မြန်မာနိုင်ငံရှိ ယဉ်ကြောပိတ်ဆို့မှုများသော နေရာတွေမှာ အထူးအဆင်ပြေစေမယ့် နည်းလမ်းတစ်ခုကတော့ မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်၊ ကားပိုင်ဆိုင်ထားသူ တစ်ဦးထက် မော်တော်ဆိုင်ကယ် ပိုင်ဆိုင်ထား သူတစ်ဦးက ပို၍ရိုးရှင်းပြီး စီးနှင်းရ လွယ်ကူပါလိမ့်မယ်။ မြန်မာပြည်မှာ မော်တော်ဆိုင်ကယ်ကို ရန်ကုန်ကလွဲလို့ အခြားမြို့တွေမှာ တွင်တွင်ကျယ်ကျယ်ကို အသုံးပြုနေကြပါတယ်။ အကြောင်းက ရန်ကုန်မှာ ဆိုင်ကယ် မောင်းနှင်ခွင့်ကို ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။ ရန်ကုန်မှာမြို့နယ် အားလုံးတော့ မဟုတ်ပါဘူး။မြို့တွင်းအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ၂၀ ဝန်းကျင်လောက်မှာသာ တားမြစ်ထားသာဖြစ်ပြီး ကျန်တဲ့ မြို့ပေါင်း ၁၀ မြို့ကျော်မှာတော့ ဆိုင်ကယ်မောင်းနှင်ခွင့်ကို အကန့်အသတ်နဲ့ ပေးထားပါတယ်။ မြို့တွင်းမှာတော့ အစိုးရ ဝန်ထမ်းအချို့ကိုသာ မောင်းနှင်ခွင့် ပေးထားခြင်းဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်က မော်တော်ဆိုင်ကယ် အကြောင်းကို ပြောပါဆိုရင် မန္တလေး၊ တောင်ကြီး နဲ့ တရုတ်၊ထိုင်း နယ်စပ် မြို့များက မဖြစ်မနေ ပါဝင်နေမှာ ဖြစ်ပါတယ်။
မန္တလေးမှာဆိုရင် မော်တော်ဆိုင်ကယ် ဈေးကွက် အတော်လေးကြီးပါတယ်။ အားလုံးနီးပါးက နယ်စပ်ကနေ ဝင်တာဖြစ်ပါတယ်။ တရုတ်နယ်စပ်ကနေ ဝင်တဲ့ တရုတ်ဘီးနဲ့ ထိုင်းနယ်စပ်ကနေ ဝင်တဲ့ ထိုင်းဘီးဆိုပြီး ကွဲနေပါတယ်။ တရုတ်ဘီးများကတော့ ဈေးအသက်သာဆုံးပဲ ဖြစ်ပါတယ်။ ဆိုင်ကယ်လိုင်စင်မပါရင် တရုတ်ဘီး တစ်စီး တန်ဖိုးက ၅ သိန်းဝန်းကျင်ပဲ ရှိပါတယ်။ အဟောင်းဆိုရင် ၃ သိန်းနဲ့တောင် ရနိုင်ပါတယ်။ ထိုင်းဘီးဆိုရင် တော့ ၁၀ သိန်းလည်းကျော်နိုင်ပါတယ်။ ပြီးတော့ ဂျပန်ဘီးများလည်း ထိုင်းနယ်စပ်ကနေ ဝင်ပြီး သူတို့ကတော့ ဈေးအကြီးဆုံး ဖြစ်ပါလိမ့်မယ်။ ဟွန်ဒါ မော်တော်ဆိုင်ကယ် သို့မဟုတ် ကင်ဗိုဆိုင်ကယ်မှာ အတော်လေး နာမည် ကြီးပါတယ်။ ဈေးလည်းကြီးပါတယ်။ ဆိုင်ကယ်မှာမှ ပြိုင်ဆိုင်ကယ်၊ လုပ်ငန်းသုံး ဆိုင်ကယ်၊ ၂ ယောက်စီး ဆိုင်ကယ်၊ လမ်းသရဲ ဆိုင်ကယ် အစရှိသဖြင့် အမျိုးမျိုး ကွဲနေပါသေးတယ်။
တန်ဖိုးဈေးနှုန်းအရဆိုရင်လည်း ဆိုင်ကယ်တန်ဖိုးက သိပ်မများပေမယ့် ဆိုင်ကယ်လိုင်စင်ကို ဒေသအလိုက် ဝင်ရတာက ဆိုင်ကယ်တန်ဖိုး ဝန်းကျင်လောက်အထိ ဈေးများတတ်ပါတယ်။ ဆိုင်ကယ်မော်ဒယ်လ် မြင့်လေလေ၊ ကောင်းလေလေ လိုင်စင်ကြေး များလေလေပဲ ဖြစ်ပါတယ်။ ဒီတော့ ဆိုင်ကယ်ဝယ်တဲ့အခါ လိုင်စင်ပါပြီး ဆိုင်ကယ်နဲ့ လိုင်စင်မပါသေးတဲ့ ဆိုင်ကယ် ဆိုပြီး ၂ မျိုးကွဲနိုင်ပါသေးတယ်။ ရှမ်းပြည်နယ်မှာဆိုရင် မော်တော်ဆိုင်ကယ် အသုံးပြုမှုအတော်လေး တွင်ကျယ်ပါတယ်။ တရုတ်နယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆိုင်ကယ်ဈေး အတော်လေးသက်သာပြီး လိုင်စင်မလိုပဲနဲ့တောင် အသုံးပြုကြပါတယ်။ အမှန်တော့ လိုင်စင်လုပ်ဖို့ အစိုးရက သတ်မှတ်ထားပေမယ့် လိုင်စင်မပါ (အရပ်ခေါ်) ဝစ်သောက် ဆိုင်ကယ်များကိုလည်းအသုံးပြု မောင်းနှင်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်တဲ့အခါ အသစ်ဟုတ်မဟုတ်၊ အဟောင်း ဟုတ်မဟုတ် ကိုလည်း သေချာ စစ်ဆေးဖို့လိုအပ်ပါတယ်။ ကြားခံပွဲစားများက ဝယ်ပေးတာမျိုးလည်း ရှိသလို၊ ပိုင်ရှင်က တိုက်ရိုက် ရောင်းပေးတဲ့ ဈေးကွက်လည်းရှိပါတယ်။ ကြားခံပွဲစားကတစ်ဆင့် အရောင်းအဝယ် ဖြစ်တယ်ဆိုရင် ပွဲစားခပေးရတာမျိုးတွေ ရှိပါသေးတယ်။
ရန်ကုန်မဟုတ်တဲ့ အခြားနယ်တွေမှာ နေသူများအတွက် ဆိုင်ကယ်ဆိုတာ မရှိမဖြစ် ယာဉ်တစ်မျိုး ဖြစ်ပါတယ်။ ကားက လူတိုင်းမဝယ်နိုင်ပေမယ့် ဆိုင်ကယ်ဆိုတာ လူလတ်တန်းစားတွေတောင် ဝယ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ငွေကြေးချမ်းသာသူများက ဇိမ်ခံယာဉ်တစ်မျိုး ဖြစ်အောင် ဝယ်စီးသူနည်းတဲ့ ပြိုင်ဆိုင်ကယ် အမျိုးမျိုးကို ဝယ်စီးကြပါတယ်။ အချို့ဆိုရင် အမေရိကန်က (Harley Davidson) လို လမ်းသရဲဆိုင်ကယ်များ၊ ဥရောပက ခေါင်းအသေ ပြိုင်ဆိုင်ကယ် ခပ်လှလှများကိုပါ မှာယူစီးကြပါတယ်။ အဲ့လိုအခြေအနေမှာဆိုရင် ကုန်ကျစရိတ်က သိန်းရာဂဏန်းအထိလည်း ရှိသွားနိုင်မှာ ဖြစ်ပါတယ်။ Motors.com.mm ဝက်ဘ်ဆိုဒ်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တိုင်းဒေသကြီးနဲ့ အခြားသော ပြည်နယ်နဲ့ တိုင်းဒေသကြီး တို့က ရရှိနိုင်တဲ့ အမျိုးစားစုံလင်သော ဆိုင်ကယ်များကို တစ်စုတစ်စည်းတည်း တင်ပေးထားတာမို့ ဝင်ရောက် လေ့လာရှာဖွေဝယ်ယူနိုင်ပါတယ်။ Motors.com.mm ရဲ့ ထောင်ပေါင်းများစွာသော မော်တော်ဆိုက်ကယ် စာရင်းများထဲမှ သင့်စိတ်ကြိုက် သင့်တင့်သော ဈေနှုန်းဖြင့် လွယ်ကူစွာ ရှာဖွေဝယ်ယူနိုင်ပါတယ်။ သင်ရှာဖွေတွေ့ရှိသော ဆိုက်ကယ်၏ ပူးတွဲပါ အသေးစိတ် အချက်အလက် များသည်လည်း အထောက်အကူ ဖြစ်ပါတယ်။ သင်ဆိုက်ကယ် ဝယ်ယူရန်အတွက်လည်း မူရင်းပိုင်ရှင်၊ အရောင်းဝယ်လုပ်ငန်း ပိုင်ရှင်တို့ထံတိုက်ရိုက် ဆက်သွယ်ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ရောင်းချသူများအနေဖြင့်လည်း မြောက်များစွာ သောဝယ်ယူသူများဆီ အချက်လက်များ ရောက်ရှိနိုင်သည့်အပြင် ရောင်းချသူများကိုယ်တိုင် ဆိုက်ကယ် စာရင်းကိုလွယ်ကူလျင်မြန်စွာ တင်နိုင်ပြီး လုပ်ငန်းဆိုင်ရာ အချက်လက်များ ဖော်ပြရန်အတွက် ကိုယ်ပိုင် Profile Page တစ်ခုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ Motors.com.mm က ဆိုက်ကယ်ရောင်းချင်သူ ဝယ်လိုသူများအတွက် ၁၀ဝ% ကူညီပေးနိုင်မည့် နံပါတ်တစ် မော်တော်ယာဉ်အရောင်းအဝယ် အွန်လိုင်းဝက်ဘ်ဆိုဒ် တစ်ခုဖြစ်ပါတယ်။