News

Fujifilm အမှတ်တံဆိပ် Instax Share (Smartphone Printer P1)

New Instax Share ( Smartphone Printer P1 )

သာမာန် Printer တွေထက် အရွယ်အစားသေးငယ်ပြီး မိမိရဲ့ Smartphone နှင့် Tablet အတွင်းရှိတဲ့ ဓါတ်ပုံ ၊ ရုပ်ပုံများကို Wifiless စနစ်ဖြင့်ချိန်ဆက်ကာစက္ကန့်အနည်းငယ်အတွင်းမှာ လှပသေသပ်တဲ့ Instant ဓါတ်ပုံတွေအဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်တဲ့ Smartphone Printer Fujifilm Instax Share ပဲဖြစ်ပါတယ်။ 4 x 1.7 x 4.8 “ အရွယ်အစားရှိပြီး ဝ.၅ ပေါင် အလေးချိန်ရှိသာ ရှိပါတယ်။ အိတ်ကပ်ထဲ ထည့်ယူသွားဖို့အတွက် အနည်းငယ်ကြီးနေတယ် ဆိုပေမယ့် ကင်မရာအိတ် ဒါမှမဟုတ် ကျောပိုးအိတ်၊ လွယ်အိတ်ထဲမှာ အလွယ်တကူထည့်သွားနိုင်တဲ့ ခရီးဆောင်အရွယ်အစားနဲ့ အလေးချိန်ပဲဖြစ်ပါတယ်။ Instant ဓါတ်ပုံတွေကို ထုတ်ယူနိုင်ဖို့အတွက် အခြား Fujifilm Instax Camera အမျိုးအစားမှာအသုံးပြုကြတဲ့ Instax Film ကိုပဲအသုံးပြုရမှာ ဖြစ်တာကြောင့် Film ကုန်သွားရင် အလွယ်တကူ ရှာဖွေဝယ်ယူနိုင်မှာ ပဲဖြစ်ပါတယ်။

Printer ဘက်ထရီအားအတွက်ကို A3 အရွယ်အစားဓါတ်ခဲ (၂) လုံးထည့်သွင်းအသုံးပြုနိုင်မှာဖြစ်သလို၊ Rechargeable ဓါတ်ခဲတွေအတွက် အလွယ်တကူ အားပြန်သွင်းယူနိုင်ဖို့ အတွက်လည်း AC Adapter Port ပါဝင်ပါတယ်။ ဓါတ်ခဲထည့်သွင်းအသုံးပြုရတဲ့ ပစ္စည်းဖြစ်တဲ့ အတွက်ကြောင့် ဓါတ်ခဲအပိုဆောင်ထားရုံနဲ့ အားကုန်သွားမှာစိတ်ပူစရာမလိုတော့တဲ့ အလွန် Portable ဖြစ်တဲ့ Smartphone Printer ပဲဖြစ်ပါတယ်။ Printer နဲ့ Smartphone / Tablet တွဲချိတ်ပြီး အသုံးပြုဖို့အတွက် Instax Share ဆိုတဲ့ Application ကို Google Play Store ဒါမှမဟုတ် Apple Store မှ အခမဲ့ Download ရယူအသုံးပြုနိုင်ပြီး Android Version 2.3.3 နှင့် အထက် ၊ iOS 5.1 နှင့် အထက်ရှိ မည်သည့် Smartphone / Tablet နဲ့မဆိုတွဲဖက် အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ Instax Share Application ဖြင့် ထုတ်ယူမယ့် ဓါတ်ပုံကိုမိမိ လိုချင်တဲ့ပုံစံ၊ Template၊ အရောင်အသွေး၊ အရွယ်အစားကို စိတ်ကြိုက် ပြုပြင်ပြီး လှပသေသပ်တဲ့ ဓါတ်ပုံများအဖြစ် ချက်ချင်းထုတ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ ဓါတ်ပုံတစ်ပုံတည်းကို အရည်အတွက် တစ်ခုထက်မက ထုတ်ချင်တယ်ဆိုရင်လဲ Printer မှာပါဝင်တဲ့ Reprint ခလုတ်ကိုနှိပ်ပြီး အလွယ်တကူ လျင်မြန်ချောမွေ့စွာ ထုတ်ယူနိုင်ပါတယ်။

Printer မျက်နှာပြင်မှာရှိတဲ့ LED မီး မှတဆင့် ဘက်ထရီအားပမာဏ နှင့် Film ဘယ်လောက်ကျန်သေးလဲဆိုတာ ကို အသုံးပြုသူ အလွယ်တကူ သိရှိစေနိုင်မှာဖြစ်ပါတယ်။ Fujifilm Instax Share Smartphone Printer ဖြင့်ထုတ်ယူတဲ့ ဓါတ်ပုံတွေဟာ အရည်အသွေး အဆင့်အတန်းပြည့်မှီပြီး  အသုံးပြုသူတိုင်း စိတ်သဘောတွေ့ ကြိုက်နှစ်သက်စေ မှာပဲဖြစ်ပါတယ်။ Smartphone / Tablet မှ ဓါတ်ပုံများကို စက္ကန့်ပိုင်းအတွင်း Polarize ဓါတ်ပုံအဖြစ်ပြောင်းလဲ ပေးနိုင်မှာဖြစ်တဲ့အပြင် သွားလေရာမှာ အလွယ်တကူ သယ်ယူသွားနိုင်ပြီး ပေါ့ပါးသေးငယ်တဲ့ Fujifilm Instax Share Smartphone Printer ကို KMD Sales Centre မှ ဈေးနှုန်း ၁၄၅,ဝ၀ဝ ကျပ်ဖြင့် တရားဝင်ကိုယ်စားလှယ်အဖြစ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး အမြို့မြို့အနယ်နယ်ရှိ အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပါတယ်။ Instax Share နှင့် Instax Camera များဖြင့် တွဲဖက်အသုံးပြုနိုင်မည့် Instax Film ( 20 pcs ) (၁) ဗူးကို ဈေးနှုန်း ၁၄,ဝ၀ဝ ကျပ်ဖြင့်ဝယ်ယူနိုင်ပါတယ်။ Fujifilm Instax Share Smartphone Printer နှင့် ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း KMD 013-811-29, 381-035, 381-776, 245-180 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *