News

Japan Study & Career Fair in Myanmar

RVi Instituteမှ စီစဉ်သည့် ဂျပန်ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပြပွဲကို ရန်ကုန်မြို့ PARKROYAL Hotel (Yangon)တွင် စက်တင်ဘာလ ၂၉ ရက်နေ့က နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဂျပန်နိုင်ငံအဖွဲ့အစည်းများဖြစ်ကြသော Asia Innovators’ Initiativeမှ ကြီးမှုးပြီး JAFSA (Japan Network for International Education), JASSP (Japan Student Services Organization)နှင့် Fourth Valley Concierge Corporationတို့မှ ပူးပေါင်းစီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။

အရည်အချင်းရှိသော မြန်မာကျောင်းသားကျောင်းသူ လူငယ်များအတွက် နိုင်ငံတကာ အခွင့်အလမ်းများ ပိုမို ရရှိလာစေရန်နှင့် ဂျပန်တက္ကသိုလ်များအတွက် ထူးချွန်သော ကျောင်းသားကျောင်းသူများ ပေါ်ထွက်လာစေရန်ဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံ၏ ပညာရေး စနစ် အကြောင်း၊ ယဉ်ကျေးမှုနှင့် ဂျပန်နိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရာတွင် သိထားသင့်သည့် အချက်အလက်များကို ပိုမို နားလည်လွယ်စေရန် ရည်ရွယ်ပြီး ပွဲစီစဉ်ဖြစ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါသည်။

အဆိုပါပွဲသည် Fourth Valley Concierge Corporationမှ မြန်မာနိုင်ငံတွင် ပထမဆုံး စီစဉ်ကျင်းပသော ပွဲဖြစ်ပြီး ပညာရေးဆွေးနွေးပွဲပုံစံ၊ အမေးအဖြေပုံစံတို့ဖြင့် ရှင်းလင်း တင်ပြသွားခဲ့သည်။ ဂျပန်နိုင်ငံတွင် ပညာသင်ကြားရေးနှင့် အလုပ်လုပ်ကိုင်ရေး တို့ကို အပိုင်းနှစ်ပိုင်းဖြင့် တင်ပြသွားခဲ့သည်။ ပညာသင်ကြားရေးတွင် ဂျပန်နိုင်ငံ၏ ပညာသင်ကြားရေးစနစ်၊ မြန်မာနှင့် ဂျပန်ပညာရေးစနစ် ကွာခြားချက်များ၊ ဝင်ခွင့်စာမေးပွဲအကြောင်း၊ ပညာသင်ကြားရာတွင် ကုန်ကျမည့်စရိတ်နှင့် ပညာသင်ဆုများအဂြောာင်းကိုပါ ပြောကြားပေးခဲ့ပြီး အလုပ်လုပ်ကိုင်ချင်သူများအတွက် ဂျပန်နိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝန်ထမ်းခန့်အပ်မှုပုံစံ၊ လူတွေ့မေးမြန်းခြင်းပုံစံများ၊ အလုပ်လျှောက်လွှာနှင့် လူတွေ့မေးမြန်းဖြေဆိုရာတွင် ဆောင်ရန် ရှောင်ရန်များကို အကြံပြု ဆွေးနွေးခဲ့ပါသည်။

ထိုပွဲကို  ကျောင်းသားကျောင်းသူများ၊ ဂျပန်နိုင်ငံတွင် ဆက်လက်ပညာသင်ယူလိုသူများ၊ ဂျပန်ဘာသာစကားကို လေ့လာနေသူများ၊ ကျောင်းသားမိဘများ၊ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများ တက်ရောက်ခဲ့ကြပါသည်။ အသေးစိတ်အချက်အလက်များကို စုံစမ်းသိရှိလိုပါက  (Email) [email protected] (or) [email protected] ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်လို့ သိရှိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *