News

ဆန်ဖရန်စစ္စကိုတွင် Free Wi-Fi များရရန် Google မှ ဒေါ်လာခြောက်သိန်းခန့်သုံးစွဲ

ဆန်ဖရန်စစ္စကိုရှိ ကစားကွင်း၊ ပန်းခြံနှင့် အပန်းဖြေစခန်းများတွင် Wi-Fi များအခမဲ့ အသုံးပြုနိုင်စေရန် Google မှ တီထွင်ဖန်တီးပေးလိုက်ပြီ ဖြစ်ကြေင်း မြို့တော်၀န် Mayor Ed Lee မှ တရား၀င်ကြေညာခဲ့သည်။ ကြိုးမဲ့ချိတ်ဆက်မှုများသာ အစအဆုံး အသုံးပြုထားပြီး တစ်မြို့လုံးအနှံ့ Wi-Fi Area များဖြန့်ကျက်ထားနိုင်ပြီ ဖြစ်သည်။ ဆန်ဖရန်စစ္စကိုအနီးရှိ ဘော်စတွန်နှင့် နယူးယောက်မြို့တွင်လည်း အဆိုပါ city-wide plan များကို ပီပြင်စွာ အသုံးပြုနိုင်ရန်လည်း ဆောင်ရွက်နေကြပြီ ဖြစ်သည်။
အဆိုပါ မြန်နှုန်းမြင့် Free Wi-Fi Area များကို တိုးချဲ့လိုက်ခြင်းအားဖြင့် အမေရိကန်၊ ဆန်ဖရန်စစ္စကိုရှိ နေရာတော်တော်များများတွင် လက်ရှိအသုံးပြုနေသော Dial-Up စနစ်ထက်ပိုမို ကောင်းမွန်စွာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ အိမ်တွင် အင်တာနက် မတပ်ထားသူများအနေနှင့်လည်း မိမိတို့နှင့် နီးစပ်ရာ ပန်းခြံ၊ အပန်းဖြေစခန်း၊ ကစားကွင်း စသည့်နေရာများသို့ သွားရောက်ကာ Internet Access များရယူ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ နောက်ဆုံးပေါ် နည်းပညာပစ္စည်းများကလည်း WLAN စနစ်များ အသုံးပြုလာကြပြီ ဖြစ်ရာ အဆိုပါ စနစ်ကို ပို၍ပီပြင်စေမည် ဖြစ်သည်။
Google သည် ၎င်းတို့၏ အခြားအစီအစဉ် စနစ်တစ်ခုဖြစ်သော မိုးပျံပူဖောင်းဖြင့် အင်တာနက်လွှင့်တင်ခြင်း ကိုလည်း ကျေးလက်တောရွာများအထိ Internet Access ရရှိစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

Ref : http://techcrunch.com/2013/07/24/free-wifi-san-francisco-google/

Leave a Reply

Your email address will not be published. Required fields are marked *