Apps, Featured, News, Review

Instagramရဲ့ လက်ရှိ ပေါက်ဈေးဟာ Facebook၀ယ်ခဲ့တဲ့ ဈေးနှုန်းထက် ၄၉ ဆ ဖြစ်လာ

Instagramရဲ့ လက်ရှိ ပေါက်ဈေးဟာ Facebook၀ယ်ခဲ့တဲ့ ဈေးနှုန်းထက် ၄၉ ဆ ဖြစ်လာ

Facebookအကြီးအကဲ Mark Zuckerbergက ၂၀၁၂ ခုနှစ် ဧပြီလမှာ Instagramကို ဒေါ်လာ တစ်ဘီလီယမ်နဲ့ ၀ယ်ယူဖို့ သဘောတူခဲ့တုန်းက အများအပြားက ကန့်ကွက်ခဲ့ကြတာပါ။ User တစ်ယောက်ကို ၃၃ ဒေါ်လာလောက်ပဲ တန်တာလို့ တစ်ချို့တွေက ပြောခဲ့ကြပါတယ်။ တစ်ချို့တွေကတော့ စီးပွားရေးလုပ်ဖို့ အဆင့်မရှိဘူးလို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ကြတာပါ။ သုံးနှစ်တောင်မကြာတဲ့ အခုအချိန်မှာတော့ Citigroupရဲ့ တွက်ချက်မှုအရ Instagramဟာ ဒေါ်လာ ၃၅ ဘီလီယမ် တန်နေပါပြီ။ ဒါဟာ Facebookက ၀ယ်ယူခဲ့တဲ့ ဒေါ်လာ ၇၁၅ သန်းထက် ၄၉ ဆပိုမိုများပြားလာတာ ဖြစ်ပြီး ပြိုင်ဖက် Twitter, LinkedInတို့ထက်လည်း ပိုမိုမြင့်မားနေပါပြီ။ ဘယ်လိုများ တိုးတက်အောင်မြင်လာတာပါလဲ?

အတိုချုပ်ပြောရရင်တော့ ကြော်ငြာတွေပါပဲ။ Instagramသုံးသူတွေကတော့ သိကြမှာပါ။ အရှည်ပြောရရင်တော့ ဒီလိုပါ။ ပထမအချက်အနေနဲ့ Citiမှ ခွဲခြမ်းစိတ်ဖြာသူ Mark Mayရဲ့ အဆိုအရ တန်ဖိုးဖြတ်မှုဟာ နောက်နှစ်မှာ လေးဆယ်ရာခိုင်နှုန်း တိုးတက်လာမယ့် Instagram အသုံးပြုသူအရေအတွက်ပေါ် မူတည်ပါတယ်။ ဒီနှစ်တစ်နှစ်တည်းမှာတင်ပဲ မတ်လနဲ့ ဒီဇင်ဘာလ အတွင်းမှာ ၅၀ ရာခိုင်နှုန်း တိုးတက်လာတာပါ။ ဒါဟာ Mayရဲ့ တွက်ချက်မှုမှာ ဒုတိယ အပိုင်းဖြစ်ပါတယ်။ May က Instagram ဟာ အသုံးပြုသူတွေနောက်ထပ် များပြားလာမှာဖြစ်ပြီး ကြော်ငြာရှင်တွေဆီက ငွေတွေ သဲ့ယူနိုင်အုံးမှာလို့ ယုံကြည်နေပါတယ်။ ဒါဟာ ဘာကိုဆိုလိုတာလဲ ဆိုတာ မေးစရာရှိပါတယ်။

Instagramက သူ့ရဲ့ Appsမှာ ကြော်ငြာတွေ စတင်ထည့်သွင်းခဲ့တာ တစ်နှစ်ကျော်လောက်သာ ရှိပါသေးတယ်။ May ရဲ့ တွက်ချက်မှုအရ ကြော်ငြာ၀င်ငွေတွေ များလာပေမယ့် ဒီထက်ပိုတဲ့ကြော်ငြာတွေကို တွေ့ရမှာ မဟုတ်ပါဘူး။ သင်ဟာ Instagram အတွက် အရင်ကထက် ပိုတန်ဖိုးရှိပြီး ဒေါ်လာ ၈၀ ထက်ပိုပါတယ်လို့ Mayရဲ့ တွက်ချက်မှုအရ သိရပါတယ်။ Facebookကလည်း မသက်ဆိုင်တဲ့ ကြော်ငြာတွေကို သင့်ကိုပြသမယ့်ပုံ မပေါ်ပါဘူး။ Citiက Instagramဟာ နောက်နှစ်ကုန်မှာ လူတစ်ထောင် ကြည့်ရှုမှုအတွက် ကြော်ငြာမှ ဒေါ်လာ ၁.၄၈ ရရှိမယ်လို့ ထင်နေပါတယ်။ ဒါဟာ Twitterထက်တော့ လျော့နည်းပါတယ်။ May ကတော့ Instagramမှာ ပိုမိုကြီးမားလျှင်မြန် တိုးတက်လာတဲ့ ပရိသတ်တွေ ရှိတယ်လို့ ငြင်းဆိုပါတယ်။ ရှင်းရှင်းပြောရရင်တော့ Instagramဟာ ရှေ့ရေးကို မြင်တဲ့ ကြော်ငြာရှင်တွေအတွက် သင့်တော်ပါတယ်။

ကြော်ငြာတွေကို Pageတိုင်းမှာ ထည့်သွင်းတဲ့အစား Facebookက အခြားပြိုင်ဖက်တွေထက် ပိုမိုကောင်းတဲ့ Sponsored Postsတွေကို ပစ်မှတ်ထားနိုင်တယ်ဆိုတာကို ငြင်းဆန်ဖို့ သူ့ရဲ့ User Dataအများစုကို သဲ့ယူနေပါတယ်။ Facebookက သင့်ရဲ့ Instagram Favoritesတွေကို အသုံးပြုပြီး ဘယ်လိုကြော်ငြာတွေကို သင်အကောင်းဆုံး တုန့်ပြန်မလဲဆိုတာကို အဖြေရှာ တဲ့အပြင် သင့်ရဲ့ Profile, Likes, Interestsတွေပေါ် အခြေခံပြီး ကြော်ညာတွေကို ပစ်မှတ်ထားဖို့ Instagramနဲ့ ချိတ်ဆက်ထားတဲ့ Facebook Accountsများစွာကို အသုံးချနေပါတယ်။ ကြော်ညာရှင်တွေရဲ့ တောင်းဆိုမှုနဲ့ အမှားမခံတဲ့ ကာလရှည်ကြာ ဖောက်သည်တွေကြားမှာ ထိန်းညှိရတာ အလွန်ခက်တဲ့ မေးခွန်းပါ။ Instagram ကလည်း အကောင်းဆုံးတွေကို လုပ်ပြနေ ပါတယ်။ သင်ဟာ အသက် ၆၅ နှစ် အရွယ် လူကြီးတစ်ယောက်ဆိုရင် ဂျက်ရေယာဉ်စီးနေတဲ့ ကြော်ငြာကို တွေ့ရမှာ မဟုတ်ပါဘူး။ သင်ဟာ ကြော်ငြာတွေကို ကြည့်ရင်း Instagramရဲ့ ၀င်ငွေတွေတိုးပွားအောင် ကူညီနေရအုံးမှာပါပဲ။ ဒါပေမယ့် သင်နှစ်သက်တဲ့ ကြော်ငြာတွေကိုသာ အဓိက ပြသပေးမှာ ဖြစ်ပြီး စိတ်ပျက်စရာတွေကို သင်မြင်ရမှာ မဟုတ်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *