News

SIM Card နှစ်ခု အသုံးပြုလို့ ရတဲ့ Lenovo ရဲ့ Phablet ဖုန်း Vibe Z

Lenovo က ၅.၅ လက်မအရွယ် SIM နှစ်ခုအသုံးပြုလို့ရတဲ့ Vibe Z အမည်ရတဲ့ Phablet ဖုန်းကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Snapdragon 800 Processor တပ်ဆင်ထားတဲ့အတွက် နောက်ဆုံးပေါ် ဖုန်းတွေ ရဲ့ တန်း၀င်ပါတယ်။ Sony Exmor RS Camera ကိုတပ်ဆင်ထားပြီး ထူးခြားတာက Android အခြေပြု OS ဖြစ်ပေမယ့် သီးသန့် ဖန်တီးထားတဲ့ ROM ကို အသုံးပြုထားတာဖြစ်ပါတယ်။

Screen အရွယ်အစားက ၅.၅ လက်မရှိပြီး IPS LCD ကိုအသုံးပြုထားပြီး 1080p Resolution ရှိပါတယ်။ တစ်လက်မ ကို 400 Pixel သိပ်သည်းဆရှိတဲ့အတွက် ရုပ်ထွက်တွေကို အလွန် ကြည်လင်ပြတ်သားစွာခံစားအသုံးပြုနိုင်မှာပါ။ 2GB RAM ပါရှိမှာဖြစ်ပြီး Adreno 330 GPU ကိုအသုံးပြုထားပါတယ်။

Vibe Z ကို မတူညီတဲ့ အမျိုးအစားတွေ ထုတ်လုပ်ထားပြီး တရုတ် ဆက်သွယ်ရေး Company တွေကိုအသုံးပြုမယ့်သူတွေအတွက် သီးသန့် ပြင်ဆင်ထားတဲ့ Version ရရှိနိုင်သလို ၊ ကမ္ဘာ့ ဈေးကွက်ကိုဖြန့်ဖို့ အတွက် GSM + 4G LTE Version ကိုလည်းရရှိနိုင်ပါတယ်။

Sony ရဲ့ IMX135 Camera ကို တပ်ဆင်ထားပြီး Exmor-RS Sensor ပါရှိပါတယ်။ ကင်မရာ က 13MP Resolution ရှိတဲ့အတွက် တော်တော်ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ အလင်းရောင်နည်းတဲ့နေရာတွေမှာ လည်း ဓါတ်ပုံကောင်းမွန်စွာရိုက်နိုင်မယ်လို့ Lenovo ကအာမခံထားပါတယ်။ Samsung ရဲ့ S View Covers , LG ရဲ့ Quick Window Case တို့နဲ့ဆင်တူတဲ့ ကာဗာတွေကိုလည်း Vibe Z အတွက် Lenovo ကပြုလုပ်ထားပါသေးတယ်။ ဖုန်း၀င်လာရင် Slide လုပ်ပြီးကိုင်ဖို့အတွက် အထူးပြုလုပ်ထားတဲ့နေရာလည်းရှိတယ်လို့သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *