News

ဆီးဂိမ်းစ်လှုံ့ဆော်ရေး မြိတ်မှ တစ်ကိုယ်တော် လမ်းလျှောက်သူ နေပြည်တော် ရောက်ရှိ

https://www.facebook.com

ဆီးဂိမ်းစ် အကြို လှုံ့ဆော်ရေးနှင့် အောင်နိုင်ရေးအတွက် မြိတ်မြို့မှ မိုင်ပေါင်း ၇၂၀ကျော် ခရီးကို တစ်ကိုယ်တော် လမ်းလျှောက်လာသူသည် ၂၉ရက်အကြာတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူသည် ဇူလိုင် ၁ရက်က မြိတ်မြို့မှ စတင် ထွက်ခွာခဲ့ပြီး ဇူလိုင်လ ၂၆ရက်နေ့တွင် တောင်ငူမြို့သို့ ရောက်ရှိကာ ဇူလိုင်လ ၂၇ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွာခဲ့ရာ ဇူလိုင်လ ၂၉ရက်နေ့ မွန်းလွဲ ၁၂နာရီ ၁၅မိနစ်၌ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ ပန်းဝင်လာခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် မြန်မာနိုင်ငံမှာ အိမ်ရှင်လုပ်မယ့် ဆီးဂိမ်းစ် အကြိုနဲ့ အောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး မြိတ်မြို့မှ နေပြည်တော်ကို လမ်းလျှောက် ဂုဏ်ပြုတာပါ။ ကျွန်တော် စထွက်လာတုန်းက ရက်ပေါင်း ၄၀လောက် လျှောက်ရမယ်လို့ မှန်းထားပါတယ်။ တကယ်တမ်း လျှောက်ကြည့်တော့ ၂၉ရက်နဲ့ ပန်းဝင်လာခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် ဝမ်းသာမိပါတယ်”ဟု ဦးအောင်သူက ပြောကြားခဲ့သည်။

တစ်ကိုယ်တော် လမ်းလျှောက်သူ အသက် (၄၅)နှစ်အရွယ်ရှိ ဦးအောင်သူမှာ မြိတ်မြို့ကန်ဖျားရပ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး စတင်ထွက်ခွာလာစဉ်က အဖော်တစ်ဦး ပါရှိလာခဲ့ကာ ကျန်းမာရေး အခြေအနေကြောင့် လှည့်ပြန်သွားရသဖြင့် ၎င်းမှာ ယခုကဲ့သို့ တစ်ကိုယ်တော် လမ်းလျှောက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့မှ တစ်ကိုယ်တော် လမ်းလျှောက်လာသူ ဦးအောင်သူအား နေပြည်တော် အားကစား ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများက ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Ref:  The Daily Eleven 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *