အကောင့်ကို Privateလုပ်ထားတဲ့ Instagramအသုံးပြုသူများရဲ့ ဓါတ်ပုံများဟာ လုံခြုံခြင်းမရှိဘဲ Publicအနေနဲ့ မြင်တွေ့နေရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က Instagramက လုံခြုံခြင်းမရှိတဲ့ Private Photosများ အတွက် ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် Quartzက Hashtagအသုံးပြုတဲ့ Private Photosများကို အများက မြင်တွေ့နေရတဲ့ လုံခြုံရေး ဟာကွက်တစ်ခုကို ထပ်မံ တွေ့ရှိခဲ့ပြန်ပါတယ်။
Instagramရဲ့ APIကို လူမှုကွန်ရက်မှာ တင်ထားတဲ့ ဓါတ်ပုံတွေ ရှာဖွေဖို့ အသုံးပြုနိုင်ပေမယ့် Public အနေနဲ့ တင်ထားတဲ့ ဓါတ်ပုံများကိုသာ ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံတစ်သိန်းကို ဒေါင်းလုပ်ပြုလုပ်ကြည့်တဲ့အခါမှာတော့ Private Photosတွေကို Quartzက တွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ အမျိုးသမီးတစ်ယောက်က Underwearသာ ၀တ်ဆင်ပြီး Selfieရိုက်ထားတဲ့ ပုံနဲ့ လူတစ်ယောက်က ဆေးခြောက်ကို ကိုင်ထားတဲ့ပုံတွေပါ၀င်နေပါတယ်။
“ ဒီလို Private Photoတွေကို အများမြင်ရဖို့ တမင်ရည်ရွယ်ပြုလုပ်ထားတာ မဟုတ်တာ သေချာပါတယ်။ ကျွန်တော်တို့အဖွဲ့က ဒီပြဿနာကို အဖြေရှာတော့မှာပါ။“ လို့ Facebookက ၂၀၁၂ ခုနှစ်မှာ ၀ယ်ယူခဲ့တဲ့ Instagramမှ ပြောရေးဆိုခွင့်ရှိသူ Alison Schumerက ပြောပါတယ်။
စုံစမ်းစစ်ဆေးပြီးနောက်မှာ Instagramက အကောင့်တစ်ခုဟာ Publicဖြစ်နေစဉ်မှာ သူ့ရဲ့ APIက Privateလို့ ပြနေတယ်လို့ ပြောပါတယ်။ တစ်ချို့ဖြစ်ရပ်တွေမှာ အသုံးပြုသူတစ်ယောက်က Publicအနေနဲ့ ပုံတင်လိုက်ပြီးနောက်မှာ Quartzက သူ့အကောင့်ကို မစစ်ဆေးမီ သူ့အကောင့်ကို Privateလုပ်လိုက်လို့ ဖြစ်တာပါလို့လည်း ပြောပါတယ်။ ကုမ္ပဏီက Private Photoတွေဟာ အသုံးပြုသူက မပြောင်းလဲဘဲ Publicဖြစ်သွားတာကိုမယုံဘူးလို့ ပြောပါတယ်။
အချို့ Private Photoတွေဟာ ဘာ့ကြောင့် ရှာဖွေမှုရလဒ်မှာ ပေါ်လာတာလဲဆိုတာ သေချာ မသိရသေးပါဘူး။ ဒါပေမယ့် ပြဿနာဟာ ဓါတ်ပုံအချို့မှာသာ အကျိုးသက်ရောက်နေတာပါ။
အစိုးရရဲ့ စောင့်ကြည့်စစ်ဆေးမှု
အဲဒီပြဿနာဟာ Instagramလို လူမှုကွန်ရက်တွေက အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစေမယ်လို့ ကတိပေးထားမှုအပေါ်မှာ အခက်အခဲတွေရှိနေတာကို ညွှန်ပြနေပါတယ်။ Instagramအကောင့်တွေဟာ Defaultအားဖြင့် Publicဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေဟာ ပို့စ်တွေကို Privateပြုလုပ်ထားနိုင်ပြီး ခွင့်ပြုထားတဲ့ Followerကိုသာ မြင်တွေ့ခွင့်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။
အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေဟာ Facebookနဲ့ သူ့လက်ခွဲ ကုမ္ပဏီတွေအတွက်တော့ စိုးရိမ်စရာ ဖြစ်ပါတယ်။ Facebookဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို လှည့်ဖျားအသုံးပြုနေတယ်လို့ American Federal Trade Commissionက ကုမ္ပဏီကို တရားစွဲခဲ့ပြီးနောက်မှာ FTCက Facebookကို စောင့်ကြည့်စစ်ဆေး နေပါတယ်။
Quartzက Instagramရဲ့ ရှာဖွေမှုရလဒ်မှာ Private Photoတွေဟာ ဘာလို့ ပေါ်နေတာလဲဆိုတာ အဖြေရှာမရသေးပါဘူး။ ပြဿနာဟာ Quartzက ထောက်ပြအပြီးမှာ Instagramက ပြုပြင်လိုက်တဲ့ လုံခြုံရေးဟာကွက်နဲ့ သက်ဆိုင်ပေမယ့် လုံး၀ကြီး သက်ဆိုင်နေတာတော့မဟုတ်ပါဘူး။ မှန်ကန်တဲ့ URLလိပ်စာနဲ့ ကြည့်ရင် Private Photoတွေကို လူတိုင်းမြင်တွေ့ရတာ ဖြစ်ပါတယ်။
APIရဲ့ ဟာကွက်
Instagramရဲ့ APIဟာ Developersတွေအတွက် Programကျကျ လူမှုကွန်ရက်ကို ထိတွေ့ခွင့်ပေးထားတာပါ။ Third-Party Programmerတွေက Instagramနဲ့ ချိတ်ဆက်နိုင်တဲ့ Appsတွေကို ပြုလုပ်နိုင်သလို အသုံးပြုသူတွေအတွက် Instagramရဲ့ စွမ်းဆောင်ချက်တွေကို များပြားစေပါတယ်။ APIရဲ့ စွမ်းရည်တစ်ခုက Hashtagတစ်ခုနဲ့ Tagလုပ်ထားတဲ့ ပုံတွေကို ရှာဖွေနိုင်တာ ဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ Quartzက လုံခြုံရေးဟာကွက်ကို ပထမဆုံး ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ “ #pizza”လို့ ရှာလိုက်ရင် အဲဒီ Hasttagပါတဲ့ ဓါတ်ပုံတွေနဲ့အတူ Instagram Serversတွေမှာ သိမ်းထားတဲ့ ဓါတ်ပုံဖိုင်တွေရဲ့ တည်နေရာတွေပါတဲ့ Caption တွေ၊ ပုံမှာ အသုံးပြုထားတဲ့ Filterတွေ၊ ပုံရဲ့ Likeအရေအတွက် ၊ ပို့စ်တင်တဲ့ အချိန်၊ ဓါတ်ပုံရိုက်ထားတဲ့ နေရာနဲ့ အခြားသတင်းအချက်အလက်များပါ တွေ့ရှိမှာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ Instagramမှ ပုံတစ်ခုနဲ့ ပတ်သက်ပြီး သင်မြင်သမျှအရာအားလုံးကို APIကနေ မြင်နေရပါတယ်။
#pizzaလို့ Tagထားတဲ့ ဓါတ်ပုံနှစ်သောင်းမှာ Private Accountမှ ပုံ ၁၂ ခုဟာ ရှာဖွေမှုရလဒ်မှာ တွေ့ရှိရပြီး Quartzက မြင်တွေ့ရနိုင်ပါတယ်။ ဒီလိုပဲ #coffeeလို့ ရှာလိုက်ရင် ဓါတ်ပုံနှစ်သောင်းမှာ Private Photo ခုနစ်ခု၊ #pearlsလို့ ရှာလိုက်ရင် ၂၆ ခု၊ #tbtလို့ ရှာလိုက်ရင် ၁၅ ခုထွက်ပေါ်လာပါတယ်။
ဖြစ်နိုင်တာက Instagramအသုံးပြုသူအချို့ဟာ ဓါတ်ပုံကို Publicအနေနဲ့ တင်လိုက်ပြီးနောက်မှာ သူတို့ရဲ့ အကောင့်ကို Privateလုပ်လိုက်တာပါ။ ဒါ့ကြောင့် လုံခြုံရေးဟာကွက်ဖြစ်လာတာပါ။ Quartzက ပုံတွေကို ရှာဖွေမှုရလဒ်မှာ ရှာတွေ့တဲ့အချိန်နဲ့ အသုံးပြုသူဟာ Publicလား Privateလားဆိုတာ စစ်ဆေးတဲ့ အချိန်ဟာ နာရီ၀က်မကျော်ပါဘူး။
APIရလဒ်မှာ ပြသတဲ့ Private Photoတွေကို Instagram Mobile Appနဲ့ Instagram.comကနေ မမြင်နိုင်ပါဘူး။ ဒါပေမယ့် Instagramရဲ့ ဆာဗာတွေပေါ်မှ ဓါတ်ပုံရဲ့ တည်နေရာ URLလိပ်စာကနေ ကြည့်ရင် Private Photoတွေကို တွေ့နိုင်ပါတယ်။