News

နိုင်ငံစီးပွားရေး တိုးတက်မှုတွင် SME ၏ အရေးပါပုံအကြောင်း ဟောပြောပွဲ ကျင်းပ

sme

နိုင်ငံဖွံ့ဖြိုး တိုးတက်မှုများ ဖော်ဆောင်ရာတွင် SME(small and Medium economic) အရေးပါပုံအကြောင်း ဟောပြောပွဲကို HISG၏ စီးပွားဖွံ့ဖြိုး တိုးတက်ရေး ဒါရိုက်တာ တစ်ဦးဖြစ်သူ Mu.Eugene A.shortမှ မေ ၄ရက်၊ နံနက် 9နာရီ အချိန်၊ ကမာရွတ်မြို့နယ် Judson Student Centerတွင် ပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောပွဲတွင် Mr.Eugene A.shortမှ ဥရောပနိုင်ငံများတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများက လုပ်ငန်းကြီးများထက် များပြားလျက်ရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိစေကြောင်း၊ ဥရောပတွင် SME လုပ်ငန်းများသည် 90 ရာခိုင်နှုန်းထိ ရှိနေပြီဖြစ်ကြောင်း၊ SME ဆိုသည်မှာ စားသောက်ဆိုင်လုပ်ငန်း၊ မီနီမားကတ် များကဲ့သို့ လုပ်ငန်းများ ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများသည် အတိုးအတက်မြန်ဆုံး လုပ်ငန်းများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဖွ့ံဖြိုးဆဲနိုင်ငံများတွင် SME လုပ်ငန်းများ ပိုမို ပေါ်ထွန်းလာသင့်ကြောင်း၊ စသည်ဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ အရေးပါပုံကို ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် language သင်တန်းကျောင်းဖြစ်သည့် Starfishနှင့် Synchronet Design & Video Editing သင်တန်းကျောင်းတို့မှ ပူးပေါင်း ပြုလုပ်ခဲ့သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *