Apps

Google Chrome ရဲ့ အားနည်းချက်ကို တွေ့ပြီ

နေ့စဉ်အသုံးပြုနေကြတဲ့ အင်တာနက် Browser တွေ တော်တော်များများဟာ သင့်ကို Password တွေ သိမ်းထားမှာလား ဆိုတဲ့မေးခွန်း မေးကြပါတယ်။ အဆိုပါ Password တွေကို Safari, Firefoxတို့မှာ ဆိုရင် လွယ်လွယ်ကူကူနှင့် ရှာဖွေ မတွေ့နိုင်ပါဘူး။ ဒါပေမယ့် Google Chrome Browserမှာတော့ သိမ်းထားတဲ့ Password တွေကို ရှာဖွေဖို့ အတော်လေး လွယ်ကူတာကို တွေ့ရပါတယ်။

မကြာသေးခင်က Software Developer Elliott Kember ရဲ့ အတည်ပြုပြောကြားချက်ကတော့ သိမ်းထားတဲ့ Password တွေကို လိုချင်ရင် Chrome Browser မှာ “chrome://settings/passwords” လို့ Point လုပ်လိုက်တာနဲ့ ရမှာပါလို့ ဆိုပါတယ်။ ဒါမှမဟုတ်လည်း Browser ရဲ့ Advanced Setting ထဲက Password Management Option ကို ၀င်ရောက်ရှာဖွေပြီး “Saved Entries” တွေထဲက တစ်ခုကို Click လုပ်လိုက်ရင် Hidden Password ရဲ့ ဘေးမှာ “Show” ဆိုတဲ့ Button ပေါ်လာတဲ့အခါ နှိပ်လိုက်ရင် Password တွေကို မြင်ရမှာပါလို့ ဆိုထားပါတယ်။

ဒီကိစ္စဟာ လုံခြုံရေးဆိုင်ရာ အဓိကပြဿနာတစ်ခု အနေနဲ့သာမက သတိထားရမယ့်အချက်လည်း ဖြစ်တယ်လို့ ဆိုရမှာပါ။ သို့သော်ငြားလည်း မကြာသေးခင်က အာရုံစိုက်ခဲ့တဲ့ကိစ္စတွေအရ Password တွေကို Save လုပ်တာဟာ အချို့လူတွေအတွက် ရိုးရှင်းလွယ်ကူစေပါတယ်လို့ သိရပါတယ်။ များစွာသော အခြား Browser တွေဟာ အသုံးပြုသူတွေအတွက် Password List ကို ကာကွယ်ဖို့ “Master Password” ထားတဲ့ Optionကို ဖန်တီးထားပါတယ်။ ဒါပေမယ့် Chrome မှာတော့ ပါ၀င်လာခြင်း မရှိပါဘူး။ Chrome Browserကို သုံးပြီး Sign Out လုပ်လိုက်ရင်တောင် သင့်ရဲ့ Google Account နဲ့ အချက်အလက် ချိတ်ဆက်ထားမှုဟာ အဲဒီ ကွန်ပျူတာမှာ ပေါ်နေမှာ ဖြစ်ပါတယ်။

Chrome ရဲ့ Security Tech Leader ဖြစ်တဲ့ Justin Schuh ကတော့ အဆိုပါ Topic မှာ Internet Chatter တွေကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ ဘယ် Browerကို သုံးသုံး တစ်စုံတစ်ယောက်က သင့်ရဲ့ computer OSကို Login ဝင်လိုက်ပြီဆိုကတည်းက ၎င်း ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ passwordတွေကို သီအိုရီအရ ပြေရရင် ရှာဖွေနိုင်နေပြီလေလို့ ဆိုပါတယ်။

သူ့ရဲ့ ထုတ်ပြန်ချက်ဟာ Password ကို ပိုမို လုံခြုံစေချင်တဲ့ အသုံးပြုသူတွေအတွက် ကျေနပ်စရာ အဖြေ ဖြစ်နိုင်မလားဆိုတာကိုတော့ အိုင်စီတီသတင်း ဖတ်ရှုသူများထဲမှ Google Chrome ပရိသတ်ကြီးရှိရင် ဆုံးဖြတ်ပေးလိုက်ပါတော့ဗျာလို့ တိုက်တွန်းလိုက်ရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *