာ Operating System အသစ်တစ်ခုမောင်းနှင်လည်ပတ်မယ့် စမတ်ဖုန်း အသစ်တစ်ခုထုတ်လုပ်ရောင်းချဖို့ ဆိုတာ အလွန်စွန့်စားရတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

Jolla Company ကတော့ စိတ်ပူပုံမရပါဘူး။ ဖင်လန် အခြေစိုက် Company တစ်ခုဖြစ်တဲ့ Jolla က Android App တွေအသုံးပြုလို့ ရတဲ့ Sailfish OS မောင်းနှင်လည်ပတ်မယ့် စမတ်ဖုန်း ကို စတင်မိတ်ဆက်လိုက်ပါပြီ။ လဲလှယ်အသုံးပြုလို့ရတဲ့ ရောင်စုံကာဗာ တွေပါရှိပြီး Jolla လို့နာမည်ပေးထားပါတယ်။
Jolla ဖုန်းကို ကြိုတင်မှာယူထားတဲ့ ဥရောပ နိုင်ငံတွေမှာ ၃၉၉ ယူရို (ဒေါ်လာ ၅၄၀ ခန့်) ဖြင့်ရောင်းချပေးနေပါပြီ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်အချိန်ရောင်းမလဲဆိုတာကိုတော့ Jolla က ပြောကြားခြင်းမရှိပါဘူး။

ဒီဇိုင်း

အရောင်စုံ ကာဗာ တွေကြောင့် Jolla ဖုန်းဟာ ကာလာနှစ်မျိုးပေါင်းစပ် အသုံးပြုထားတာဖြစ်ပြီး တစ်ခြားဖုန်းတွေကြားမှာ ဆန်းသစ်နေမှာဖြစ်ပါတယ်။ Jolla ဖုန်းကိုရုတ်တရက် ကြည့်ရင် ဖုန်းနှစ်လုံးကို ပူးကိုင်ထားသလိုမြင်ရစေမှာပါ။ အရှေ့ဖက် မျက်နှာပြင်မှာ ဖန် ကို အသုံးပြုထားပြီး အနောက်ဖက်မှာ ပလတ်စတစ်ကို အသုံးပြုထားပါတယ်။ သူ့ရဲ့ ရိုးရှင်းတဲ့ ပုံစံ ကစွဲဆောင်မှု ရှိစေပါတယ်။ အထူးသဖြင့် တောက်ပတဲ့ အဝါရောင်နဲ့ အစိမ်းရောင် ကိုပေါင်းစပ်ထားတဲ့ ကာဗာ က စွဲဆောင်မှုရှိပါတယ်။

ဖုန်းရဲ့ အနောက်ဖက် ကာဗာ တွေကို ပြောင်းလဲ အသုံးပြုလို့ရပြီး ကာဗာ ထဲမှာ NFC Chip ကိုထည့်သွင်းထားပါတယ်။ ကာဗာ တွေကို အလွယ်တကူပြောင်းလဲအသုံးပြုနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ ၄.၅ လက်မ အရွယ် ရှိပြီး 960×540 P Resolution ပဲပါရှိတဲ့အတွက် ရုပ်ထွက်အရည်အသွေး အနည်းငယ်ညံ့ဖျင်းတယ်လို့ပြောလို့ရပါတယ်။ တစ်ခြား Resolution မြင့်တဲ့ ဖုန်းတွေမှာလို Web Page တွေကို ရှင်းလင်းပြတ်သားစွာ မမြင်ရတာကိုတွေ့ရပါတယ်။ ဒေါ်လာ ၁၇၉ သာတန်ကြေးရှိတဲ့ Motorola ရဲ့ Moto G မှာတောင် 720P Resolution ပါရှိပါတယ်။

131mm အမြင့်ရှိပြီး 68mm အကျယ်၊ 9.9mm အထူရှိပါတယ်။ Jolla ဖုန်းထက် ပိုပါးလွှာပြီးပေါ့ပါးတဲ့ ဖုန်းတွေအများကြီး ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ၅ လက်မ ၊ ၆လက်မ Phablets ဖုန်းတွေထဲမှာတော့ လက်တစ်ဖက်တည်းနဲ့ အသုံးပြုလို့အဆင်ပြေစေတာကိုတွေ့ရပါတယ်။

1

Volume Button ကို ဖုန်းရဲ့ ဘေးဖက်မှာတွေ့ရပြီး Headphone Jack, Micro USB Port တို့ကို ဖုန်းရဲ့ထိပ်ပိုင်းမှာတွေ့ရပါတယ်။ Micro USB Port ကို အနောက်ဖက် ကာဗာ ရဲ့ အောက်မှာ မြှပ်ထားပါတယ်။

Sailfish OS

Jolla ဖုန်းမှာ Sailfish OS မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ N9 လို Nokia ရဲ့ ဖုန်းအဟောင်းများမှာ အသုံးပြုထားတဲ့ MeeGo OS နဲ့ဆင်တူတာတွေ့ရပါတယ်။ သွင်ပြင် အရ MeeGo နဲ့ ဆင်တူပေမယ့် Function ပိုင်းမှာတော့ ကွာခြားပါတယ်။ ပြိုင်ဖက် Android , iOS များနဲ့လည်း လွန်စွာ ကွာခြားတာကိုတွေ့ရပါတယ်။

Navigation Buttons တွေမပါရှိတဲ့အတွက် Gestures တွေကို အသုံးပြုပြီး ဖုန်းမှာပါတဲ့ Apps တွေကို အသုံးပြုရမှာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင် ကို နှစ်ချက် တို့ထိလိုက်ရင် Notification တွေကို ပြသပေးမှာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ အောက်ကနေ အပေါ်ကိုပွတ်ဆွဲလိုက်ရင် Recent Apps တွေကို အသုံးပြုနိုင်ပါတယ်။ အပေါ်ကိုဆက်ပြီး ပွတ်ဆွဲရင် App Icons တွေကို Grid View နဲ့ တွေ့နိုင်ပါတယ်။ Home Screen ကိုပြန်သွားဖို့ အတွက် ဘက်ဖက်ကနေ ညာဖက်ကိုပွတ်ဆွဲရင် Multitasking Panel ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

2

Multitasking Panel မှာ App ကိုးခုကို Thumbnail အဖြစ်ပြပေးမှာဖြစ်ပါတယ်။ Apps လေးခုကိုလည်း စကရင် အောက်ခြေမှာတွေ့နိုင်ပြီး လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Android Phone တွေမှာလို Widget တွေအသုံးပြုလို့ မရပါဘူး။

Jolla ရဲ့ သွင်ပြင် က စွဲဆောင်မှုရှိပြီး ခေတ်မီပါတယ်။ စာသားတွေက ရိုးရှင်းသပ်ရပ်ပြီး App Icons တွေရဲ့ထောင့်စွန်းတွေက လုံး၀န်းတဲ့ ပုံစံရှိပါတယ်။ ဖုန်းကို စတင်အသုံးပြုတဲ့အခါမှာ Gestures တွေကို သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ အခြေခံ အလုပ်တွေဖြစ်တဲ့ WiFi ချိတ်ဆက်ရတဲ့အခါမှာ အလုပ်အနည်းငယ်ပိုရှုပ်တာကို တွေ့ရပါတယ်။ Multitasking Panel ကိုဖွင့်ပြီး Apps တွေကို ပိတ်ပြီးတဲ့အခါမှာ Apps တွေအလိုလိုပြန်ပွင့်လာတာကိုလည်း တွေ့ရပါတယ်။ OS အသစ်မှာ လိုအပ်ချက်လေးတွေရှိနေတတ်တာ သဘာ၀ဖြစ်ပါတယ်။ Jolla ဖုန်းမှာ အဲဒီ အမှားလေးတွေကိုပြင်ဆင်နိုင်ဖို့မျှော်လင့်ရပါတယ်။

Android Apps

အဓိက ပြဿနာ တစ်ရပ်ကတော့ Developers တွေက Jolla အတွက် Apps တွေမပြုလုပ်ပေးသေးတာဖြစ်ပါတယ်။ BlackBerry, Windows Phone တို့မှာလည်း အဲဒီ ပြဿနာ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ Sailfish က OS အသစ်တစ်ခုဖြစ်ပေမယ့် Android Apps တွေကို အသုံးပြုလို့ရတဲ့အားသာချက်ရှိပါတယ်။

ဒါပေမယ့် Google Play Store ကိုတော့ အသုံးပြုလို့မရပါဘူး။ တစ်ခြား Android Market တွေကို အသုံးပြုနိုင်ပါတယ်။ Android Phone တိုင်းမှာတောင် Google Play Store က App အားလုံးကို အသုံးပြုလို့မရပါဘူး။ Jolla မှာ Android App ဘယ်နှစ်မျိုးအသုံးပြုနိုင်မလဲဆိုတာ မသိရှိရသေးပါဘူး။ Android App တွေကို အသုံးပြုလို့ရတဲ့အတွက် သေချာတာတစ်ခုကတော့ BlackBerry ထက်တော့ Apps ပိုင်းမှာ အားသာချက်ရှိနေတာဖြစ်ပါတယ်။

3

Android Phone မှာ App တွေအသုံးပြုသလိုပဲ Jolla ဖုန်းမှာလည်း အဲဒီနည်းအတိုင်းပဲအသုံးပြုလို့ရမှာဖြစ်ပါတယ်။ Android App တွေကို အသုံးပြုရင် On-Screen Navigation Buttons တွေကို ပြသပေးမှာဖြစ်ပါတယ်။ Home Button မပါရှိဘဲ ဘယ်ဖက်က နေ ညာဖက်ကိုပွတ်ဆွဲပြီး Home Screen ကို သွားရမှာပါ။

ထူးခြားချက် တစ်ခုက App တစ်ခုကို ဖွင့်လိုက်ရင် မကြာမီ က အသုံးပြုထားတဲ့ App ရဲ့ စကရင် ကို အရင်ပြပြီးမှ ဖွင့်လိုက်တဲ့ App ကို အသုံးပြုနိုင်တာဖြစ်ပါတယ်။ App တစ်ခုကို ဖွင့်ပြီး အသုံးပြုရင် အချိန်ခဏကြန့်ကြာတဲ့သဘောဖြစ်ပါတယ်။ Android Platform ရဲ့ Apps တွေကို အငှားယူသုံးရတဲ့အတွက်ဖြစ်ပါတယ်။ အလျှင်အမြန်အသုံးပြုချင်တဲ့အချိန်တွေမှာတော့ စိတ်ပျက်စရာဖြစ်ပါတယ်။

1.4 GHz Dual-Core Processor ကို အသုံးပြုထားပြီး 2100mAh Battery ပါရှိပါတယ်။ 3G အသုံးပြုပြီးဖုန်းပြောရင် ကိုးနာရီကြာ အသုံးခံတယ်လို့ Jolla က ပြောကြားပါတယ်။ ဖုန်းရဲ့ အနောက်ဖက်မှာ 8 Megapixel ကင်မရာကိုတပ်ဆင်ထားပါတယ်။ LTE Connectivity ကိုအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် Download Speed ကိုလျှင်မြန်စေမှာဖြစ်ပါတယ်။

အနှစ်ချုပ်

Jolla ဖုန်းဟာ မြင်ဖူးနေကျဖုန်းတွေနဲ့ မတူတဲ့ ဖုန်းတစ်မျိုးဖြစ်ပါတယ်။ ကာလာနှစ်မျိုးစပ် ဒီဇိုင်းနဲ့ မြင်တွေ့ရမှာဖြစ်ပြီး Operating System အသစ်တစ်ခုဖြစ်တဲ့ Sailfish ကို မြည်းစမ်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Operating System တစ်ခုကို စတင်ပွဲထုတ်ဖို့ဆိုတာ အခုခေတ်မှာ စွန့်စားရတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Android App တွေကို အသုံးပြုလို့ရခြင်းက Jolla ဖုန်းဟာ ဖုန်းဈေးကွက်ထဲကို ထိုးဖောက်၀င်ရောက်လာနိုင်မယ့် အဓိက အချက်တစ်ခုဖြစ်ပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Android , iOS ပြီးတော့ Sailfish OS စမတ်ဖုန်း ထွက်ပြီ

  1. Where Windows 8 Ph OS????

Leave a Reply

Your email address will not be published. Required fields are marked *