Samsungက မကြာသေးခင်က ဈေး ကွက်တင်ပြီး အောင်မြင်မှု ရရှိခဲ့သော Galaxy S4၏ နောက်ဆက်တွဲ အဖြစ် S4 ထက် ပိုမိုသေးငယ်ပြီး စွမ်းဆောင်မှု အနည်း ငယ် နိမ့်သော S4 miniအား မကြာသေးခင် ကမှ မိတ်ဆက်ပြသခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဖုန်းမှာ Screenအရွယ်အစား ၄.၃ လက်မရှိမှာ ဖြစ်ပြီး Processorမှာ Dual coreဖြစ်ကာ အမြန်နှုန်း 1.7 GHzရှိမှာ ဖြစ် ကြောင်းနှင့် ကင်မရာ၏ စွမ်းအားမှာလည်း 8 Mega Pixelရှိမှာ ဖြစ်ကြောင်း ကြေညာခဲ့ ပါသည်။ သို့သော် အဆိုပါ S4 mini၏ ဈေးနှုန်းကိုတော့ ဒီနေ့အထိ တရား၀င် ကြေ ညာခြင်း မရှိသေးကြောင်းလည်း သိရပါ သည်။
ပြီးခဲ့သည့် Samsungထုတ် Galaxy S4 ၏ ဈေးကွက်အောင်မြင်မှုမှာ ဒီနေ့အထိ ဟန်းဆက်အလုံးရေ ၁၀ သန်းကျော်ရောင်းချရပြီးဖြစ်ကြောင်းနှင့် အဆိုပါ S4၏ အောင် မြင်မှုများကြောင့် ယခုကဲ့သို့ S4 miniများ ထုတ်လုပ် ရောင်းချသွားရန် စီစဉ်ရခြင်း ဖြစ် ကြောင်းလည်း သိရပါသည်။ Samsungဟာ အဆိုပါ S4 miniအား Apple၏ တန်ကြေး နည်းဖုန်း ဈေးကွက်တင်အပြီး သုံးလခြား၍ ဈေးကွက်တင်ရန် မျှော်မှန်းထားကြောင်း လည်း သိရပါသည်။ ထို့အပြင် S4 miniအား အရောင်နှစ်မျိုးတည်းသာ ထုတ်လုပ် ဈေး ကွက် တင်သွားမှာ ဖြစ်ကြောင်းလည်း သိရ ပါသည်။ အဆိုပါ S4 miniအား ဇွန်လ ၂၀ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တရား၀င် ပြသမိတ်ဆက်သွားမှာ ဖြစ် ကြောင်း သိရပါသည်။
ယခုအခါ Samsung မှာ Appleအပါအ၀င် Smartphone ကုမ္ပဏီ များဖြစ်သော LG, HTC, ZTEနှင့် Huawei ကုမ္ပဏီများနှင့် အပြိုင် ဒေါ်လာ ၃၀၀ ဘီလီ ယံခန့် တန်ကြေးရှိသည့် ဈေးကွက်အား ယှဉ်ပြိုင်နေကြောင်းလည်း သိရပါသည်။
Ref: www.theage.com.au