News

ကမ္ဘာတစ်ဝှမ်းလုံးမှာ Android Tabletအလုံးရေ သန်း ၇၀ကျော် အသုံးပြုနေ

engadget

လွန်ခဲ့တဲ့ သီတင်းပတ် ၁၀ပတ်ကျော်က Googleက သူ့ရဲ့ Androidစနစ်ကို အသုံးပြုနေတဲ့ ပစ္စည်းတွေရဲ့ အရေအတွက်ဟာ သန်း ၉၀၀ကျော်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီက တစ်ဆင့် ဒီနေ့မှာပဲ Android စနစ်သုံး Tabletတွေရဲ့ အရေအတွက်ဟာ သန်း ၇၀ကျော် ရှိနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် Googleရဲ့ Play Storeကနေလည်း Downloadလုပ်ပြီး Appရယူတဲ့ အရေအတွက်ပေါင်း အကြိမ်ရေ ဘီလီယံ ၅၀ ကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိ Google Play Storeပေါ်မှာ Downloadလုပ်နိုင်တဲ့ App အရေအတွက်ပေါင်းဟာလည်း တစ်သန်းကျော်လောက် ရှိနေတာ တွေ့ရပါတယ်။

နောက်ပြီး ဒီနှစ်အတွင်း Googleရဲ့ ကြေညာချက်များအရ ဈေးကွက်မှာ Tabletတွေရဲ့ အောင်မြင်မှုများစွာ တွေ့နေရပြီး ယခုနှစ် အတွင်း Android စနစ်သုံး ပစ္စည်းနှစ်ခုရောင်းချရတိုင်း တစ်ခုမှာ Tabletဖြစ်ကြောင်း Googleက ဆိုပါတယ်။ စာရင်းများအရတော့ ၂၀၁၂ခုနှစ်ကုန်ပိုင်းအထိ ကမ္ဘာတစ်ဝှမ်းလုံးမှာ Tabletအလုံးရေ သန်း ၄၀လောက်သာ အသုံးပြုနေသော်လည်း ၂၀၁၃ခုနှစ်ရဲ့ ၆လတာ ကာလအတွင်း Tablet အလုံးရေ သန်း ၃၀လောက် ထပ်မံရောင်းချရကာ လက်ရှိမှာ တစ်ကမ္ဘာလုံးတွင် Androidစနစ်သုံး Tablet အလုံးရေ သန်း ၇၀ဖြစ်လာကြောင်း သိရပါတယ်။

Ref : http://www.engadget.com/2013/07/24/google-reports-70-million-android-tablet-activations-50-billion-downloads/

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *