News

Lenovo SmartPhone မိတ်ဆက်ပွဲကို အထူးလျှော့ဈေး၊ အထူးအစီအစဉ်များဖြင့် ကျင်းပပြုလုပ်မည်

Lenovo SmartPhoneများ မိတ်ဆက်ပွဲကို အောက်တိုဘာလ(၅)ရက်၊ ၂၀၁၃၊ စနေနေ့တွင် ပြည်လမ်းရှိ တော်၀င်ပလာဇာ၌ မနက်(၉)နာရီမှ ည(၉)နာရီအထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ Lenovo SmartPhoneများကို KMD Computer Groupမှ တရားဝင် တင်သွင်းပြီး အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန်အတွက် Lenovo SmartPhoneများ မိတ်ဆက်ပွဲတွင် အထူးလျှော့ဈေး အထူးအစီအစဉ်များစွာဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ Lenovo Smartphone  အမျိုးအစား လေးမျိုးရှိပြီး၊ အဆင့်မြင့် လုပ်ငန်းသုံးများအတွက် K900, ဖျော်ဖြေရေး လုပ်ငန်းများအတွက် S920, S820၊ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုလို သူများအတွက် A390 ဖုန်းများကို ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။ Lenovo K900ကို (၃၉၉,၀၀၀)ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ဝယ်ယူသူများအတွက် မိနစ်(၆၀၀) ဖုန်းခေါ်ဆိုခွင့် အခမဲ့၊ Lenovo S920 ကို(၂၆၇,၀၀၀)ကျပ် နှင့် S820 (၂၇၃,၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူနိုင်ပြီး၊ ဝယ်ယူသူများအတွက် ပြန်အမ်းငွေ (၃)သောင်းရရှိမည့်အခွင့်အရေး၊ Lenvoo A390ကို (၈၉,၀၀၀)ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး၊ ဝယ်ယူသူများအတွက် မိနစ်(၁၀၀)ဖုန်းခေါ်ဆိုခွင့် အခမဲ့နှင့် ဖုန်းများ အားလုံးအတွက် ဖုန်းကာဗာများကို လက်ဆောင်အဖြစ် ပေးသွားမည်ဖြစ်သည်။ Lenovo SmartPhone ဝယ်ယူသူများအတွက် တရားဝင်အာမခံ(၁)နှစ် ရရှိမည်ဖြစ်ပြီး၊ မြန်မာဘာသာဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်များကို ဦးရာလူစနစ်ဖြင့် မည်သူမဆို ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ မိတ်ဆက်ပွဲ အခမ်းအနားတွင် နာမည်ကျော် အဆိုတော်များဖြင့်  Live Show အစီအစဉ်များ၊ နာမည်ကြီး အဆိုတော် များနှင့် ဓာတ်ပုံတွဲရိုက်ခွင့်များ၊ မျက်လှည့်ဖျော်ဖြေပွဲများ၊ မော်ဒယ်များရဲ့ စွဲမက်ဖွယ် တင်ဆက်မှုများ၊ ဆန်းသစ်သော အကများ၊ ဟာသ သရုပ်ဖော် ဖန်တီးမှုများ၊ ဆုများချီးမြှင့်မည့် ဂိမ်းအစီအစဉ်များ၊ ဧည့်ခံ ကျေွမွေးမည့် အစီအစဉ်များ အစရှိသည်တို့ဖြင့် Lenovo Smart Phone မိတ်ဆက်ပွဲသို့ လာရောက် အားပေးကြသူများကို ဖျော်ဖြေ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။  Lenovo SmartPhone များနှင့် ပက်သက်ပြီး အသေးစိတ် သိလိုပါက ဖုန်း-၃၇၃-၀၂၆၊ ၃၇၅-၃၃၄၊ ၂၄၁-၁၉၆တို့ကို ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *