အင်းလေးဒေသအား နိုင်ငံခြား ခရီးသည် ၀င်ရောက်မှု များပြားလာပြီး ဒေသခံများ အနေဖြင့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရန် မျှော်မှန်းကာ ဒေသ အတွင်း ခရီးသည် တည်းခိုခြင်းဆိုင်ရာ လုပ်ငန်းများတွင် Home Stayခေါ် နေအိမ် တွင် တည်းခိုခွင့်များ လုပ်ကိုင်ခွင့် ရရှိရန် တောင်းဆိုမှုများ ရှိကြောင်း သိရပါသည်။
သို့သော် ဒေသအတွင်း အဆိုပါ Home Stayအဖြစ် နေထိုင် တည်းခိုခွင့် ပေးရန် အဆင့်မီမှု မရှိသေးသောကြောင့် တိကျ သော ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်းမှ တာ၀န်ရှိသူတစ်ဦးက ပြောပါ သည်။
Home Stayဆိုသည်မှာ နိုင်ငံတစ် နိုင်ငံ၏ အလေ့အထနှင့် လူနေမှု ပုံစံများ အား အဆိုပါ ဒေသခံတို့၏ နေအိမ်တွင် အတူနေထိုင်ပြီး အနီးကပ် လေ့လာနိုင်ရန် အတွက် တည်းခိုခွင့်ပြုသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ယခုအခါ အင်းလေးဒေသ အတွင်း နိုင်ငံခြား ခရီးသွားများအား အခ ကြေးငွေယူပြီး ဒေသခံ နေအိမ်များတွင် ညအိပ်တည်းခိုခွင့်များ ပြုလျက်ရှိနေပြီး အဆိုပါ အလေ့အကျင့် တွင် ကျယ်လာ သောကြောင့် ယခုကဲ့သို့ Home Stayများ တရား၀င်လုပ်ကိုင်ခွင့်ပြုရန် တောင်းဆို လာ ကြခြင်း ဖြစ်ကြောင်း သိရပါသည်။