Mobile, Review

Samsung Galaxy Note 3 Review

Samsung ရဲ့ စွမ်းဆောင်ရည်မြင့်ပြီး အရွယ်အစားကြီးမားတဲ့ Phablet ဖုန်း Galaxy Note 3 ဟာ သူရဲ့ အရင်မျိုးဆက်ဖြစ်တဲ့ Note 2 ထက်ပုံပန်းသွင်ပြင်ပိုင်းမှာ ပိုကြည့်ကောင်းလာသလို ကင်မရာ အရည်အသွေးလည်းမြင့်မားလာပါတယ်။ S Pen ရဲ့ Function အသစ်တွေလည်း ပါရှိလာပါတယ်။ Samsung Galaxy Note 3 ရဲ့ စွမ်းဆောင်ရည် အပြည့်အစုံ ကို ရေးပေးလိုက်ပါတယ်။

ဒီဇိုင်း

Note 3 ဟာ ၅.၇ လက်မ အရွယ် Full HD Screen ကို တပ်ဆင်ထားပြီး ၅.၅ လက်မ အရွယ်ရှိတဲ့ Note 2 ထက် အနည်းငယ်ပိုကြီးပါတယ်။ စကရင်က တောက်ပပြီး အရောင်အသွေးစုံလင်စွာခံစားရမှာပါ။ ထိတွေ့မျက်နှာပြင် ကလည်း တုန့်ပြန်မှုကောင်းမွန်ပြီး အသုံးပြုရအဆင်ပြေပါတယ်။ S Pen ပါရှိတာကလည်း စာရေးဖို့အတွက် နဲ့ ထိတွေ့မျက်နှာပြင်ကို အသုံးပြုဖို့အဆင်ပြေစေပါတယ်။

8.3mm အထူရှိပြီး 168g အလေးချိန် ရှိပါတယ်။ Note 3 ဟာ လက်တစ်ဖက်ထဲ နဲ့ကိုင်တွယ်အသုံးပြုလို့ အဆင်ပြေတာကိုလည်း တွေ့ရပါတယ်။ အနောက်ဖက်မှာ 13 Megapixel Camera တပ်ဆင်ထားပြီး LED Flash ပါရှိပါတယ်။ အနောက်ဖက်မျက်နှာပြင်ကို သားရေနဲ့ ဖုံးအုပ်ထားပါတယ်။ S Pen ကို ဖုန်းရဲ့ အောက်ခြေမှာ ထည့်သွင်းထားပါတယ်။

ကင်မရာ

Camera App က Galaxy S4 မှာပါတာနဲ့အတူတူပဲဖြစ်ပါတယ်။ Best Face, Sport, Drama စတဲ့ Shots တွေအသုံးပြုနိုင်ပါတယ်။ Golf Mode ပါရှိပြီး Golf ရိုက်ချက်တွေကို မှတ်တမ်းတင်လေ့လာနိုင်ပါတယ်။ 3840×2160 အရည်အသွေးရှိတဲ့ Full HD Video တွေကို ရိုက်ကူးနိုင်ပါတယ်။ Slow-Motion ရိုက်ချက်တွေလည်း ရိုက်ကူးနိုင်ပါတယ်။

Nokia Lumia 1020 ဖုန်းလို ကင်မရာ ကို အထူးပြုလုပ်ထားတဲ့ ဖုန်းနဲ့ ယှဉ်ရင်တော့ Note 3 ကင်မရာ ဟာ အနည်းငယ် နိမ့်ကျနေပါတယ်။ဒါပေမယ့် အရည်အသွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။

S Pen

Samsung Galaxy Note အမျိုးအစားတွေအကြောင်းပြောမယ်ဆိုရင် S Pen မပါရင် မပြီးပါဘူး။ Note 3 မှာ အရင် Note အမျိုးအစားဖုန်းတွေထက် ပိုကောင်းတဲ့ S Pen Feature တွေပါရှိလာပါတယ်။ S Pen ကို ဖုန်းကနေဆွဲထုတ်လိုက်ရင် Air Command Wheel က စကရင် မှာ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ Home Screen ဒါမှမဟုတ် တစ်ခြား App တွေရဲ့အပေါ်မှာ Air Command Wheel ကို အသုံးပြုနိုင်ပါတယ်။ S Pen ကို စကရင်ပေါ်နားကပ်လိုက်ပြီး ပေါ်လာတဲ့ ခလုတ်ကို တို့ထိခြင်းအားဖြင့်လည်း Air Command Wheel ကို အသုံးပြုနိုင်ပါတယ်။ Air Command Wheel မှာ S Pen ရဲ့ Feature တွေကို အသုံးပြုနိုင်ပါတယ်။ S Pen ရဲ့ အဓိက အသုံးပြုမှု က မှတ်စုတွေရေးဖို့ဖြစ်ပြီး တစ်ခြား အသုံး၀င်တဲ့ Function တွေလည်းပါရှိပါတယ်။

Maps, Browser, URL , Email တွေကို မှတ်စုကနေဖွင့်နိုင်ပါတယ်။ Scrapbook App က Web Page, Image, Text , YouTube Video တွေက အစိတ်အပိုင်းတစ်ခုကို S Pen နဲ့ သတ်မှတ်ပြီး သိမ်းဆည်းဖို့ပြုလုပ်ပေးနိုင်ပါတယ်။ သိမ်းထားတဲ့ Scrapbook မှတ်စုတွေကို Tag တွေနဲ့ သိမ်းနိုင်ပြီး ကိုယ်ပိုင်လက်ရေး နဲ့လည်း မှတ်သားသိမ်းဆည်းနိုင်ပါတယ်။

S Finder က Note 3 မှာ ဖိုင်တွေကို ရှာဖွေပေးနိုင်ပါတယ်။ Name, Date , Tag စသဖြင့် လည်း ရှာဖွေနိုင်ပါတယ်။ ကိုယ်တိုင်ရေးသားထားတဲ့ လက်ရေးနဲ့ မှတ်စုတွေကို ရှာပေးနိုင်တဲ့အပြင် ကြယ်ပုံလို Symbol တွေကိုလည်းရှာနိုင်ပါတယ်။

Multitasking

စကရင်ကြီးမားတဲ့အတွက် ရုပ်ရှင်တွေ၊ ဂိမ်းတွေ အသုံးပြုလို့အဆင်ပြေစေပါတယ်။ Note 3 ရဲ့ Multi Window Mode က App တွေကို တစ်ပြိုင်နက်ထဲ အသုံးပြုလို့ရစေတာဖြစ်ပါတယ်။ Apps တော်တော်များများ ကို Multi Window အသုံးပြုနိုင်ပြီး Apps နှစ်ခုကြားမှာ Content တွေကို Drag and Drop ပြုလုပ်နိုင်ပါသေးတယ်။ Copy and Paste လုပ်ရတဲ့ အလုပ်တွေ၊ Apps တွေပြောင်းလဲအသုံးပြုရတာတွေ စတဲ့အလုပ်တွေကို အလွယ်တကူပြုလုပ်နိုင်ပါတယ်။ Browser နှစ်ခုကို တစ်ပြိုင်နက်ဖွင့်ပြီး ၀က်ဆိုက်နှစ်ခုက သတင်းအချက်အလက်တွေကို နှိုင်းယှဉ်လို့ရသလို၊ Messenger နှစ်ခုကိုလည်း တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ တစ်ပြိုင်ထဲအသုံးပြုချင်တဲ့ Apps တွေကိုလည်း သတ်မှတ်သိမ်းထားနိုင်တဲ့အတွက် နောင်တစ်ချိန် ပြန်အသုံးပြုရင် မြန်ဆန်လွယ်ကူစေပါတယ်။ အဓိက အသုံးပြုနေတဲ့ App ပေါ်မှာလည်း တစ်ခြား App တွေကို Floating အနေနဲ့အသုံးပြုနိုင်ပါတယ်။

အဲဒီလို Quick Access App တွေကို အသုံးပြုဖို့ S Pen ကိုထုတ်ပြီး Air Command ကနေ အသုံးပြုနိုင်ပါတယ်။ Quick Access App တွေထဲမှာ Dialler, Calculator, YouTube App စသဖြင့်ပါရှိပါတယ်။ App တွေကိုဖွင့်ဖို့နေရာကိုလည်း S Pen ကနေ သတ်မှတ်နိုင်ပါတယ်။ ၀က်ဆိုက်တစ်ခုကိုကြည့်နေရင်းက ဂဏန်းတွက်ချက်ချင်ရင် Calculator ကို ဖွင့်ပြီး အလွယ်တကူ တွက်ချက်နိုင်ပါတယ်။ App တွေကို Minimize လည်းပြုလုပ်နိုင်ပါတယ်။

စွမ်းဆောင်ရည်

Note 3 မှာ 2.3GHz Quad-Core Snapdragon 800 Processor တပ်ဆင်ထားပြီး 3GB RAM , 32GB Storage ပါရှိပါတယ်။ MicroSD Card Slot ပါရှိပြီး 64GB အထိထည့်သွင်းအသုံးပြုနိုင်ပါတယ်။ စမ်းသပ်ချက်တွေအရ iPhone 5S နဲ့ Galaxy S4 တို့ထက်လျှင်မြန်တာကိုတွေ့ရပါတယ်။ Note 3 ဟာ အလွန်လျှင်မြန်တဲ့ဖုန်းဖြစ်ပြီး Apps, Web Pages တွေကို လျှင်မြန်စွာအသုံးပြုနိုင်ပါတယ်။

Download Speed က 40-50 Mbps အထိလျှင်မြန်ပြီး Upload Speed က 25-30 Mbps အထိအသုံးပြုနိုင်ပါတယ်။ Call Quality ကလည်း အလွန်ကြည်လင်ပြတ်သားပါတယ်။ စပီကာ ကလည်း အသံကျယ်ပြီး ကြည်လင်ပြတ်သားစွာကြားရပါတယ်။

3200mAh Battery တပ်ဆင်ထားပြီး WiFi, Bluetooth, GPS အားလုံးကိုဖွင့်ပြီး အသုံးပြုတာတောင် ၁၂ နာရီကြာ အသုံးခံတာတွေ့ရပါတယ်။

အနှစ်ချုပ်

Samsung Galaxy Note 3 ဟာ အရွယ်အစားကြီးမားပြီး Multitasking အသုံးပြုလို့ရတဲ့ ကောင်းမွန်တဲ့ Feature ပါရှိပါတယ်။ S Pen ကလည်း အသုံး၀င်လှပါတယ်။ အရွယ်အစားကြီးမားပြီး စွမ်းဆောင်ရည်မြင့်တဲ့ ဖုန်းလိုချင်သူတွေအတွက်တော့ Note 3 က အကောင်းဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။ အရွယ်အစားကြီးပြီး စွမ်းဆောင်ရည်မြင့်တဲ့ Phablet ဖုန်းတွေဖြစ်တဲ့ Note 3 , HTC One Max, Xperia Z Ultra တို့ကို နှိုင်းယှဉ်သုံးသပ်ထားတဲ့ ဆောင်းပါးကိုလည်း ဒီလင့် မှာဖတ်ရှုနိုင်ပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *