How-to, Mobile

သင့်ရဲ့ Android Tablet အသစ်ကို လုပ်ဆောင်သင့်တဲ့ အချက်များ

သင့်အနေနဲ့ သင့်ရဲ့ Android Tablet အသစ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သင့်တဲ့ အချက်များရှိပါတယ်။ တိတိကျကျ ပြောရရင်တော့ အချက် ၆ ချက်ရှိပါတယ် ။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ ။ သင့်ရဲ့ Tablet Experience ဟာ ပိုမို ကောင်းမွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ် ။ Tablet ရဲ့ Battery သက်တမ်းကို ထိန်းသိမ်းပါ Tablet တစ်ခုရဲ့ Battery သက်တမ်းဟာ အချက်များစွာ ပေါ်မှာ မှီတည်ပါတယ် ။ အဓိက ကျတဲ့ အချက်တွေကတော့ သင့် Tablet ရဲ့ Operation System နဲ့ Battery ရဲ့ အရွယ်အစားပေါ်မှာ မှီတည်နေတာဖြစ်ပါတယ်။ သို့ပေမဲ့ သင့်အနေနဲ့ သင့် Tablet ရဲ့ Battery ကို ကြာရှည်စွာ အသုံးပြုနိုင်ဖို့ သင့်အနေနဲ့ လုပ်ဆောင်နိုင်တဲ့ Setting တစ်ချို့ ရှိပါတယ် ။ သင့် Tablet ရဲ့ Battery ကို အများဆုံး အသုံးပြုတဲ့ နေရာကတော့ သင့် Tablet ရဲ့ Screen ပဲဖြစ်ပါတယ် ။ ဒါကြောင့် သင့် Tablet ရဲ့ Screen အလင်းအမှောင်ကို ချိန်ညှိပါ ။ အကယ်၍ များ သင်ဟာ သင့်ရဲ့ Tablet ကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာမှာ မသုံးဘူးဆိုရင် သင့် Tablet ရဲ့ Brightness ကို Maximum အထိထားစရာမလိုပါဘူး ။ ပုံမှန် အလင်းရောင်ရရှိတဲ့ နေရာတစ်ခုမှာ သင့် Tablet ကို အသုံးပြုမယ် ဆိုရင်တော့ သင့် Tablet ရဲ့ Brightness ကို 50 Percent မှာထားပြီး အသုံးပြုတာဟာ အကောင်းဆုံးဖြစ်ပါတယ် ။ အလင်းရောင်လုံး၀ မရရှိတဲ့ နေရာမျိုး ဥပမာ ည အိပ်ရာ၀င်ခါနီး အသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့ Brightness ကို Zero Percent မှာထားပြီး အသုံးပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တစ်ခြားသော Setting တွေဖြစ်တဲ့ Bluetooth ၊ Location Access စသည်တို့ကိုလည်း အသုံးမပြုရင် ပိတ်ထားခြင်းအားဖြင့် သင့် Tablet ရဲ့ Battery သက်တမ်းကို ပိုမို ရှည်ကြာစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ။ Screenshot_2013-12-11-18-11-01_270x432 File Manager တစ်ခုကို အသုံးပြုပါ Android OS သုံး ပစ္စည်းတွေမှာ မိမိ ရဲ့ File System ထဲကို အလွယ်တကူ ၀င်ရောက်လို့ရပါတယ် ။ ဒါဟာ iOS ပစ္စည်းတွေ ထက်အားသာချက်တစ်ခုပါပဲ ။ အကောင်းဆုံး File Manager တစ်ခုကို ညွန်းရမယ် ဆိုရင်တော့ ES File Explore ပဲဖြစ်ပါတယ် ။ ES File Explore ဟာ သင့် Tablet ရဲ့ Internal Storage ထဲမှာရှိတဲ့ File တွေ ၊ Folder တွေ အကုန်လုံးကို ၀င်ရောက်ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးနိုင်ရုံမက သင်အသုံးပြုထားတဲ့ External SDcard တွေထဲကိုလည်း ၀င်ရောက်နိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ် ။ သင့်အနေနဲ့ ES File Explore ကို အသုံးပြုခြင်းဖြင့် Application တွေကိုပဲ Manage လုပ်နိုင်ရုံမက သင့် Tablet ထဲမှာရှိတဲ့ Movies ၊ TV Shows နဲ့ Documents တွေအကုန်လုံးကို သင့်စိတ်တိုင်းကျ စီမံ အသုံးပြုနိုင်ပါပြီ ။ Screenshot_2013-12-11-15-29-26_(1)_270x432 Streaming Application ကို ရွေးချယ် အသုံးပြုပါ သင့်အနေနဲ့ Tablet တစ်လုံးကို အသုံးပြုပြီး လုပ်ဆောင်နိုင်တဲ့ အရာတွေ အမြောက်အမြားရှိပေမဲ့ Internet ကနေ Videos တွေကို ကြည့်ရှု့နိုင်ဖို့ကလည်း အဓိက အရေးပါပါတယ်။ သင့် အနေနဲ့ Videos တွေကို Download ဆွဲပြီးမှ ကြည့်မယ်ဆိုရင် အချိန်လည်းပေးရသလို ၊ Storage Space လည်းပေးရပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ Videos တွေကို Internet ကနေတိုက်ရိုက်ကြည့်ရှု့နိုင်ဖို့ Streaming Application တစ်ခုကို ရွေးချယ်အသုံးပြုသင့်ပါတယ် ။ HD Widget ကို အသုံးပြုပါ Android OS သုံး Tablet တွေဟာ အသုံးပြုရလွယ်ကူပြီးတော့ ၊ Widgets တွေကိုလည်း အဆင်ပြေပြေ တွဲဖက်အသုံးပြုနိုင်အောင် Support လုပ်ပေးပါတယ် ။ HD Widget ဟာ သင့်ရဲ့ Tablet ရဲ့ အရွယ်အစား နဲ့ Display Resolution ပေါ်မှာမူတည်ပြီး widget တွေကို သင့်ရဲ့ Home Screen ပေါ်မှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် ပြုလုပ်ပေးမှာ ဖြစ်ပါတယ် ။ HD Widget ကိုအသုံးပြူပြီး Digital Clock ၊ Current Weather Information Widget တွေကိုလည်း သင့် Tablet ရဲ့ Home Screen ပေါ်မှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ် ။ ဒါ့အပြင် Wi-Fi Setting ၊ Brightness ၊ Screen Timeout ၊ Battery Life စသည့် Shortcut Bar တွေကိုလည်း Tablet ရဲ့ Home Screen ပေါ်မှာအသုံးပြုနိုင်ပါတယ် ။ Screenshot_2013-12-11-19-23-52_610x381 Tablet ကို Secure လုပ်ထားပါ Android OS တွေဟာ Melware တွေရဲ့ တိုက်ခိုက်မှုကို ပိုပြီးတော့ ခံရနိုင်ပါတယ် ။ Smartphone တွေထက် Tablet တွေဟာ တိုက်ခိုက်မှု အန္တရယ် နည်းပေမဲ့ သင့်အနေနဲ့ ကြိုတင်ကာကွယ် ထားသင့်ပါတယ် ။ Android OS တွေအတွက် Anti-virus application တွေ အမြောက်အမြားရှိပါတယ် ။ ဒီထဲမှာမှ AVG Anti-Virus လေးက Free ဖြစ်ပါတယ် ။ သူ့မှာ Manual Scanner ၊ Real Time Protection တွေအပြင် Anti-theft Feature ကိုလည်း အသုံးပြုလို့ရပါတယ် ။ သင့် ရဲ့ Tablet ပျောက်သွားရင်ပဲ ဖြစ်ဖြစ် ၊ ခိုးခံရရင်ပဲ ဖြစ်ဖြစ် ဒီ Anti-theft Feature ကိုအသုံးပြုပြီး Google Maps ကနေပြီး ရှာလို့ရပါတယ် ။ Run 3DMark ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ Mobile Game တွေဟာ အရှိန်အဟုန် နဲ့ ဖွံဖြိုး လာပါတယ် ။ သင့်အနေနဲ့ Angry Bird ၊ Candy Crush စတဲ့ Game မျိုးကိုပဲ ဆော့မယ်ဆိုရင်တော့ သင့်ရဲ့ Tablet နဲ့ ကောင်းကောင်းဆော့လို့ရပါတယ် ။ သို့ပေမဲ့ 3D Game တွေကိုဆော့မယ်ဆိုရင်တော့ သင့်ရဲ့ Tablet နဲ့ အဆင်ပြေပြေ ဆော့လို့ရ ၊ မရ ကို 3D Mark နဲ့ ဆုံးဖြတ်လိုက်ပါ ။ 3D Mark ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ Tablet တွေ အကုန်လုံးရဲ့ Graphic စွမ်းရည်တွေကို နှိုင်းယှဉ် သုံးသပ်ပေးထားတာ ဖြစ်ပါတယ် ။ ဒါကြောင့် သင့်အနေနဲ့ 3D Game တစ်ခုကို ဆော့ တော့မယ်ဆိုရင် သင့် Tablet ရဲ့ Graphic စွမ်းရည် နဲ့ အဆင်ပြေပြေ ဆော့နိုင် ၊ မဆော့နိုင် ဆိုတာကို သိဖို့ 3D Mark ကို Run လိုက်ပါ ။ Screenshot_2013-12-11-19-48-31_610x381

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *