News

Facebook ၏ Newsfeed များကို ပုံစံအသစ်ဖြင့် မြင်ရမည်

facebook-news-feed

သုံးစွဲသူ Memberပေါင်း သန်းချီရှိသည့် Social Network တစ်ခု ဖြစ်သော Facebookမှ Newsfeedများကို လာမည့် အပတ်အတွင်း ပုံစံ အသစ်ဖြင့် မြင်ရမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် သောကြာနေ့တွင် ပြောကြား ခဲ့ပါတယ်။ Facebookဟာ ပြောင်းလဲမှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပြီး ယခုတစ်ကြိမ် ပြောင်းလဲမှုဟာလည်း Facebookကို ပိုမို အဆင့်အတန်း မြင့်တဲ့ သုံးစွဲမှု ပုံစံမျိုး ရရှိအောင် ပြင်ဆင်ခြင်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Facebookရဲ့ Newsfeedတွေဖြစ်တဲ့ Userတွေ၊ Uploadလုပ်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေနဲ့ Commentတွေကို Display ပြတဲ့နေရာမှာ ပိုမို အဆင်ပြေ ကောင်းမွန်တဲ့ ပုံစံမျိုး ရရှိအောင် အမြဲ ပြုပြင် ပြောင်းလဲလေ့ ရှိပါတယ်လို့ Facebookရဲ့ CEO ဖြစ်သူ Mark Zuckerbergမှ ပြောခဲ့ပါတယ်။ Facebook Newsfeedတွေရဲ့ အဓိက ပြောင်းလဲမှုကို ၂၀၁၁ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့ပြီး အဲဒီအချိန်ကတည်းက PC တွေမှာထက် Mobile Deviceတွေနဲ့ အသုံးပြုသူတွေအတွက် ပိုမို သင့်တော်တဲ့ ပုံစံမျိုးကို ရရှိအောင် ထည့်သွင်း စဉ်းစားခဲ့တာလို့ သိရပါတယ်။

Industry Research Firm တစ်ခုဖြစ်တဲ့ Gartnerရဲ့ Analyst တစ်ယောက်ဖြစ်တဲ့ Brian Blauကလည်း Facebookရဲ့ Mobile Versionဟာ PC Versionနဲ့ ယှဉ်ရင် လိုအပ်နေတဲ့ Featureတွေ များစွာ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပြီး ယခုအကြိမ် ထပ်မံပြောင်းလဲဖို့ ပြင်ဆင်ခြင်းဟာ Mobile Deviceတွေပေါ်မှာနဲ့ PCတွေပေါ်မှာ Newsfeedတွေကို ကြည့်ရှုရတာဟာ တူညီတဲ့ ပုံစံမျိုး ရရှိအောင် ပြင်ဆင်ခြင်း ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *