News

နစ်ဆန်းက မော်တော်ယာဉ် တပ်ဆင်စက်ရုံ တည်ဆောက်မည်

Nissan Motor factory

ဂျပန်နိုင်ငံ အခြေစိုက် နစ်ဆန်း (Nissan)ကုမ္ပဏီသည် မော်တော်ယာဉ် အစိတ်အပိုင်းများ တပ်ဆင်သော စက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်ရန် ဆွေးနွေးနေကြောင်း သိရသည်။ ဇူလိုင်လ ၁၆ရက်နေ့က Nissan Techno Co. Ltd. တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခြင်း ဖြစ်သည်။

နစ်ဆန်း မော်တော်ယာဉ် အစိတ်အပိုင်းများကို နောက်ဆုံး အဆင့် တပ်ဆင်သည့် စက်ရုံ တည်ဆောက်ရန် လျှောက်ထားခဲ့ရာ စက်မှု ဝန်ကြီးဌာန၏ သဘောထား မှတ်ချက်ကို စောင့်ဆိုင်းနေကြောင်းလည်း ယင်းဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါ်ခင်လေးတင့်က ပြောကြားသည်ဟု သိရသည်။

အဆိုပါ နစ်ဆန်း ကုမ္ပဏီဒ အပိုပစ္စည်းနှင့် ဆားဗစ်စင်တာကို ရန်ကုန်မြို့တွင် ၂၀၁၁ခုနှစ် ကတည်းက ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Nissan March အငှားယာဉ်မောင်း ဦးကျော်ကျော်လင်းက “ပြည်တွင်းမှာ စက်ရုံဆောက်တော့ ကားဈေးပိုကျမယ် ဝယ်တဲ့သူ ပိုများလာမယ်။ ဒါပေမယ့် လမ်းတွေ ကြပ်နေတာကိုတော့ အရင် ဖြေရှင်းသင့်တယ်”ဟု သိရပါသည်။ နစ်ဆန်း ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် ဒုတိယ အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ ဆဋ္ဌမအကြီးဆုံး ဖြစ်သည်။

ဆူဇူကီး ( Suzuki Motors)ကလည်း တောင်ဒဂုံ စက်မှုဇုန်တွင် မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်သည့် စက်ရုံ တည်ဆောက်၍ မော်တော်ယာဉ်များ ထုတ်လုပ်လျက် ရှိသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်ထားသော ပမာဏသည် အမေရိကန် ဒေါ်လာ ၂၇၀ ဒဿမ ၂၈၃သန်းရှိပြီး ၂၀၁၂ခုနှစ်တွင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁ဒဿမ ၄၁၄ ဘီလီယံ ရှိကြောင်း သိရပါသည်။

Ref : The Voice Weekly

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *