News

သတ္တမအကြိမ် Job Fair 2015 တွင်ပါဝင်ပြသနိုင်ပါရန်ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်းများအသင်းမှ ကြီးမှူးကျင်းပမည့် သတ္တမအကြိမ်မြောက် အလုပ်အကိုင် အခွင့်အလမ်းများပြပွဲ (7th Job Fair 2015) ကိုပါဝင်ပြသနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ Job Fair 2015 ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များမှာ ဝန်ထမ်းအလိုရှိနေသော လုပ်ငန်းအဖွဲ့အစည်းများနှင့် အလုပ်အလိုရှိနေကြသော လူငယ်များ တစ်နေရာတည်းတွင် အချိန်ကုန်ငွေကုန် သက်သာစွာဖြင့် တိုက်ရိုက်တွေ့ဆုံပြီး CV များလက်ခံခြင်း၊ အင်တာဗျူးများပြုလုပ်နိုင်ခြင်း၊ အလုပ်ခန့်အပ်နိုင်ခြင်း စသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။ သို့ပါ၍ အဆိုပါပြပွဲတွင် ပါဝင်ပြသနိုင်ပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ အဆိုပါပြပွဲတွင် ပြပွဲသို့လာရောက်ကြသူများအတွက် ဖုန်းဟန်းဆက် ကံစမ်းဖောက်ပေးခြင်း၊ မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များမှ ၄င်းတို့၏အတွေ့အကြုံများအားဖလှယ်ခြင်း၊ ဟောပြောပွဲများပြုလုပ်ခြင်း စသည့်အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပါသည်။

သတ္တမအကြိမ်အလုပ်အကိုင်အခွင့်အလမ်းများပြပွဲ (7th Job Fair 2015)

ကျင်းပမည့်နေ့ – 24-7-15 မှ 26-7-2015 (သောကြာ၊စနေ၊တနင်္ဂနွေ)

ကျင်းပမည့်အချိန် – နံနက် 9:00 နာရီမှ ညနေ 5နာရီ ထိ

ကျင်းပမည့်နေရာ – တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့

မှတ်ချက်။ ။ အင်တာဗျူးလုပ်လိုသည့် ကုမ္ပဏီများအတွက် အင်တာဗျူးခန်းများလည်း ထားရှိပေးပါမည်။

မေတ္တာရပ်ခံချက် – အသံဆူညံစေသော မည်သည့်ပစ္စည်းမှ ဖွင့်ခွင့်မပြုပါ။

( ပြခန်းတခန်းစီအတိုင်းအတာနှင့်ပါဝင်မည့်ပစ္စည်းများစာရင်း )

(a) ပြခန်းအကျယ် (မျက်နှာစာအကျယ် 3 မီတာ (9 ပေ7.5လက်မ) နှင့်

(b) နောက်အကျယ် 3 မီတာ (9 ပေ7.5 လက်မ)

(c) ပြခန်းအမြင့် 8 ပေ 2 လက်မ

(d) စားပွဲခုံ (1) လုံး (အကျယ် 3 ပေ1 လက်မခွဲ၊ အနံ18 လက်မ၊ အမြင့် 2 ပေခွဲ)

(e) 4 ပေ မီးချောင်း 2 ချောင်း (ပြခန်းနဖူးစည်းတွင် ပုံမှန်ထားရှိမည်ဖြစ်ပြီး ပုံစံပြောင်းတပ်လိုပါက တပ်ဆင်ခထပ်မံပေးဆောင်ရပါမည်။

(f) ကုလားထိုင် 2 လုံး

(g) မီ:ပလတ်တခု

(h) နဖူးစည်းအကျယ် 14 လက်မ (စာအတွင်းခွင် 8 လက်မ)

(I) စားပွဲ၊ ကုလားထိုင်များ အပိုထပ်ဌားလိုပါက ပြပွဲအတွင်းရှိ အဌားကိုယ်စားလှယ်ထံတွင် သတ်မှတ်နှုံးထားအတိုင်း ပေးဆောင်ဌားရမ်းနိုင်ပါသည်။

(j) Exension များတပ်ဆင်ထားပေးမည်။ ကိုယ်ပိုင်သုံးစွဲခွင့်မရှိပါ။ (ဥပမာ၊ ရေခဲသေတ္တာ)

(k) ပြခန်းများအား gun များအသုံးမပြုရပါ။ Double Tape များသာအသုံးပြုရပါမည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *