News

Galaxy Note 2 အရွယ်အစားရှိတဲ့ Galaxy Grand 2 ကို Samsung က ထုတ်ဖော်ပြသ

အရွယ်အစား ၅.၂၅ လက်မ ရှိတဲ့ Galaxy Grand 2 ကို Samsung က ထုတ်ဖော်ပြသလိုက်ပါတယ်။ Galaxy Note အမျိုးအစားတွေရဲ့ အရွယ်အစားရှိပေမယ့် အလယ်အလတ် ရှိတဲ့ Hardware တွေကို အသုံးပြုထားပါတယ်။ 8GB Storage ပါရှိပြီး 64GB အထိထပ်ဖြည့်နိုင်တဲ့ MicroSD Card Slot ပါရှိပါတယ်။ Quad-Core 1.2GHz Processor တပ်ဆင်ထားပေမယ့် S-Pen တော့ မပါရှိပါဘူး။ အနောက်ဖက် မှာ 8 Megapixel Camera တပ်ဆင်ထားပြီး Note Series က ကင်မရာ တွေနဲ့ ယှဉ်ရင်တော့ အားနည်းပါတယ်။ သူ့ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ Galaxy Grand နဲ့ နှိုင်းယှဉ် ရင် ပိုမိုကောင်းမွန်တဲ့ 800×480 WVGA Screen ကို အသုံးပြုထားပါတယ်။ Android 4.3 ကို လည်ပတ်မောင်းနှင်မှာဖြစ်ပြီး အဖြူ၊ အနက်၊ ပန်းရောင် သုံးမျိုး ရွေးချယ်နိုင်ပါတယ်။ LTE ကို အသုံးပြုလို့မရပေမယ့် SIM Card နှစ်ခု အသုံးပြုလို့ရပါတယ်။ အဲဒီအတွက် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်ပြီး သင့်တင့်တဲ့ ဈေးနှုန်း နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရောင်းချမယ့် ရက်နဲ့ ဈေးနှုန်း ကိုတော့ Samsung က ပြောကြားခြင်း မရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “Galaxy Note 2 အရွယ်အစားရှိတဲ့ Galaxy Grand 2 ကို Samsung က ထုတ်ဖော်ပြသ

  1. Tint lwin Oo says:

    ဈေးနုန်းလေးသိချင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *