Gaming

THE LAST OF US

last-us

အပြိုင်အဆိုင်ကို ထွက်လို့လာနေပါတယ်။ ဒီလိုဂိမ်းတွေက အပြိုင်အဆိုင် ထွက်နေရခြင်းဟာ အကြောင်းအရင်း ခိုင်မာစွာရှိနေပါတယ်။ RE, The Walking Dead ဂိမ်းပရိသတ်တွေက များပြားလွန်းနေပါတယ်။ ၂၀၁၃ရဲ့ ဂိမ်းကောင်းတစ်ခုကို Sony Computer Entertainmentက မကြာခင်မှာ ထုတ်တော့ပါမယ်။ Sony Computer Entertainmentကလည်း ဂိမ်းကောင်းတွေ ထုတ်နေတယ်ဆိုတော့ ဒီဂိမ်းက ဆော့လို့ကောင်းမယ့် ဂိမ်းတစ်ခုဆိုတာ သေချာပါတယ်။ ၂၀၁၃ခုနှစ်၊ ဇွန်လ (၁၄)ရက်နေ့ဆိုတော့ စောင့်ရကျိုးနပ်မယ်လို့ ထင်ပါတယ်။ Naughty Dog Software (Developer)တွေက ဖန်တီးထားကြတဲ့ The Last Of Usကို ဒီတစ်ပတ် Preview လုပ်ပေးထားပါတယ်။ ဒီလိုဂိမ်းတွေက မြင်နေကျ ဇွန်ဘီးတွေနဲ့ တိုက်ခိုက်ကြ၊ လွတ်မြောက်အောင် ကြိုးစားကြတဲ့ ပုံစံမျိုးဖြစ်နေပေမယ့် ဇာတ်အိမ်ပဲ နည်းနည်းဆင်နေတာပါ။ ကစားရတဲ့ အနေအထားတွေကတော့ ဘယ်လိုမှ မတူပါဘူး။ ဒါကြောင့် The Last Of Usကလည်း သူ့အထာနဲ့ သူရှိနေမှာပါ။

ရောဂါပိုးတွေကြောင့် တစ်မြို့လုံးရောဂါ ကူးစက်ခံနေရပါတယ်။ အဲ့ဒီ ရောဂါပိုးတွေကြောင့် အပြင်းအထန် ခံစားနေရတဲ့ မြို့သူ၊ မြို့သားတွေက အချင်းချင်း သတ်ဖြတ်နေကြပါတယ်။ ရောဂါပိုး မရှိသေးတဲ့ လူတွေကိုပါ ဒုက္ခလိုက်ပေးနေတာကြောင့် အဲ့ဒီမြို့မှာ ကျန်နေတဲ့ လူသုံးယောက်က ရန်သူတွေရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ ကြိုးစားနေပါတယ်။ Ellie- Chlo Moretz, Bill- Sean Bean, Joel- Robert Downey တို့သုံးယောက်ပဲ ကျန်နေပါတော့တယ်။ Ellieဟာ (၁၂)နှစ်အရွယ်လောက် ကောင်မလေးဖြစ်ပေမယ့် ကြောက်ရွံ့မှုနည်းတဲ့ ကောင်မလေး တစ်ယောက်ပါပဲ။ သူနဲ့ အတူတူ လိုက်ပါနေတဲ့ ဇာတ်လိုက်ကြီး Joelက သူ့ကို စောင့်ရှောက်ပေးနေရပါတယ်။ ဂိမ်းက Open World၊ PS3မှာပဲ ဆော့လို့ရဦးမယ်။ ဒီဂိမ်းကို PS 3 ဂိမ်း Platform တစ်ခုထဲမှာ စဖြန့်မှာဆိုတော့ ကျန်တဲ့ Platformတွေအတွက် ထုတ်ပါ့မလားဆိုတာကိုတော့ မျှော်နေရဦးမှာပါပဲ။ Joleနဲ့ Ellieက အမြဲတမ်း အတူတူရှိနေပေမယ့် Ellieကလည်း Joleကို ကူညီပေးနေမှာပါ။ တစ်မြို့လုံးမှာ သူတို့နှစ်ယောက်ထဲ ရောဂါကူးစက်မခံရဘူးလို့ ထင်နေပြီး ဒီမြို့လေးထဲက လွတ်မြောက်ဖို့ ကြိုးစားရင်း Billနဲ့ တွေ့ကြပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ရောဂါ ကူးစက်ခံထားရပြီလားဆိုပြီး သံသယတွေ၀င်ပြီး တိုက်ခိုက်ကြတဲ့ နောက်ပိုင်းမှာ နားလည်သွားကြတဲ့အတွက် သူတို့သုံးယောက် လွတ်မြောက်ဖို့ အတူတူ ကြိုးစားကြပါတော့တယ်။ ရန်သူ ဇွန်ဘီးတွေက မျိူးစုံပါပဲ၊ ရောဂါကူးစက်ခံရပုံချင်း မတူကြတဲ့အတွက် သူတို့တွေရဲ့ တိုက်ခိုက်မှုတွေကလည်း များပြားလွန်းပါတယ်။ ဒီဂိမ်းထဲမှာ လက်နက်တွေကိုလည်း သုံးရပေမယ့် လက်နက်ကြီး သိပ်မပါဘူး။ လက်ချည်းပဲ တိုက်ခိုက်ရတာတွေတောင် ပိုများပါတယ်။ ဒါကြောင့် လျင်မြန်ဖို့ လိုပါတယ်။ သူတို့သုံးယောက် ဘယ်လိုတွေများ ဒီမြို့ထဲက လွတ်မြောက်အောင် ကြိုးစားကြမလဲ ဆိုတာကတော့ ဇွန်လမှာပဲ သိနိုင်တော့မှာပါ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *