ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Wireless Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Advanced Wireless Networking Courseသင်တန်းကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းကို အခြေခံမှစ၍ အဆင့်မြင့်အထိ သင်ကြားပေးမည်ဖြစ်ကာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineerများ၊ IT Officerများ၊ wirelessအကြောင်း လေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းမှ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ….
Wireless Local Area Network
WLAN Configuration, Ad-host
WLAN (point to point, point to Multipoint, Repeater)
Using Outdoor Antenna Airmax sector 5GHz with Rocket Titanium
(Short and Long)
WiFi-HotSpot Creating for software and hardware
PFsense, Zentyal, Easy Server
Wifi IP Camera and Channel Device
Window 2008 Server Radius, VOIP Gateway
Local VPN Network Configuration
WiFi Controller Device and Access Point CPE
Pfsense hotspot and radius wifi
Basic Mobile wifi Network
သင်တန်းနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် များမှာ
သင်တန်းကာလ – ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက် မှ ဒီဇင်ဘာလ (၈)ရက်အထိ
(စနေ၊ တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီအထိ
သင်တန်းကြေး – ၁၈၀,၀၀၀ိ/ (တစ်သိန်းရှစ်သောင်းကျပ်)
MCPA Member (50%) – ၉၀,၀၀၀ (ကိုးသောင်းကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၁)၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက် လိုသူများအနေဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့၊ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက် စာရင်းပေးသွင်း နိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။ အတန်းတက်ချိန် ၇၅%မပြည့်ပါက သင်တန်းဆင်း လက်မှတ် ပေးအပ်မည် မဟုတ်ကြောင်း သိရသည်။