Apps

Instagram For Android 4.1

အခုအချိန်မှာ လူသုံးများနေတဲ့ Instagram Appရဲ့ ဗားရှင်းအသစ်ကို မြန်မာအိုင်စီတီ ပရိသတ်တွေ အသုံးပြုနိုင်ဖို့ တင်ဆက်ပေး လိုက်ပါတယ်။ အန်းဒရွိုက်OS 4.1နဲ့အထက်မှာ သုံးစွဲနိုင်မယ့် ဒီဆော့ဖ်၀ဲလ်အသစ်ဟာ Instagramက ထုတ်လုပ်ဖြန့်ချိတာ ဖြစ်ပြီးတော့ ဖိုင်အရွယ်အစား 1MBနဲ့ ဒီနေရာမှာ အခမဲ့ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Instagramဟာ အဓိကအားဖြင့် ဓာတ်ပုံတွေ တင်ကြတဲ့ လူမှုကွန်ရက် တစ်ခုဖြစ်ပြီးတော့ အခုဆိုရင် အသုံးပြုပေါင်း သန်းတစ်ရာခန့် ရှိနေပြီလို့လည်း သိရပါတယ်။ Instagramဟာ Facebook, Twitter, Tumblr, Flickrနဲ့ Foursquareစတဲ့ လူမှုကွန်ရက်တွေနဲ့လည်း ချိတ်ဆက်ေ၀မျှ သုံးစွဲနိုင်သလို ဗီဒီယိုတွေကို Shareလုပ်နိုင်မယ့် Featureအသစ်နဲ့ ICSအသုံးပြုထားတဲ့ အန်းဒရွိုက်Deviceတွေပေါ်မှာ Instagramကိုသုံးပြီး တစ်ခါတည်း ဗီဒီယိုတွေကို ရိုက်ကူးနိုင်မယ့် စနစ်အသစ်တွေပါ ထည့်သွင်းပေးထား ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *