How-to

Internet Security Suite တစ်ခု ကိုယ်တိုင်ပြုလုပ်ခြင်း။

Internet Security Suite တစ်ခု ကိုယ်တိုင်ပြုလုပ်ခြင်း။

Internet အသုံးပြုသူတွေအတွက် Antivirus တွေထက်ပိုပြီးတော့ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ features တွေပါရှိတဲ့Internet Security Suite တွေကိုအသုံးပြုသင့်ပါတယ်။ Internet Security Suite တွေမှာအပို ပါရှိတဲ့ features တွေကတော့ two-way firewalls, phishing filters, anti-theft, spam filter,web safety စတာတွေပါရှိတတ်ပါတယ်။ Free Antiviurs တွေ ကတော့ အများအပြားရှိပါတယ်။Internet Security Suite တွေက တော့ ပိုက်ဆံပေးပြီး၀ယ်သုံးရမှာပါ။

မြန်မာနိုင်ငံမှာတော့ Internet Security Suite တွေရဲ ့လိုင်စင်ဖိုင်တွေကို အင်တာနက်ကနေ ရှာဖွေပြီး လိုင်စင်တွေ ပွားပြီးသုံးနေကြတာပါ။ အခုနောက်ပိုင်း Internet Security Suite တွေက virus definition ကို update လုပ်တဲ့အခါကျရင်လိုင်စင်တွေစစ်တဲ့အတွက် ပွားသုံးနေတဲ့လိုင်စင်တွေကို block or black list ထဲသွင်းလိုက်တဲ့အတွက်အဆင်မပြေပါဘူး။

နောက်ပြီး privacy နဲ ့ငြိစွန်းတဲ့အတွက် မသုံးချင်ဘူးဆိုရင် Internet Security Suite တစ်ခု ကို သင်ကိုယ်တိုင်ပြုလုပ်ပါ။ ဒီဆောင်းပါး ရဲ ့ရည်ရွယ်ချက်က Internet Security Suite မှာပါတဲ့ features တွေအားလုံးကို Free ရတဲ့ antivirus တွေ၊ free ရတဲ့ firewall applications တွေ၊ free ရတဲ့ Web Safety Service or Web Safety Application တွေ၊ free ရတဲ့ anti-theft application တွေနဲ့အစားထိုးအသုံးပြုမှာပါ။

Free Antivirus

Internet Security Suite တွေရဲ ့အဓိက အစိတ်အပိုင်းက Antivirus ပါပဲ။ Internet Security Suite တွေမှာပါတဲ့ antivirus ကို တစ်ခြား free ရတဲ့ antivirus တွေနဲ ့အစားထိုးသုံးနိုင်ပါတယ်။အဲဒီအတွက် free ရတဲ့ antivirus တွေကို အောက်ကလင့်တွေကနေ ဒေါင်းပြီးအခမဲ့သုံးနိုင်ပါတယ်။

Microsoft Security Essentials (or) Windows Defender : Microsoft ရဲ ့ free antivirus ပါ။Windows 8 မှာတော့ Windows Defender လို ့အမည်ပြောင်းထားပြီး built-in ပါရှိပါတယ်။ Windows Vista,Windows 7 သုံးသူတွေအတွက် တော့ ပေးထားတဲ့လင့်ကနေ ဒေါင်းပြီးသုံးနိုင်ပါတယ်။

AVG Free : နာမည်ကြီး antivirus တစ်ခု ဖြစ်တဲ့ AVG ရဲ ့ free antivirus ပါ။AVG က internet security suite တွေကို ရောင်းချတဲ့အတွက် upgrade လုပ်ဖို ့message box တွေတော့ကျလာတတ်ပါတယ်။ဒါပေမယ့် free antivirus မှာ antivirus features တွေပြည့်စုံပါတယ်။

Avast Free ! : နာမည်ကြီး antivirus တစ်ခုဖြစ်တဲ့ Avast ကလည်း သူ ့ရဲ ့ antivirus ကို free ပေးသုံးပါတယ်။ Internet Security Suite ကိုတော့ရောင်းချပါတယ်။ Free antivirus မှာလည်း antivirus features တွေအပြည့် ပါရှိပါတယ်။

Firewall

Internet Security Suite တွေမှာ two-way firewall တွေပါရှိပါတယ်။ Windows မှာ လည်း built-in firewall ပါရှိပါတယ်။ ၀င်းဒိုး firewall က တော့ incoming connections တွေကို ပဲ block လုပ်ပြီးကာကွယ်ပေးပါတယ်။ Applications တွေရဲ ့ အင်တာနက်ကိုဆက်သွယ်တဲ့ outgoing connections တွေကို block ချင်ရင်တော့ third-party firewall application တွေကို သုံးပါ။

Comodo Firewall : Computer Security Company တစ်ခုဖြစ်တဲ့ Comodo က သူ့ရဲ့ နာမည်ကြီး firewall ကို အခမဲ့ပေးသုံးပါတယ်။ User Interface က လည်း ၀င်းဒိုး firewall ထက်ကောင်းမွန်ပြီးသုံးရတာလွယ်ကူပါတယ်။ Two-way firewall ပါရှိပြီး Application တစ်ခု ရဲ ့ outgoing connection က လုံခြုံမှုရှိရင် အလိုလို block လုပ်ပေးနိုင်ပါတယ်။

ZoneAlarm Firewall : ZoneAlarm firewall ကလည်း two-way firewall ဖြစ်ပြီး user interface ကလည်းအသုံးပြုရတာလွယ်ကူပါတယ်။

Web Safety

Internet Security Suite တွေမှာ ပါရှိတဲ့ Web Safety features တွေနေရာမှာတော့ တစ်ခြား web app or web services တွေကို အစားထိုးသုံးနိုင်ပါတယ်။Internet ကလင့်တွေ ၊ google search ကလင့်တွေ ၊ social networks ကလင့်တွေ စတာတွေကို စစ်ဆေးပေးနိုင်ပါတယ်။Virus threats တွေကို အမြဲ update လုပ်ပေးပြီးစစ်ဆေးပေးနိုင်ပါတယ်။

AVG LinkScanner : အင်တာနက်က လင့်တွေကို scan လုပ်ပေးနိုင်ပါတယ်။ လင့်တွေဘေးမှာ color icon တွေကို ဖော်ပြပေး ပြီး လင့်တွေရဲ ့ threat ကင်းရှင်းမှု ကို သိရှိနိုင်ပါတယ်။

McAfee SiteAdvisor : McAfee SiteAdvisor ကလည်း အင်တာနက်က လင့်တွေရဲ ့စိတ်ချရမှုကို စစ်ဆေးပေးပြီး လင့်တွေဘေးမှာ color icon တွေကို ဖော်ပြပေးနိုင်ပါတယ်။

Web of Trust : Web of Trust (WOT) ကတော့ အပေါ်က tool နှစ်ခု နဲ ့ကွာခြားပါတယ်။ WOT က security company တွေက ပေးသုံးတဲ့ service မဟုတ်ဘဲ society driving program တစ်ခုဖြစ်ပါတယ်။ကမ်ဘာပေါ်က အင်တာနက်အသုံးပြုသူတွေကိုယ်တိုင် ဘယ်၀က်ဆိုက်တွေကစိတ်ချရတယ် ဘယ်၀က်ဆိုက်တွေက စိတ်မချရဘူး ဆိုတာကို rate လုပ်ပေးထားတာပါ။ WOT ကိုအသုံးပြုရင်လည်း လင့်တွေဘေးမှာ color icon တွေကို တွေ့ မြင်နိုင်ပါတယ်။

Phishing Filters
Internet Security Suite တွေမှာ browser protection ပါရှိပါတယ်။ phishing and malware websites တွေကို သင်၀င်မကြည့်မိအောင်ကာကွယ်ပေးထားတာပါ။အဲဒီ feature အတွက်တော့ တစ်ခြား third-party application တွေ၊ services တွေသုံးစရာမလိုပါဘူး။ ဒီနေ ့ခေတ် browsers တွေထဲက လူသုံးများတဲ့ Chrome, Firefox, Internet Explorer, Opera, or Safari စတဲ့ browsers တွေက phishing and malware websites တွေကို အလိုလို block လုပ်ပေးနိုင်ပါတယ်။

Spam Filters
Internet Security Suite တွေမှာ spam email တွေကို စစ်ဆေးပေးတဲ့ spam filter တွေပါရှိပါတယ်။ဒီနေ ့ခေတ်အသုံးများတဲ့ Gmail မှာ spam filter ပါရှိပြီးသားဖြစ်ပါတယ်။

Anti-Theft
Internet Security Suite တွေမှာ ကွန်ပျူတာပျောက်သွားရင် track လုပ်ပေးနိုင်တဲ့ anti-theft feature ပါရှိပါတယ်။အဲဒီ feature အစားတစ်ခြား application, service တွေကို သုံးနိုင်ပါတယ်။

Prey : Prey ကို windows,ubuntu,mac,android ,iOS စတဲ့ device တွေမှာသုံးနိုင်ပြီး အဲဒီ device တွေပျောက်သွားရင် Prey Website ကနေ track လုပ်နိုင်ပါတယ်။သင့် device ရဲ ့ တည်နေရာကိုသိနိုင်တယ်။ lock ချနိုင်တယ်။ message ပို ့ပေးနိုင်တယ်။ personal data တွေကို wipe လုပ်နိုင်တယ်။ Prey က free နဲ ့ pro ဆိုပြီး plan နှစ်မျိုးရှိပါတယ်။ pro ကို၀ယ်သုံးရင် device တွေ အများကြီးကို track လုပ်ပေးနိုင်တာတွေ ၊ report တွေအများကြီး ထုတ်ပေးနိုင်တာတွေ စတဲ့အားသာချက်တွေရှိပါတယ်။သာမန် user အတွက်ကတော့ free အနေနဲ့သုံးရင်လုံလောက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “Internet Security Suite တစ်ခု ကိုယ်တိုင်ပြုလုပ်ခြင်း။

Leave a Reply

Your email address will not be published. Required fields are marked *