Apps, News

Microsoft ရဲ့ “Project Siena” ကိုအသုံးပြုပြီး Window 8 Application တွေကို ဖန်တီးလို့ရပြီ

လူတိုင်းလူတိုင်း ဟာ Coding တွေကို ကောင်းကောင်းရေးနိုင်တဲ့ Programmer တွေမဖြစ်နိုင်ပါဘူး ။ Coding တွေ ပိုင်နိုင်ကျွမ်းကျင်တဲ့ သူတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ Theoretical Knowledge တွေပြည့်စုံရမယ် ၊ Practice တွေ များများလုပ်ရမယ် ၊ စိတ်ရှည်သည်းခံတတ်မှု တွေရှိရမှာ ဖြစ်ပါတယ် ။ သင်ဟာ Programmer ကောင်းတစ်ယောက် ဖြစ်ချင်ရင်တော့ ဒီ အချက်တွေကို ရှောင်လွှဲသွားလို့ မရပါဘူး ။ ဒါပေမဲ့ Microsoft ကနေ ထုတ်လုပ်လိုက်တဲ့ “Project Siena” ကို အသုံးပြုမယ်ဆိုရင်တော့ Application တစ်ခုကို ဖန်တီးဖို့ရာ လွယ်ကူသွားပါပြီ ။ Porject Siena ကို အသုံးပြုပြီး သင်ဟာ Coding Line တစ်ကြောင်းကိုတောင် ရေးစရာမလိုဘဲ Application တွေကို ဖန်တီးလို့ရပါပြီ ။

Project Siena မှာ ဘာမှမရေးရသေးတဲ့ စာရွက်အလွတ်လို ရှင်းလင်းနေတဲ့ မျက်နှာပြင် တစ်ခုကို တွေ့မြင်ရမှာ ဖြစ်ပြီး အဲ့ဒီ့ မျက်နှာပြင်ရဲ့ ဘေးပတ်ပတ်လည်မှာတော့ သင်အသုံးပြုလို့ရတဲ့ Tools တွေရှိနေမှာဖြစ်ပါတယ် ။ သင်ဟာ Tools တွေကို အသုံးပြုပြီး background images, labels, buttons, galleries, video players, drop-down menus, shapes, timers စသည့် အရာများကို ထည့်သွင်းလို့ရပါတယ် ။ ဒါ့အပြင် သင်ဟာ အထက်က ဖော်ပြထားတဲ့ အရာတွေကို ထည့်သွင်းပြီးတာနဲ့ သူတို့ရဲ့ Behavior ကိုလည်း Set လုပ်ပြီး အသုံးပြုလို့ ရပါတယ် ။ သင့်အနေနဲ့ Outside Source က Data တွေကိုလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ် ။ RSS feeds, Windows Azure, Office Excel spreadsheets, နဲ့ SharePoint စသည်တို့က Data တွေကို လည်းထည့်သွင်းအသုံးပြုလို့ရပါတယ် ။

tmr85

Microsoft ရဲ့ ပြောကြားချက်အရဆိုရင်တော့ Project Siena ကို အသုံးပြုပြီး ရိုးရှင်းတဲ့ Webcam Photo Capture Application တစ်ခုကို ဖန်တီးဖို့ မိနစ် ၃၀ ပဲ ကြာပါတယ် ။ Idea လေးကတော့ ရိုးရှင်းပါတယ် ။ သင့် Project Siena ရဲ့ Screen အပေါ်ဘက်မှာ Webcam Feeds ကို ထည့်သွင်းပြီးတော့ Screen ရဲ့ အောက်ခြေမှာတော့ “Capture” ဆိုတဲ့ Button ကို ထည့်သွင်းလိုက်ပါ ။ ပြီးတာနဲ့ Capture Button ကို နှိပ်လိုက်တာနဲ့ Camera ကနေ ဓာတ်ပုံရိုက်ဖို့အတွက် “Capture” Button ရဲ့ Onselect Value ကို Camera Module မှာ Set လုပ်ပေးပါ ။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဘာအခက်အခဲမှ မရှိဘဲ ရိုးရှင်းတဲ့ Application တစ်ခုကို ဖန်တီးလို့ ပြီးစီးသွားပါပြီ ။ Project Siena ကို အသုံးပြုပြီး Application တွေကို ဖန်တီးဖို့အတွက် သင့် အနေနဲ့ Programming Language ကို တတ်ကျွမ်းစရာမလိုပေမဲ့ Computer နဲ့ ပတ်သတ်တဲ့ နည်းပညာအကြောင်းတွေကိုတော့ သိထားရမှာဖြစ်ပါတယ်။

project-siena-screenshots

Microsoft နဲ့ Google ဟာ Project Siena လိုမျိုး Coding Skills ဘာတစ်ခုမှ တတ်ကျွမ်းစရာ မလိုဘဲနဲ့ Application တွေကို ဖန်တီးနိုင်တဲ့ Software မျိုးကို ဟိုးအရင်ကတည်းက ထုတ်လုပ်နိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ် ။ Project Siena လိုမျိုး Application တွေဖြစ်တဲ့ Window Phone Application Studio နဲ့ Application Inventor တို့ကို မိတ်ဆက်ပြသခဲ့ပြီး ဖြစ်ပါတယ် ။ ဒါပေမဲ့ သူတို့ဟာ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး ။

Project Siena ဟာ အခုချိန်မှာတော့ ထုတ်လုပ်စမ်းသပ်ဆဲ (Beta) အဆင့်ပဲရှိပါသေးတယ် ။ သိပ်မကြာတော့တဲ့ အနာဂတ်ကာလ မှာ စတင်အသုံးပြုနိုင်မယ်လို့ သိရှိရပါတယ် ။ ဒါဆို Application တစ်ခုကို ဖန်တီးဖို့ Coding တွေကို သိစရာမလိုတော့ပါဘူး ။ ရိုးရှင်းတဲ့ Idea နဲ့ Project Siena ကို ပေါင်းစပ်အသုံးပြုလိုက်ရုံပါပဲ ။

Install Project Siena from Window Store

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *