Mobile

Sony Xperia T (GSM)

Sony-Xperia-T-(GSM)

Sonyရဲ့ Xperia Seriesဟာ အမျိုးအစားပေါင်းများစွာ၊ မော်ဒယ်ခွဲများစွာနဲ့ ဈေးကွက်မှာ ဖြန့်ကျက် ၀င်ရောက်နေပြီးတော့ အောင်မြင်မှုတွေလည်း ရရှိနေပါတယ်။ ဒါပေမယ့် မော်ဒယ်ခွဲ တစ်ခုချင်းစီရဲ့ အောင်မြင်မှုတော့ ဒီလောက်ကြီး မတွေ့ရပဲ Xperiaဆိုတဲ့ မော်ဒယ်အဖြစ်နဲ့သာ ဈေးကွက်မှာ လူကြိုက်များနေပါတယ်။ ဒီနေ့ Xperia Tကတော့ Xperia Seriesတွေထဲမှာတော့ တန်းကြေးသင့်တဲ့ ဟန်းဆက် တစ်မျိုးဖြစ်ပါတယ်။

General
အသုံးပြုနိုင်မယ့် ကွန်ယက်တွေက GSM စနစ်နဲ့ 3G စနစ်မှာ HSDPAတွေ ဖြစ်ပါတယ်။ ထည့်သွင်း အသုံးပြု ရမယ့် Simက Micro-Simဖြစ်ပြီး ဈေးကွက်မှာ ၀င်ရောက် နေတာတော့ အနည်းငယ်ကြာပြီ ဖြစ်ပေမယ့် အောင်မြင် မှုတွေ ရနေသလို သုံးစွဲသူတွေဆီကလည်း မှတ်ချက် ကောင်းတွေ ရရှိနေပါတယ်။

Body and Display
ကိုယ်ထည်ပိုင်းမှာ အရွယ်အစားက အမြင့် ၅.၀၉ လက်မ၊ အမြင့် ၂.၆၅ လက်မနဲ့ အထူကတော့ ၀.၃၇ လက်မပဲ ရှိမှာ ဖြစ်တာကြောင့် အလေးချိန် ကတော့ ၁၃၉ ဂရမ်ပဲ ရှိတာကြောင့် သယ်ယူရ လွယ်ကူမယ့် ဖုန်းကောင်း တစ်လုံး ဖြစ်ပါတယ်။ Screen အမျိုးအစားက TFT Capacitive Screen ဖြစ်ပြီးတော့ ပြသပေးနိုင်မယ့် အရောင်ပေါင်းက ၁၆ သန်း ထိအောင် ရှိမှာ ဖြစ်တဲ့အတွက် ရုပ်ထွက်ပိုင်း ကောင်းမွန်မှု ရှိမှာ ဖြစ်ပါတယ်။ Screen Resolutionက 1280×720 Pixelဖြစ်တာကြောင့် Resolutionနဲ့ Screenပိုင်းမှာ ညီမျှမှု ရှိတာ တွေ့ရပါတယ်။ Screen အရွယ်အစားက ၄.၅၅ လက်မရှိမှာ ဖြစ်လို့ Smartphoneတွေ ထဲမှာတော့ Screen ကြီးမား ကျယ်ပြန့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Multi-touchစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်ပြီး Screen Cover အပိုင်းမှာလည်း Sonyရဲ့ ကိုယ်ပိုင် စနစ်တွေ ဖြစ်တဲ့ Sony Mobile BRAVIA Engineကို အသုံးပြုထားတာကြောင့် ကောင်းမွန်ပါတယ်။

Sound
အသံပိုင်း စနစ်မှာ Alertတွေ အဖြစ်နဲ့ Vibrationနဲ့ MP3 Ringtonesတွေကို အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ Loudspeaker လည်း ပါ၀င်တာကြောင့် Music Playing တွေကိုပါ လုပ်ဆောင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Headphoneတွေ အတွက်ကိုတော့ 3.5 mm Jackနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်သလို Headphoneကတစ်ဆင့် Music Playingနဲ့ Phone Callingတွေကို လုပ်ဆောင် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Memory
Memory အပိုင်းမှာ RAMက 1 GBပါရှိမှာ ဖြစ်ပြီးတော့ ROM (Internal memory)က 16 GBပါရှိမှာ ဖြစ်တာကြောင့် Appတွေနဲ့ Fileတွေကို စိတ်ကြိုက် ထည့်သွင်း အသုံးပြုနိုင်မှာလည်း ဖြစ်တာကြောင့် အဆင်ပြေပါ တယ်။ ဒါ့အပြင် Extended လုပ်ချင်သူတွေ အတွက် 32 GBထိအောင် Extendလုပ်ပြီး သုံးစွဲနိုင်ဦးမှာလည်း ဖြစ်ပါတယ်။

Connection

Connection အပိုင်းမှာ Wifi 802.11 b/g/n ပါ၀င်တပ်ဆင်ထားတာကြောင့် Wifiကို အကောင်းဆုံး ချိတ်ဆက်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Wifi Direct, DLNAနဲ့ Wifi Hotspotတွေလည်း အသုံးပြုနိုင်မှာပါ။ Blue-toothလည်း ပါ၀င်ပြီး v3.1ကို အသုံးပြုနိုင်တာကြောင့် v4.0လောက် အဆင်မပြေပေမယ့် ကောင်းမွန်ပါတယ်။ USB 2.0လည်း ပါ၀င်တာကြောင့် micro USBလည်း ချိ်တ်ဆက်နိုင်မှာ ဖြစ်ပါတယ်။

Camera
Dual Cameraအမျိုးအစား ဖြစ်တာကြောင့် မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးဖို့အတွက် သာမကပဲ အင်တာနက် ချိတ်ဆက် သုံးစွဲနိုင်မှုမှာ လည်း အကူအညီရရှိမှာပါ။ နောက်ဖက် ကင်မရာက 13 MPရှိတဲ့အတွက် မှတ်တမ်းတင်ပုံ ရိုက်ကူးဖို့အတွက်တော့ အကောင်းဆုံး ဖြစ်စေမှာပါ။ ရှေ့ဖက် ကင်မရာကတော့ အကူကင်မရာ တစ်လုံးလောက်သာ စွမ်း ဆောင်ပေးနိုင်မှာ ဖြစ်ပြီး စွမ်းရည်က 1.3 MPသာ ရှိမှာပါ။ နောက်ဖက် ကင်မရာကတော့ Videoရိုက်ကူးနိုင်မှုမှာလည်း ကောင်းမွန်မှာ ဖြစ်ပြီး တော့ Resolutionနှုန်း 1080 Pixelနှုန်းနဲ့ တစ်စက္ကန့်ကို ၃၀ Frame နှုန်း လောက်နဲ့ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။

CPU

အသုံးပြုထားတဲ့ OSက Android OS, v4.0.4 (Ice Cream Sandwich)ဖြစ်ပြီးတော့ v4.1.2 (Jelly Bean)အဖြစ်ပါ အဆင့်မြှင့်ပြီး သုံးစွဲနိုင်ဦးမှာ ဖြစ်ပါတယ်။ Chipsetအမျိုးအစားက Qualcomm MSM8260A Snapdragonဖြစ်တာကြောင့် 1.5 GHzနှုန်းအထိ မြန်ဆန်အောင် လုပ်ဆောင်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Graphic အပိုင်းမှာ Adreno 225ကို အသုံးပြုထားပြီး Messagingအပိုင်းမှာ SMS, MMS, Email, IMနဲ့ Push Emailလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ GPSစနစ်ကို အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် FM Radioတွေပါ သုံးစွဲနိုင်မှာပါ။

Battery and Other
စွမ်းအင် အပိုင်းမှာ Non-removable Li-ion Batteryကို အသုံးပြုထားပြီး သိုလှောင်နိုင်မယ့် စွမ်းအားက 1850 mAh ဖြစ်ပါတယ်။ Stand byအဖြစ်နဲ့ ထားရှိသုံးစွဲမယ်ဆိုရင် နာရီပေါင်း ၄၀၀ နီးပါး ထားရှိသုံးစွဲနိုင်မှာ ဖြစ်ပြီးတော့ Talk Timeအဖြစ်နဲ့ သုံးမယ်ဆိုရင် ၇ နာရီ ပတ်လည်လောက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Music Playing အဖြစ်နဲ့ သုံးမယ်ဆိုရင်တော့ ၁၆ နာရီလောက် အထိ သုံးစွဲနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းက ကျပ် ၃၆၀,၀၀၀ ဖြစ်ကာ ဖုန်း ၀၉-၄၃၂၀ ၄၇ ၄၉မှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Ref: www.gsmarena.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

One thought on “Sony Xperia T (GSM)

  1. sithusoepaing says:

    007ဇာတ္ကါးထဲကဖုန္းပါ

Leave a Reply

Your email address will not be published. Required fields are marked *