How-to

သင့်ရဲ့ Security အတွက် ကွန်ပြူတာ အသုံးပြုသူတိုင်း လိုက်နာသင့်တဲ့အချက်များ။

 

သင့်ရဲ့  Security အတွက် Antivirus အသုံးပြုရုံနဲ့မလုံလောက်ပါဘူး။ Computer Security နဲ့ပတ်သက်တဲ့အခြေခံကျတဲ့ အချက်တွေကိုလေ့လာအသုံးပြုဖို့လည်းလိုအပ်ပါတယ်။Computer Security နဲ့ပတ်သက်ပြီးတော့ လိုက်နာသင့်တဲ့အချက်တွေအားလုံးကိုလေ့လာဖို့ဆိုတာကတော့ မလွယ်ကူပါဘူး။အခြေခံကျပြီးအရေးကြီးတဲ့အချက်တွေကိုတော့ သင်သိရှိနားလည်ပြီးလိုက်နာကျင့်သုံးသင့်ပါတယ်။

Antivirus အသုံးပြုပါ။

အရေးကြီးဆုံးအချက် တစ်ခုကတော့ Antivirus တစ်ခုကိုတော့ သင်မဖြစ်မနေအသုံးပြုရမှာပါ။သင့်ရဲ့ Browsers , Adobe Flash လို Plugin တွေကနေ တစ်ဆင့် Virus တွေကူးစက်နိုင်တဲ့အတွက်ကြောင့်ပါ။သင့် Browser ကိုအမြဲ Update လုပ်နေပြီး  Security ပိုင်းကိုကာကွယ်နေရင်တောင် အသစ်ထွက်ပေါ်လာတဲ့ Virus တွေရဲ့ ရန်ကမလွတ်နိုင်ပါဘူး။

Antivirus က သင့်ကွန်ပြူတာကိုကာကွယ်ပေးနေမယ့် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ Browsers တွေ၊ Plugin တွေရဲ့အားနည်းချက်ကြောင့် ကူးစက်လာတဲ့ Virus တွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

2

UAC ကို Enable လုပ်ပါ။

User Account Control ကို Microsoft  က  Windows Vista မှာစတင်မိတ်ဆက်ခဲ့ပြီးအဲဒီအချိန်တုန်းကအသုံးပြုသူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။Windows 7 , 8 မှာတော့ UAC ကသိပ်အနှောင့်အယှက်မဖြစ်တော့ပါဘူး။လူတွေ အနှောင့်အယှက်ဖြစ်တယ်ဆိုတဲ့ UAC ကတကယ်တော့ သင့်ကွန်ပြူတာကိုကာကွယ်နေတဲ့ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ Malicious Software တွေက သင့် System ကို ပြင်တဲ့အခါမှာ သင့် ရဲ့ ခွင့်ပြုချက်ကို UAC ကတောင်းပါလိမ့်မယ်။ဒီလိုနည်းနဲ့ UAC ကသင့် ကွန်ပြူတာကိုကာကွယ်နေတာပါ။ Antivirus လိုပဲအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်လို့ UAC ကိုအသုံးပြုသင့်ပါတယ်။

3

Firewall ကိုအသုံးပြုပါ။

Windows မှာ Built-in Firewall ပါရှိပြီး တစ်ခြား Third-Party Firewall တွေသုံးစရာမလိုပါဘူး။မယုံကြည်ရတဲ့ Incoming Connections တွေကို Firewall က Block လုပ်ပေးပြီးသင့်ကွန်ပြူတာ က  Malware တွေရဲ့ရန်ကိုကာကွယ်ပေးနေပါတယ်။Firewall ကိုအသုံးပြုရင်လည်းကောင်းမွန်စွာ Configure လုပ်ဖို့လိုပါတယ်။ကော်ဖီဆိုင်တစ်ခုက Network ကိုချိတ်ဆက်အသုံးပြုတဲ့အခါ Home,Work,Public Network စသဖြင့် ဘယ် Network အမျိုးအစားလဲဆိုတာ ကို Firewall ကသင့်ကိုမေးပါလိမ့်မယ်။Home Option ကိုရွေးရင်တော့သင့်ကွန်ပြူတာက Shared Files တွေကိုကောင်ဖီဆိုင်ဝိုင်ဖိုင်ကိုအသုံးပြုနေသူအားလုံးကရယူနိုင်ပါတယ်။ Public ကိုရွေးချယ်မှသာသင့်ဖိုင်တွေအတွက်စိတ်ချရမှာပါ။

4

Java ကို Uninstall လုပ်ပါ။

ကွန်ပြူတာအသုံးပြုသူအများစုက ဘရောက်စာက Java ကိုအမြဲ Update လုပ်ပြီးအသုံမပြုကြပါဘူး။Java ကနေတစ်ဆင့် Virus ကူးစက်မှုတွေအမြဲဖြစ်ပေါ်နေပါတယ်။ဒီနေ့ခေတ်မှာလည်း ၀က်ဆိုက်တော်တော်များများက Java ကိုအသုံးမပြုကြတော့ပါဘူး။အဲဒီအတွက် Java လိုအန္တရာယ်များတဲ့ Plugin မျိုးကို Uninstall လုပ်သင့်ပါတယ်။ Java ကို Uninstall လုပ်ဖို့ Control Panel ကနေ တစ်ခြား Programs တွေကို Uninstall လုပ်သလိုပဲပြုလုပ်နိုင်ပါတယ်။

5

Software တွေကို အမြဲ Update လုပ်ပါ။

ဒီနေ့ အသုံးပြုနေကြတဲ့ ဆော့ဝဲတွေမှာ Security နဲ့ပတ်သက်တဲ့ပြဿနာတွေအမြဲဖြစ်နေတယ်ဆိုတာ သိထားပါ။Windows,Inernet Explorer,Mozilla Firefox,Google Chrome,Adobe Flash Plugin,Adobe PDF Reader,Microsoft Office စသဖြင့် ဆော့ဝဲတွေဟာလည်း Virus နဲ့မကင်းနိုင်ပါ။

Software Company တွေကသူတို့ဆော့ဝဲတွေအတွက် Security Patch တွေကိုအမြဲ Update ပေးလေ့ရှိပါတယ်။အဲဒီအတွက် ဆော့ဝဲတွေကိုအမြဲ Update လုပ်ပေးသင့်ပါတယ်။

ဒီလိုလုပ်ဖို့ Windows Update ကို Auto Update လုပ်ဖို့ပြုလုပ်နိုင်သလို၊ Update တွေရရင်သင့်ကိုအသိပေးဖို့ပြုလုပ်ထားသင့်ပါတယ်။ Internet Explorer, Mozilla Firefox, Google Chrome, Adobe Flash, and Adobe Reader စတဲ့ဆော့ဝဲတွေမှာ Auto Update Feature တွေပါရှိပါတယ်။

Browser Plugin တွေဟာ လည်း Security Issue တွေဖြစ်ပြီးအမြဲ Update လုပ်ပေးသင့်ပါတယ်။ဒီလိုလုပ်ဖို့ အတွက် Mozilla’s Plugin Check Website မှာပြုလုပ်နိုင်ပါတယ်။ Mozilla Firefox တင်မကဘဲ တစ်ခြား ဘရောက်စာတွေအတွက် လည်း အဲဒီဆိုက်မှာ Update လုပ်နိုင်ပါတယ်။

6

Programs တွေကို Download , Run မယ်ဆိုရင်သတိထားပါ။

ယုံကြည်ရတဲ့၀က်ဆိုက်တွေက Programs တွေကိုပဲ Download လုပ်ပါ။Official Website ရှိရင် အဲဒီ  ၀က်ဆိုက်က Download လုပ်ပါ။ VLC Media Player ကို Download လုပ်ချင်ရင် VLC Official Website ကနေ Download လုပ်ပါ။ သိတဲ့သူတွေဆီကမဟုတ်တဲ့အီးမေးက Attachment တွေအနေနဲ့ပို့လိုက်တဲ့ Programs တွေကို မ Run သင့်ပါ။

7

Pirated , Cracked Software တွေအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။

Software တွေကို Full Version ဖြစ်အောင်ပြုလုပ်ပေးတဲ့ Cracks တွေကိုပြုလုပ်တဲ့သူတွေကိုသင်မသိပါဘူး။အဲဒီ Cracks တွေမှာ Malware , Virus တွေပါ၀င်နိုင်ပါတယ်။Pirated , Cracked Software တွေကိုသုံးခြင်းဟာ Security ပိုင်းအရစိုးရိမ်စရာဖြစ်ပါတယ်။ Cracked Software တွေအစား Freeware တွေကိုအသုံးပြုပါ။ လူတော်တော်များများက Freeware တွေက Licensed Software တွေလောက်မကောင်းဘူးလို့ ထင်ကြပါတယ်။ဒီ ထင်မြင်ချက်ဟာမှားယွင်းပါတယ်။ Freeware တွေဟာလည်း Licensed Software တွေလိုကောင်းကောင်းအသုံးချနိုင်ပါတယ်။တစ်ချို့ Freeware တွေဆိုရင် Licensed Software တွေထက်ကိုပိုကောင်းကြပါတယ်။

Pirated Software တွေမသုံးသင့်ဘူးဆိုတော့ Antivirus Software တွေကိုလည်း Free ရတဲ့ Antivirus တွေကိုပဲသုံးသင့်တယ်လို့ပြောတာပါပဲ။လူတော်တော်များများက Free Antivirus တွေထက်ပိုပြီးကောင်းတဲ့ Internet Security Suite တွေကိုပဲ Cracks တွေနဲ့အသုံးပြုချင်ကြတာပါ။ Internet Security Suite ကို Cracks တွေနဲ့အသုံးပြုစရာမလိုဘဲ ကိုယ်တိုင်ပြုလုပ်ပါ။

 

Phishing , Social Engineering အကြောင်းကိုသိထားပါ။

Browsers,Email Client တွေကသင့်ကို Phishing Attacks ကနေကာကွယ်ပေးထားပေမယ့် မလုံလောက်နိုင်ပါ။Phishing Attack ကိုဥပမာပေးရရင် တစ်စုံတစ်ယောက်က သင့် ဘဏ် က၀န်ထမ်း၊ အကြီးအကဲတစ်ယောက်ဟန်ဆောင်ပြီးသင့် ဘဏ် အကောင့်က သတင်းအချက်အလက်တွေကိုရယူတောင်းဆိုတာပါ။

သင့် Personal Information တွေကို အင်တာနက်မှာ ပေးရတော့မယ်ဆိုရင်အထူးသတိထားပါ။သင့်ရဲ့ ဘဏ် ၀က်ဆိုက်ကိုတိုက်ရိုက်သွားပြီးအသုံးပြုသင့်ပါတယ်။အီးမေးကလင့်တွေကိုနှိပ်ပြီးအသုံးမပြုသင့်ပါ။

8

Passwords တွေကိုပြောင်းလဲအသုံးပြုပါ။

Password တစ်ခုထဲကိုအသုံးမပြုသင့်ပါ။ ၀က်ဆိုက်တစ်ခုကသင့် Password ပေါက်ကြားသွားခဲ့ရင် သင့်အကောင့်အားလုံးက Passwords တွေပေါက်ကြားသွားသလိုပါပဲ။အင်တာနက်မှာ အကောင့်တွေပေါက်ကြားတဲ့သတင်းတွေဟာလည်းနေ့တိုင်းကြားနေရတဲ့အတွက်ဂရုစိုက်သင့်ပါတယ်။

မတူညီတဲ့ Passwords တွေကို မှတ်သားပေးနိုင်ဖို့ Password Manager တွေအသုံးပြုသင့်ပါတယ်။နာမည်ကြီးပြီး Security ပိုင်းကောင်းမွန်တဲ့ LastPass ကိုအသုံးပြုဖို့အကြံပေးပါတယ်။

9

ကောင်းမွန်တဲ့ Passwords တွေကိုအသုံးပြုပါ။

Password Manager တွေမှာ ဖောက်ထွင်းရခက်တဲ့ Password တွေကို ပြုလုပ်ပေးနိုင်တဲ့ Password Generator တွေပါရှိပါတယ်။ Numbers,Letters,Symbols စတာတွေကိုပေါင်းစပ်ပြီးဖောက်ထွင်းရခက်တဲ့ ရှည်လျားတဲ့ Passwords တွေကိုပြုလုပ်ပေးနိုင်ပါတယ်။

 

အင်တာနက်မှာ Hacking နဲ့ပတ်သက်တဲ့နည်းပညာအသစ်တွေနေ့စဉ်နဲ့အမျှပေါ်ပေါက်နေတဲ့အတွက် Security နဲ့ပတ်သက်ပြီးပြုလုပ်ရမယ့် အချက်တွေကလည်း အမြဲပေါ်ပေါက်နေမှာပါ။အားလုံးကို မပြုလုပ်နိုင်ရင်တောင်အပေါ်မှာဖော်ပြထားတဲ့အခြေခံအချက်အလက်တွေကိုလိုက်နာကျင့်သုံးပြီး သင့်ကွန်ပြူတာကိုကာကွယ်ထားသင့်ပါတယ်။

 

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “သင့်ရဲ့ Security အတွက် ကွန်ပြူတာ အသုံးပြုသူတိုင်း လိုက်နာသင့်တဲ့အချက်များ။

  1. Kay Reh says:

    Thank you very much!

Leave a Reply

Your email address will not be published. Required fields are marked *