Laptops, News, Review

MSI GT80 2QC Titan SLI Gaming Notebook

MSI GT80 2QC Titan SLI Gaming Notebook

နောက်ဆုံးထွက်ရှိလာတဲ့ Screen Size အကြီးဆုံးမှာ အပါးလွှာဆုံး 18.4” Gaming Notebook အမျိုးအစားဖြစ်ပါတယ်။ 4th Gen CPU core i7 (4720HQ , 2.6GHz) ကို တပ်ဆင်အသုံးပြုထားသောကြောင့် သာလွန်တဲ့စွမ်းဆောင်ရည်ကို ပိုမိုရရှိစေမှာဖြစ်ပါတယ်။ Memory ကို ( 8GB DDR3 1600 MHz * 2 ) 16 GB တပ်ဆင်ထားပြီး 4 slot ပါရှိသောကြောင့် 32GB အထိလိုအပ်သလို အမြင့်ဆုံးတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာ အဓိက လိုအပ်တဲ့ Graphic အနေဖြင့် လက်ရှိတွင်အမြင့်ဆုံး Dual nVidia Geforce GTX 965M, 4GB DDR5 SLI ကဒ် အမျိုးအစားကို အသုံးပြုထားသောကြောင့် Gaming Performance ကို အမြင့်ဆုံးရရှိနိုင်ပါတယ်။ 1TB HDD (7200 rpm) ပါဝင်သည့်အပြင် Super RAID 3 support လုပ်တဲ့ 128GB SSD SATA HDD ပါ ပါရှိသောကြောင့် Data သိုလှောင်မှုအပိုင်းမှာလည်း ပြောစရာမရှိလောက်အောင် လုံလောက်စေရုံသာမက သိမ်းဆည်းရာမှာ ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ Anti-glare စနစ်အသုံးပြုထားတဲ့ 18.4” LED Display က မြင်ကွင်းကျယ်ကျယ်ဖြင့် အကောင်းဆုံးပုံထွက်တွေကို ပေးစွမ်းမှာဖြစ်ပြီး Full HD ကို Resolution (1920 x 1080) ဖြင့် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

Touchpad နှင့် numeric keypad ကို တလှည့်စီသုံးလို့ရတဲ့ One touch switch ပါရှိသောကြောင့် သုံးစွဲသူများအတွက်အဆင်ပြေစေပါတယ်။ Steelseries Engine အမျိုးအစားနှင့် LED Backlight Multi Color Keyboard ကို အသုံးပြုထားသောကြောင့် အလင်းရောင်အားနည်းတဲ့နေရာတွင်ဖြစ်စေ၊ အမှောင်ထဲမှာဖြစ်စေ ပိုမိုပေါ်လွင်စေပြီး အသုံးပြုသူများအတွက် လွယ်ကူအဆင်ပြေစေမှာဖြစ်ပါတယ်။ MSI GT80 2QC Titan SLI Gaming Notebook မှာ Feature အသစ်ဖြစ်တဲ့ “SHIFT “ ဟာ Gaming Notebook ၏ performance နဲ့ temperature အတွင်းရှိ စနစ်ထိန်းညှိမှုကို လုံးဝထိန်းချုပ်ပေးနိုင်ပါတယ်။ ထို့အပြင် Blu-Ray Drive ပါဝင်ပြီး Blu-Ray Disc တွေကို အကူး၊ အဖတ်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ GB LAN, WLAN၊ HD Webcam, Bluetooth 4.0 version၊ HDMI, Display port, USB 3.0, D-Sub, eSATA တို့ပါဝင်ပါတယ်။ Battery အားဖြင့် 8cells ဖြစ်သောကြောင့် Battery Life time ကို ကြာရှည်အသုံးပြုနိုင်ပါတယ်။

MSI ၏ Gaming Feature တွေဖြစ်တဲ့ Gaming Notebook တွေတိုင်းမှာမရရှိနိုင်တဲ့ Matrix Display system (လုပ်ဆောင်ချက် ၄ မျိုးကို Monitor Display ၄ ခုပေါ်မှာ တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့စနစ်)၊ အအေးပေးစနစ်ကို ပိုကောင်းအောင်ပြုလုပ်ထားတဲ့ နောက်ဆုံးပြုလုပ်ထားတဲ့ Cooler Boost 3 နည်းပညာ၊ အသံစနစ်တွင် အသံ၏ အသေးစိတ် ကြည်လင်ပြတ်သားမှုနှင့် Surround Sound system တွေကို အပြည့်အဝခံစားနိုင်မည့် Audio Boost 2 နှင့် Sound Blaster Cinema System တွေအပြင် Online ပေါ်က HD Video၊ High Quality Audio တွေနဲ့ Online Game တွေကို အထစ်အငေါ့မရှိပဲ အသုံးပြုနိုင်မယ့် Killer Double Shot Pro (Killer Gb LAN + Killer 802.11 a/c WiFi) နှင့် Xsplit Gamecaster နည်းပညာတွေ ပါဝင်တာကြောင့် Game ဝါသနာပါသူများအတွက်သာမက စွမ်းဆောင်ရည်အမြင့်ဆုံးကို ကြိုက်နှစ်သက်ပြီး အသုံးပြုလိုသူများအတွက်ပါ လုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်။

Price – USD 3020

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *