News

iOS 7.0.4 Update ရပြီ

Apple က iOS 7.0.4 ကို Update ပေးလိုက်ပြီဖြစ်ပြီး Error အချို့ ကို ဖြေရှင်းပေးထားတဲ့ အသေးစား Update ဖြစ်ပါတယ်။ Apple ရဲ့ တရား၀င် ပြောကြားချက်အရ Error or Bugs တွေကိုပြင်ဆင်ထားပြီး FaceTime Call အသုံးပြုရင်ဖြစ်တတ်တဲ့ ပြဿနာ လေးတွေကို ပြင်ဆင်ထားပါတယ်။

iPhone 4, iPhone 4S, iPhone 5, iPhone 5C, and iPhone 5S စတဲ့ iPhone တွေနဲ့ iPad 2, iPad 3, iPad 4, iPad Air, iPad mini, iPad mini with Retina display စတဲ့ iPad တွေမှာ Update လုပ်နိုင်ပါတယ်။ iOS 7 ကိုအသုံးပြုလို့ မရတဲ့ fourth-generation iPod touch တွေအတွက်လည်း iOS 6.1.5 ကို Update လုပ်ပေးလိုက်ပြီး FaceTime ပြဿနာကိုပြင်ဆင်ပေးထားပါတယ်။

Update ပြုလုပ်ဖို့အတွက် Settings ထဲက နေပြုလုပ်နိုင်ပါတယ်။ iOS 7.0.3 ဟာ အကြီးစား Update တစ်ခုဖြစ်ပြီး iCloud Keychain ပါရှိလာပြီး Accelerometer ပြဿနာကို ဖြေရှင်းပေးထားတာပါ။ အခု iOS 7.0.4 ဟာ iOS 7.0.3 ထွက်ရှိပြီး သုံးပတ် အကြာမှာထွက်ရှိလာတာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *