News

စက်သုံးဆီ အသုံးပြုရာတွင် ကိုယ်တိုင်ဆီထည့် အသုံးပြုနိုင်သော e-filing Station Software စနစ်ဖြင့် အသုံးပြုနိုင်ပြီဟု သိရ

e-filing-Station-Software

e-filing Software စနစ်မှာ ဆီပန့်ခ်နှင့် ကွန်ပျူတာကို တိုက်ရိုက် ချိတ်ဆက် ထားသောစနစ် ဖြစ်သည်။ တချို့ဆိုင်တွေက ဆီထည့်တာ မပြည့်သလိုပဲ။ တစ်ဆိုင်နဲ့ တစ်ဆိုင် ဆီထည့်တာ မတူဘူး။ အဲဒါကြောင့် ဆိုင်ရွေးပြီး လိုက်ထည့် ရတယ်ဟု Taxi ဒရိုင်ဘာ တစ်ဦးထံမှ သိရသည်။ ယင်းကိစ္စရပ်များကို မကြာခဏ ဖြစ်တတ်ကြသည်ဟု စုံစမ်း သိရသည်။ ယင်းစနစ်ကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ကိုယ်တိုင် ဆီဂေါက်ကိုင်၍ ဆီထည့် အသုံးပြုနိုင်ပြီဟု အင်ဖိုစစ် မြန်မာမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထုတ်လုပ်မှုပိုင်း အကုန်လုံး ပြီးစီးသွားပါပြီ။ မကြာခင်မှာ ရန်ကုန်မြို့တွင် ရှိသော ဆီဆိုင်များမှ စတင်စမ်းသပ် အသုံးပြုတော့မည် ဖြစ်ပြီး ဆီပန့်ခ်နှင့် ကွန်ပျူတာ ချိတ်ဆက်ပြီး ကိုယ်တိုင် ဆီဂေါက်ကိုင်ပြီး ဆီထည့်နိုင်ပြီ ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရပါသည်။

မန္တလေးမြို့တွင်လည်း ပြုလုပ်သွားမည်ဟု သိရပြီး e-filling Station စနစ်မှ ဆီပန့်ခ်နှင့် ကွန်ပျူတာကို တိုက်ရိုက် ထိန်းချုပ်ထားသောကြောင့် ဆီပို ထွက်ခြင်းကို ထိန်းချုပ်သည်ဟု သိရသည်။ ထိုစနစ်ကို လက်ရှိ ငွေသားနှင့် အသုံးပြုနိုင်မည် ဖြစ်သော်လည်း နောက်နောင်များတွင် Master ကတ်၊ MPU ကတ်၊ Visa ကတ်စနစ် များဖြင့် အသုံးပြုရာ၌ ဘဏ်များတွင်ရှိသော POS စနစ်နှင့် ဆီဆိုင်သုံး Software စနစ်များဖြင့် ချိတ်ဆက်၍ ဆောင်ရွက်နိုင်မည် ဖြစ်သည်ဟု သိရသည်။ “ဒီစနစ်ကို ကတ်စနစ်နဲ့ အသုံးပြုနေတာကတော့ နိုင်ငံတော်တော်များများမှာ အသုံးပြု နေကြပြီ”ဟု အထက်ပါ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *