Laptops, Review

Nvidiaရဲ့ HP ENVY Series အသစ်

Nvidia ရဲ့ Graphic ( 2 GB ) ပါဝင်သော HP ENVY Series အသစ်

Royal Smart Tradingမှ ပေးပို့လာသော Product Reviewကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

HP Productများကို မြန်မာပြည်၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ဖြန့်ချီခွင့် ရရှိထားသော Royal Smart Trading Co., Ltd.မှ Graphic (2GB)နှင့် စွမ်းဆောင်ရည်မြင့် Notebookကို မျှော်လင့်တောင့်တနေသူများအတွက် နာမည်ကျော်ကြားသော Series ဖြစ်သည့် HP Envy TS 15 j122TXကို စတင် ဖြန့်ချီလိုက်ပါပြီ။ HP၏ Envy Series များသည် အသံပိုင်းဆိုင်ရာတွင် ထူးခြားကောင်းမွန်မှုကြောင့် လူကြိုက်များသည့် Beat Audioကို Speaker (၄)လုံအပြင် Sufwoofer (၂)လုံး ပါဝင်သည့်အတွက် အရမ်းကို ပြီးပြည့်စုံတဲ့ အသံထွက်ကို ခံစားရရှိနိုင်ပါသည်။

Envy TS 15 J22TXကို သန့်ရှင်းသပ်ရပ်လှပပြီး အဆင့်အတန်းရှိမှုကို ပြသပေးနိုင်တဲ့ Aluminiumသားဖြင့် တည်ဆောက်ထားပြီး HDMI, USB 3.0တို့အပြင် Bluetooth 4.0ကို တပါတည်း တပ်ဆင်ထားရှိပေးပါတယ်။ Screen ဆိုဒ်ကြီးကြီးကို နှစ်သက်သူများအတွက် (15.6”) ထိတွေ့အသုံးပြုနိုင်မဲ့ Touch Screen အမျိုးအစားဖြစ်ပြီး Full HDကို ကောင်းမွန်ပြည့်ဝစွာ ခံစားနိုင်မှာ ဖြစ်ပါသည်။ High Performanceကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မည့် Intel 4Gen
Core i7 4700MQကို ဆင်ယင်ထားပြီး 8GB Memoryက ပို၍ မြန်ဆန်စေနိုင်ပါသည်။ အချက်အလက် မြောက်မြားစွာ သိမ်းဆည်းနိုင်မည့် 1000GB, ပိုမိုပြီးပြည့်စုံတဲ့ အချက်တစ်ခုကတော့ မျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ပြီး Featureတွေ စုံလင်လှတဲ့ Window 8.1 (64bits) OS (Genuine) ပါဝင်မှုပါ ဖြစ်ပါသည်။

ကျော်ကြားလှတဲ့ Nvidia Geforce GT 740M ( 2 GB ) Graphicကတော့ သင့်ရဲ့ အလိုအပ်ဆုံး ဖြစ်ပါလိမ့်မည်။ သင့်ရဲ့  ဒီဇိုင်းလုပ်ငန်းဖန်တီးမှုများ၊ နေ့စဉ် တီထွင်မှုများနဲ့ အံ့ဖွယ် Gameများကို များစွာအထောက်အကူပြုနိုင်မည့် ဒီ HP Envy Notebookတွင် လေပူတွေကို ထုတ်လွှတ်ပေးနိုင်မည့် HP၏ Cool Sense Technology, Dataတွေကို လုံခြုံစိတ်ချရတဲ့ ရုတ်တရက် Hard diskရဲ့ တုန်ခါမှုကို ကာကွယ်ပေးမည့် Hpရဲ့ Protect Smart နည်းပညာ စသည်တို့ စုံလင်စွာ ပါဝင်ပါသည်။ အံ့မခန်းနည်းပညာ၊ အံ့မခန်းဒီဇိုင်းအပြင်၊ ဈေးနှုန်းကလည်း USD 1175မှာ အံ့မခန်းဖြစ်ပါသည်။ အာမခံတစ်နှစ် (One Year Global Warranty)ဖြင့် Royal Smartမှ တင်သွင်းဖြန့်ချီပြီး ဈေးကွက်အတွင်းရှိ ကွန်ပျူတာ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပါသည်။

Price – 1175 USD

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *