How-to

Windows 8 နဲ့အတူ တွေ့ရမယ့် Gigabyte Tablet ပြန်ဖွင့်ချင်ရင်

gigabyte-tablet

Taiwan အခြေပြု Computer Hardware ပစ္စည်းများ ထုတ်လုပ်လျှက်ရှိတဲ့ Gigabyte Company ကနေပြီး 11.6 လက်မရှိတဲ့ S1185 Tablet နဲ့ 10.1 လက်မရှိတဲ့ S1082 Tablet နှစ်မျိုးကို CES 2013 ပွဲမှာ ကြေငြာခဲ့ပါတယ်။

S1185 Tablet ကိုတော့ HD IPS Display နဲ့အတူ 1080P အထိ ထောက်ပ့ံပေးထားပါတယ်။ Tablet ရဲ့ Processor ကိုတော့ Third Generation Intel Ivy Bridge Processor ကို သုံးပေးထားပါတယ်။ Storage Space ကိုတော့ 256 GB ရှိတဲ့ SSD (Solid State Drive ) က ထောက်ပံ့ပေးနေမှာ ဖြစ်ပါတယ်။ Tablet ရဲ့ Camera ပိုင်းမှာဆိုရင်လဲ 5 Mega Pixel ရှိတဲ့ Rear Camera၊ 1.3 Mega Pixel ရှိတဲ့ Front Camera တို့ကို တပ်ဆင်ပေးထားပါတယ်။ Port အနေနဲ့ကတော့ VGA၊ HDMI တပ်ဆင်ပေးထားတဲ့အပြင် USB 2.0 ၊ USB 3.0၊ SD Card Slot တွေပါ ပါဝင်ပါတယ်။

နောက်ပြီးတော့ Wi-Fi, Bluetooth 4.0 and a 3.5G WWAN Antenna တွေကိုပါ တပ်ဆင်ပေးထားပါတယ်။ S1082 Modelမှာ ဆိုရင်တော့ 1.1 GHz Intel Dual-Core Processorကို တပ်ဆင်ပေးထားပါတယ်။ Stroage Space ကိုတော့ 500 GB ပမာဏရှိတဲ့ Hard Drive ကိုတပ်ဆင်ပေးထားပြီး SSD (Solid State Drive ) ကိုပါတပ်ဆင်လိုရပါတယ်။ Port တွေကိုတော့ VGA, HDMI , Ethernet Port တွေအပြင် USB 2.0, SD Card, Wi-Fi, Bluetooth 4.0 and a 3.5G WWAN Antenna တို့ကိုလဲ တပ်ဆင်ပေးထားပါတယ်။ Gigabyte ကုမ္ပဏီက ကြေငြာထားတာကတော့ S1082 Model ကို February လ နဲ့ S1185 Model ကိုတော့ March လလောက်မှာ အပြီးသတ်နိ်ုင်လိမ့်မယ်လို့ သိရပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *