Education, Lifestyle, News

Scotland အရည်အချင်းစစ်ရေးအဖွဲ့ (SQA) မှ UK အသိအမှတ်ပြု ကွန်ပျူတာ Diploma များကို KMD တွင် တက်ရောက်နိုင်မည် ။

KMD Valentine Specials အစီအစဉ် ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ပြုလုပ်ကျင်းပသွားမည်။

Scotland အရည်အချင်းစစ်ရေးအဖွဲ့ (SQA) မှ UK အသိအမှတ်ပြု ကွန်ပျူတာ Diploma များကိုတက်ရောက်လိုလျှင် မြန်နိုင်ငံအတွက် တစ်ဦးတည်းကိုယ်စားလှယ် အနေဖြင့် KMD တွင် တက်ရောက်နိုင်မည်။Scotland အရည်အချင်းစစ်ရေးအဖွဲ့ (SQA) မှ UK အသိအမှတ်ပြု ကွန်ပျူ တာ Diploma သင်တန်းမှာ နိုင်ငံတကာတက္ကသိုလ်ကြီးများ၏ ဒုတိယနှစ်နှင့်ညီမျှသည့် UK Higher National Diploma သင်တန်းအား KMD Education Centre တွင် တက်ရောက်နိုင်မည်။SQA သည် စကော့တလန်(UK)နှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ အသိအမှတ်ပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိကောလိပ်များ၊တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိနေသော Qualification များကို သင်ကြားမှုပြုနေသော သင်တန်းများဖြစ်ပါသည်။ယခုHND သင်တန်းကို Pre HND နှင့် HND ဟု ဖွင့်လှစ်မည်ဖြစ်ပြီး PreHNDဆိုသည်မှာ HND ၏ ပထမနှစ်သင်တန်းတက်ရောက်သည့်အခါ အခက်အခဲမရှိစေရန် အခြေခံမှစ၍ သင်ကြားပေးမည့်သင်တန်းဖြစ်ပါသည်။Pre HND တွင် Hardware/Software နှင့်ဆိုင်သော IT ဘာသာရပ်များကို စာတွေ့လက်တွေ့ နှစ်ခုစလုံးရရှိအောင် ကျွမ်းကျင်သော၊နိုင်ငံခြားအတွေ့အကြုံ ရှိသော၊ဝါရင့်ဆရာ/ဆရာမများမှ သင်ကြားပို့ချပေးမှာဖြစ်ပြီး Englishစာကိုပါ အခြေခံမှစ၍ သင်ကြားပေးမှာဖြစ်ပါသည် HND သင်တန်းတွင် အဆင့်မြင့် ကွန်ပျူ တာဆိုင်ရာဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးရုံသာမက လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်လျှင်လိုအပ်သည့်Team work နှင့် Leadership Skill ပါရရှိစေရန်အတွက်Assignment များ၊ Group Discussion များစသည်ဖြင့် Sutden Based သင်ကြားနည်းဖြင့် သင်ကြားပေးသွားမည် ဖြစ်ပါတယ်။

ပထမနှစ် Pre HND သင်တန်းတက်ရောက်ပြီးဆုံးပါက Higher National Certificate ( HNC )လက်မှတ်ကို ရရှိမည်ဖြစ်ပြီး ဒုတိယနှစ် HND သင်တန်း ဆက်လက်တက်ရောက်ပြီးဆုံးပါက Higher National Diploma ( HND ) လက်မှတ်ရရှိမည်ဖြစ်ပါတယ်။HND လက်မှတ်ရရှိသူများအနေဖြင့် Greenwich University ( UK ) နှင့် NCC Education ( UK ) ဖွင့်လှစ်သည့် B.Sc (B.IT) ဘွဲ့နောက်ဆုံးနှစ်သင်တန်းသို့ ဆက်လက်တက်ရောက်လိုပါက တိုက်ရိုက်တက်ရောက်နိုင်မည်ဖြစ်ပါတယ်။အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့်လည်း HND လက်မှတ်ဖြင့် ပြည်တွင်း၊ပြည်ပရှိ IT နှင့် IT ဆက်စပ်လုပ်ငန်းခွင်များတွင် IT Professional တစ်သီးအဖြစ် တိုက်ရိုက် ဝင်ရောက်လုပ်ကိုင်နိုင်သော အခွင့်အရေးများရရှိမည်ဖြစ်ပါတယ်။အောက်တိုဘာလHND တန်းခွဲ သစ်အပ်နှံသူများအနေဖြင့် ကျပ်၃သိန်းတန် KMD Gift Card ရရှိမည်ဖြစ်ပါသည်။အသေးစိတ် စုံစမ်း မေးမြန်းလိုသူများအနေဖြင့် KMD မြေနီကုန်း ဖုန်း: 01-527-436,534-170သို့ ဆက်သွယ်နိုင်ပါသည် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *