News

ကမ္ဘာ့ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး မြို့တော်

Traffice-lane

ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုသည် ကမ္ဘာပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံး မြို့တော် ဖြစ်ကြောင်း နယ်သာလန်နိုင်ငံ GPS ကုမ္ပဏီ တွန်မ်တွန်မ်၏ နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ နံနက်ပိုင်းနှင့် ညနေပိုင်းတို့မှာ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ကာလဖြစ်ပြီး ညနေပိုင်းတွင် ယာဉ်ကြော ပိတ်ဆို့မှု ပိုမို ဖြစ်ပွားကြောင်း၊ မော်စကို မြို့တွင်း၌ မောင်းနှင် သွားလာနေသော မော်တော်ယာဉ် မောင်းနှင်သူများမှာ ၂၀၁၂ခုနှစ်အတွင်း ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အနည်းဆုံး နာရီပေါင်း ၁၂၇နာရီမျှ စောင့်ဆိုင်းခဲ့ကြရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
တူရကီနိုင်ငံရှိ အစ္စတန်ဘူမြို့တော်သည် ကမ္ဘာ့ယာဉ်ကြောပိတ်ဆို့မှု ဒုတိယအများဆုံး မြို့တော်ဖြစ်ပြီး ပိုလန်နိုင်ငံ၏ မြို့တော် ဝါဆောမှာ တတိယ အများဆုံး မြို့တော်ဖြစ်သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *