News

Melody World ခုနှစ်နှစ်ပြည့် ဖျော်ဖြေပွဲ ဒီဇင်ဘာတွင် ကျင်းပမည်

www.youtube.com

အောင်မြင်သော တေးသံရှင်များကို မွေးထုတ်ပေးနေသည့် တေးသီချင်းပြိုင်ပွဲတစ်ခုဖြစ်သော သံစဉ်များနှင့်ကမ္ဘာ (Melody World) အစီအစဉ် ခုနှစ်နှစ်ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲကို ဒီဇင်ဘာလလယ်ခန့်တွင် Melody Worldမှ တေးသံရှင်များနှင့် ကျင်းပမည်ဖြစ်ကြောင်း Zomina Mediaမှ တာ၀န်ရှိသူ ဦးချိုပြုံးက ပြောကြားသည်ဟု သိရသည်။

အဆိုပါပွဲတွင် ၂၀၀၇ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ သံစဉ်များနှင့်ကမ္ဘာ တေးသီချင်းခွေများတွင် ပါ၀င်ခဲ့သော တေးသံရှင်များ ပါ၀င်မည်ဖြစ်ပြီး ယင်းအစီအစဉ်မှ မွေးထုတ်ပေးလိုက်သည့် တေးသံရှင်များအားလုံးကို ဆုံဆည်းစေလိုသောကြောင့်နှင့် ယနေ့ချိန်ထိ တေးသီချင်းမထွက်ရှိနိုင်သေးသော တေးသံရှင်များကိုလည်း ပါ၀င်စေလိုသောကြောင့် ကျင်းပဖြစ်ကြောင်း၊ ဖျော်ဖြေပွဲရက်ကို အတိအကျ မသတ်မှတ်သေးကြောင်းနှင့် အောင်မြင်သော တေးသံရှင်များကို မွေးထုတ်ပေးခွင့်ရ၍ ၀မ်းသာကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

“ဒီပွဲက ကျွန်တော်တို့ Melody Worldက ခုနှစ်နှစ်ပြည့် အထိမ်းအမှတ် လုပ်တာပါ။ အခုလို ကိုယ့်ကိုမြေတောင်မြှောက်ပေးတဲ့ အစီအစဉ်မှာ ပြန်လည်ပါ၀င်ခွင့်ရပြီး ကိုယ့်မောင်နှမတွေ ပြန်ဆုံရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ Melody Worldက မောင်နှမတွေ အကောင်းဆုံးတင်ဆက်မှာ ဖြစ်လို့ အားပေးကြပါလို့ ပြောချင်ပါတယ်”ဟု ၂၀၀၈ခုနှစ် သံစဉ်များနှင့်ကမ္ဘာ အစီအစဉ်တွင် ဒုတိယဆုရှင်တေးသံရှင် ကျော်သီဟက ပြောကြားသည်။ ယင်းကဲ့သို့ ဖျော်ဖြေပွဲ ပြုလုပ်နိုင်ပြီး တေးသံရှင်ကောင်းများ ပေါ်ထွက်လာသောကြောင့် ၀မ်းသာ ပီတိဖြစ်မိကြောင်း Zomia Mediaမှ တာ၀န်ရှိသူ ဦးချိုပြုံးက ပြောကြားသည်။

The Voice Daily

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *